ကျနော်တို့ ရဲ့ သဘောထား
၁- ဒီနေ့ ဒီကာလဟာ လူတဦးခြင်းနဲ့  ပါတီဝင်တဦးခြင်း၊ ပါတီတခုခြင်းဟာ နှလုံးသားထဲက အမှန်တရားကို သာ ပြောရတော့မဲ့ အချိန်ဖြစ်တယ်။ မတ်လ ၂၉ ရက်နေ့ ဟာသမိုင်းဝင် စကားကို ပြောရမဲ့အချိန်ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ လူထု ကို နှလုံးသားထဲက စကား တခွန်းကို ပြောရ
တော့မဲ့ အချိန်ဖြစ်ပါတယ်။ သံခင်းတမန်ခင်းနဲ့  တိုက်ပွဲ ရှောင် စကားတွေကို လူထုက နားခါးနေပြီ။ ဒီနေ့ ပြောရမဲ့စကား က နစ်လုံးထဲ -- Yes or No. ။
၂- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၁၉၈၉ ခုနစ်ကတည်းက ပါတီမှတ်ပုံတင်ပြီးသား။ တရားဝင်ပါတီဖြစ်နေပြီးသား လေးနစ်တခါမှတ်ပုံတင်နေစရာမလို ။ ဘယ်နိင်ငံမှာ မှ ဒီလိုအစဉ်အလာမရှိ။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ တရားဝင်ပါတီဖြစ်နေပြီးသား။
၃- အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဟာ မြေအောက်သွားစရာမလို ။ သွားရမှာက သန်းရွှေ နဲ့ နောက်လိုက်တွေသာဖြစ်တယ်။ ဒါကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဌာနချုပ်နဲ့ ရုံးတွေဟာ တရားဝင် ရုံးတွေဖြစ်တယ်။ မြေအောက်သွားစရာမလို ဘူး။ မြေပေါ်မှာ ဗြောင်ဆက်နေရမယ်။
၎- ပါတီရုံးတွေ လာပိတ်ရင်၊ ဆိုင်းပုဒ်တွေကိုလာဖြုတ်ချရင် အဲ့ ဒီနေ့ ဟာ မြန်မာ ပြည်မှာ မီးဟုန်းဟုန်းတောက်တဲ့နေဖြစ်စေရမယ်။ အဲ့ဒီနေ့ ဟာ စစ်အာဏာရှင်စနစ်ရဲ့ နိဂုံး ဖြစ်စေရမယ်။
အထွေထွေသပိတ်ကြီး ကို အဲ့ဒီနေ့ က စတင်ရမယ်။
၅- သံဃာတော် များ ၊ ကျောင်းသားများ၊ အလုပ်သမားများ၊ ပြည်သူများ ဒီချုပ်နဲ့ အတူ လက်တွဲ တိုက်ပွဲဝင်ဖို့ မေတ္တာရပ်ခံတယ်။
မိုးသီးဇွန်
မြန်မာ ပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်
3 comments :
pls don`t shout from US. come myanmar and lead your plan
dont say like that, if he are at country,he also in jail for many years like ko min ko naing and others ..so who will try for releasing prisoners of demonstrators and our democracy movement. u know why NLD fail still now coz many of their brave members r in jail for many years..ok u get it
so that we need many people s help from outside country.. also
အောက်ကကောင်ပြောတာကို လက်မခံနိုင်ဘူး။ ထောင်ကြောက်လို့မှ အပြင်ကနေ အသံပေးနေပြီး မသိရင် သူကပဲ ထောင်ကျနေတဲ့လူတွေ လွတ်အောင် လုပ်ပေးနေသလိုလိုနဲ့ “so who will try for releasing prisoners of demonstrators and our democracy movement” ဆိုပြီးရေးထားသေးတယ်။ ရေးထားသလို NLD က သူရသတ္တိနဲ့ ပြည့်စုံတဲ့ သူရဲကောင်းတွေ ထောင်ကျနေရင်၊ ကိုမင်းကိုနိုင်လိုလူတွေ ထောင်ကျနေရင် ဒက်စမွန်တူးတူးနဲ့ ဓါတ်ပုံတွဲရိုက်နိုင်တဲ့၊ သေနတ်ကြီးကိုင်ဖူးတဲ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစားပွဲတည်း ထိုင်ဖူးတဲ့ ပြည်ပက ဆရာကြီးတွေ ပြည်တွင်းပြန်လာပြီး နည်းနည်းလောက် ဦးဆောင်လှည့်ပါလို့။ ဦးဆောင်မယ့် ဆရာကြီးလိုနေလို့ပါလို့။ နံပတ် ၄ အချက်လို မီးဟုန်းဟုန်းတောက်အောင်၊ အာဏာရှင်စနစ်ကြီး နိဂုံးချုပ်အောင်၊ အထွေထွေသပိတ်ကြီးစရအောင်လေ။ ဘယ်လိုလဲ။ ဆန္ဒပြတာ အဖမ်းမခံရတဲ့ အမေရိကန်မှာ မှန်ပိတ်ထားတဲ့ကားကို ဖိနပ်နဲ့ပေါက်ရဲတာလောက်နဲ့တော့ လာမလုပ်နဲ့။ ကလေးမုန့်ကျွေးပြီး ပေါက်ပေးဆိုရင်တော့ ဖြစ်တယ်။ အဲဒါတွေလုပ်နေမယ့်အစား ကုန်ဈေးနှုန်းအတွက် ဆန္ဒပြရဲတဲ့ ကိုထင်ကျော့်ပုံကို ရုပ်ထုလုပ် ကိုးကွယ်ကြည့်ပါလား။ သူ့လို သတ္တိရှိလာအောင်။ မြန်မာပြည်သူတွေက ပြည်ပက လေအိုးတွေကို ရှိတယ်လို့ကို မထင်တော့ပါဘူး။ (မ-ပ)
Post a Comment