Wednesday 31 March 2010

"ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုကို ဆက်လက် ဆောင်ရွက်သွားမည်" (ဒေါ်အောင်ဆန်းစုကြည်)




       'ဒေါ်အောင်ဆန်းစုကြည်  ရဲ့  စကား ကြီး - ၆ ခွန်း  ''


၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။

(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)


5 comments :

Anonymous said...

ကခ

Anonymous said...

ဒါ ဦးအောင်ရွှေ နဲ့  ပြည်တွင်း ၊ ပြည်ပ မှာရောက်နေတဲ့
သူလူတွေ အချောင်သမားတွေကို သတိပေးလိုက်
ခြင်းဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တွေ ကိုယ်ကိုကိုယ်မေးရမှာ က သင်တို့ ဟာ ဦးအောင်ရွှေလူုလား ဒေါ်စုလူလား ဆိုတာကို ပြောဖို့  အချိန်တန်နေပြီဆိုတာပဲ။

Anonymous said...

သွေးမခွဲနဲ့ကွ ဖြူစင်တဲ့ထမင်းရှာစားပါ

ထင်အောင်ကျော်

Anonymous said...

ဒီ blogsနေ့စဉ်ဖတ်နေကျပါ အရင်ဦးအောင်ရွှေ အကြောင်းတင်ထားတဲ့ ဘယ်ဘက်ကနေရာမှာ ကြော်ငြာ(၂)ခုတင်ထားပါတယ်...ဒီဆိုဒ်သည်လေးနက်သောနိုင်ငံရေးဆိုဒ် ဖြစ်တဲ့အတွက် ယ္ခင်အတိုင်း ပြန်လည်တင်ပေးစေချင်ပါသည်။ဒီထက်ပိုရှိသောအခြားသူတို့ အကြောင်းများကိုလည်း ပုံနှင့်တကွတင်ပေးပါ..........................နေ့ စဉ်ဝင်ဖတ်နေသူ

Anonymous said...

ကျွန်တော် ဦးအောင်ရွှေရဲ့လူ မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့လူလည်းမဟုတ်ပါ၊

ဒီကမ္ဘာပေါ်မှာ မတူညီနှိုင်တဲ့လူတွေ တယောက်ကိုတယောက် အပြန်အလှန် လေးလေးစားစားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ နေနိုင်ဖို့ ဒီမိုကရေစီစနစ်သာ အကောင်းဆုံးလို့ ယုံကြည်ထားပါတယ်၊ ဒါကြောင့် NLD ကို အပြည့်အဝ ထောက်ခံနေပါတယ်။

ဦးဝင်းတင်ကတော့ ဒီအချိန်မှာ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေ တိုင်ပြည်အတွက်
(ထိရောက်တာ)ကို လုပ်ကြဖို့ နှိုးဆော်လိုက်ပါတယ်၊

ကျွန်တော်က (ထိခိုက်တာ) တွေမလုပ်ကြပါနဲ့လို့ ထပ်ဖြည့်ချင်ပါတယ်။

အခြေအနေနဲ့ အချိန်အခါကို နားလည်ဖို့ လိုပါတယ်။