(ဦးခိုင်အောင်ကျော် ပေးပို့သည်)
အမေရိကန်နိုင်ငံ အခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ပန်အမေရိကကြေညာချက်ကို ဧပြီလ ၄ ရက်နေ့က နယူးမြို့ မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစည်းအဝေးကို ရခိုင်လူမျိုးများနဲ့အတူ ၈၈ ကျောင်းသားမျိုးဆက်တွေ၊နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (USA) နဲ့ ဒီမိုကရေစီတက်ကြွသူများက တက်ရောက်ခဲ့ကြပါတယ်။ အခန်းအနားမှာ နယာကကြီးတသီးဖြစ်သူ ဒေါက်တာအေးကျော်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ပန်အမေရိက ကြေညာချက်အကြောင်းကို ပြောဆိုဟောပြောသွားပါတယ်။ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်( USA ) ဥက္ကဌ ဦးမြင့်မောင်ဌေးက ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဟာ ပြည်သူလူထုကို အကျိုးပြုတာမဟုတ်ဘဲ နအဖစစ်အစိုးရကိုသာ ကိုယ်ကျိုးပြုတာဖြစ်တဲ့ ဥပဒေဖြစ်တယ်၊နောက်ဆက်တွဲအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ပြီး ဒီဥပဒေနဲ့ သူတို့ရဲ့သက်ဆိုးရှည် စေဖို့ ပြုလုပ်လာတာဖြစ်တဲ့အတွက် သပိတ်မှောက်ကြောင်း ပြောဆိုသွားပါတယ်။ ဖမ်းဆီးခံနေရတဲ့ ရခိုင်ကျောင်းသားလူငယ် ၁၁ ဦးနဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ကျော်ကိုလဲ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုသွားပါတယ်။ အဲဒီတောင်းဆိုချက်ကြေညာချက်စာတမ်းကို Pan America Declaration ( ပန်အမေရိကကြေညာချက်) ဆိုပြီးကြေညာသွားတာဖြစ်ပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွပ်မြောက်နယ်မြေ ( အမေရိကန်အခြေစိုက်) မှ ဦးနေတင်မြင့်က စစ်အစိုးရကို ဖြုတ်ချနိုင်ဖို့အတွက် နည်းလမ်းပေါင်းမျိုးစုံနဲ့ တော်လှန်ရေးဆင်နွဲသွားရမည်ဖြစ်ကြောင်း နဲ့ ဦးရဲထွဋ်။ဦးဇေါ်ဝင်းတို့ကလဲ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း အတည်ပြုထောက်ခံ ဆွေးနွေးသွားကြပါတယ်။ အမေရိကနိုင်ငံအခြေစိုက် ရခိုင်ဖေါင်းဒေးရှင်းမှ နာယက ဖြစ်သူ ဦးခိုင်အောင်ကျော်မှ ဧပြီလ ၄ ရက်နေ့ဟာ ရခိုင်ြ့ပည်တနံတလျားမှာ ၂၀၁၀ ရွေးကောက်ပွဲကို တအိမ်တက်ဆင်း လိုက်လံပြီး သပိတ်မှောက် ကြဖို့ ပြောဆိုကြတဲ့ ဘွိုင်ကော့ဆိုတဲ့ သပိတ်မှောက်တဲ့ နေ့ဖြစ်ပါတယ်။ ဒီနေ့မှာ ကျောင်းသူကျောင်းသားတွေကလဲ မဲမပေးရေး သပိတ်မှောက်ကြောင်းကို ကျောင်းသားကျောင်းသူအချင်းချင်း စည်းရုံးပြောဆိုကြသလို အလုပ်သမားဝန်ထမ်းတွေကလဲ လုပ်ငန်းခွင်မှာ စည်းရုံးပြောဆိုကြပါတယ်။ ဆရာတော်သင်္ဃာတော် မြတ်တွေကလဲ တကာ တကာမ တွေကို မဲမပေးရေး ပြောဆိုသွန်သင် ဟောပြောကြပါတယ်။ ကျောင်းသားကျောင်းသူများအနေနဲ့ မဲမပေးလို့ ကျောင်းကအထုတ်မခံရသလို အလုပ်သမားတွေကလဲ အလုပ်တာဝန်အသီးသီးမှ ထုတ်ပါယ်ရပ်စဲခြင်း မခံရဆိုတာကို နားလည် သဘောပေါက်ကြပါတယ်။ ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲမှာ မဆလ အစိုးရရဲ့ တစည ပါတီဟာ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေး တရားဟောဖို့နေရာမှာတောင် လူထုတွေက သက်ဆိုင်ရာနယ်ပါယ်အသီးသီးမှာ ဖျာတောင်ခင်းမပေးခဲ့လို့ ရွေးကောက်ပွဲမှာ ရုံးနိမ့်သွားပါတယ်။ အခုလာမဲ့ ရွေးကောက်ပွဲမှာေ၇ွးကောက်ပွဲ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်ရအောင် ရေးဆွဲထားတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံမတင် သလို ရွေးကောက်ပွဲကိုလဲ မ၀င်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒါဟာ သပိတ်မှောက်တာပါဘဲ။ ဒါကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကလဲ သပိတ်မှောက်ကြောင်း ကြေညာသလို ရခိုင်ြ့ပည်အတွင်းမှ ရခိုင်လူမျိုးများအနေနဲ့လဲ သပိတ်မှောက်ရလိမ့်မယ်။ မှောက်လဲမှောက်နေကြပါပြီ ။အဲဒီလိုဘဲ အခြားတိုင်းနဲ့ပြည်နယ်မှာလဲ သပိတ်မှောက်ကြောင်း ကြေညာရပါလိမ့်မယ်။ တချိန်တည်းမှာဘဲ အမေရိကန်အခြေစိုက် ဒီမိုကရေစီအင်အားစုများအနေနဲ့ စုပြီးတော့ တသံတည်းထွက်အောင် လုပ်ကြရမဲ့အချိန်ဖြစ်ပါတယ်။အထုးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးရေးအတွက် အကောင်းဆုံးနည်းလမ်းဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက စင်ပြိုင်အစိုးရဖွဲ့စည်းရေးသာဖြစ်ကြောင်း ဒါမှမဟုတ် ပြည်သူ့လွှတ်တော်ကိုယိစားလှယ်များနဲ့ ထင်းရှားတဲ့ နို်င်ငံရေးသမားများပါဝင်တဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေးဖြစ်ကြောင်းနဲ့ ဒီလိုဖွဲ့စည်းရေးအတွက် အမေရိကန်အစိုးရက ဘယ်လိုထောက်ခံချက်မျိုး ပေးနိုင်မှာလဲ ဆိုတာကို တွေ့ဆုံဆွေးနွေးဖို့ အချိန်ကျရောက်နေပြီဖြစ်နေပြီမို့ အဖွဲ့အစည်းပေါင်းစုံမှ ဒီမိုကရေစီတက်ကြွသူများ ညီညီညွတ်ညွတ်စုပေါင်းဆွေးနွေး လုပ်ကိုင် သွားကြပါရန် တိုက်တွန်းကြောင်း ပြောဆိုဆွေးနွေးသွားပါတယ်။ ဒီသတင်းနဲ့ ပါတ်သက်တဲ့ နောက်ဆက်တွဲသတင်းများအရ ဗမာပြည်ရောက် ရခိုင်လူမျိုးများ၊ နိုင်ငံခြားရောက် ရခိုင်လူမျိုးများ၊ြ့ပည်တွင်းရှိရခိုင်လူမျိုးများက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကြေညာချက်အပေါ် အထူးအားရကြကြောင်းနဲ့ မဲမပေးရေး သပိတ်မှောက် အကြောင်းကို တအိမ်တက်ဆင်း စည်းရုံးပြောဆိုနေကြရာမှာ ရန်ကုန်၊သံတွဲ၊ဂွ၊ တောင်ကုတ်၊မြေပုံ၊ရမ်းဗြဲ၊ ကျောက်ဖြူ။ မင်းပြား၊ ပေါက်တော။ စစ်တွေ၊ ရသေ့တောင်မြို့ နယ်များတွင် စည်းရုံးပြောဆိုနေကြပြီဖြစ်ကြောင်း မကြာခင် ၁၇ မြို့ နယ်စလုံးတွင် ဘွိုင်ကော့ ဆိုတဲ့ သပိတ်မှောက် ၂၀၁၀ ကို ဖြန့်ကြက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်တွင်းက ပေးပို့သောမြို့ နယ်ပေါင်းစုံမှ သတင်းများကို တင်ပြလိုက်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့နေ့ အဖြစ် အမေရိကန်ရောက် ရခိုင်လူမျိုးများက ပန်အမေရိကကြေညာချက်ကို ထုတ်ပြန်လိုက်ပြီ
Pan American Declaration
Monday, 5 April 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment