အကွဲအပြဲ
ဖ.ဆ.ပ.လအကွဲ....တိုင်းပြည်လဲ
ပြည်ပအကွဲ......ယုံကြည်မှုနည်း
အန်အယ်လ်ဒီအကွဲ....ပြည်သူဆဲ
အတိုက်ခံအားလုံးကွဲ......စစ်ကျွန်ပဲ
(မောင်လူဆန်း)
၂၀၁၀ကြီးကရောက်လာပြီဆိုတော့ နိုင်ငံရေး လောကမှာ အသံတချို တိုးတိုးတိတ်တိတ်တမျိုး၊ ကျယ်ကျယ်လောင်လောင် တဖုံနဲ့ ထွက်လာပြီလေ၊ ၁၀ မတိုင်ခင်ကလည်း space အကြောင်းပြောသူကပြော နိုင်ငံတကာကလည်း ရွေးကောက်ပွဲတရားမျှတဖို့ ပြောနေပြန်ေ၇ာ အတိုက်အခံတွေထဲမှာကြတော့လည်း၊ တချို့က၉၀ပြည့်ရလာဒ်နဲ့ လွှတ်တော်အကြောင်းပြောဆိုဆွေးနွေးနေစဉ် မှာပဲ တချို့ကတော့ ရွှေဂုံတိုင်ကျေညာစာတမ်းအကြောင်း တွင်တွင်ကြီးပြောနေတယ်။ တကယ်တမ်းကျတော့ တစ်ခုနဲ့တစ်ခုက အတူတူပါပဲ၊ ဒီနှစ်ခုကိုနားလည်မှု့မလွဲသင့်ဘူး။ ရွှေဂုံတိုင်က ၂၀၀၈အခြေခံဥပဒေကိုပြင်ဖို့ အဓိကတောင်းဆိုချက်တွေ ထဲက တစ်ခုအနေနဲ့ပြောထားတယ။် ဒါဟာ၉၀ ပြည့်ကိုတနည်းနည်းနဲ့ အကောင်အထည်ဖော်ဖို့ကောင်းဆုံးနည်းလမ်းပါပဲ၊ ဒီနှစ်ခုကို ကွဲလွဲတယ်လို့မယူဆသင့်ဘူး။
ပြီးတော့အခြားအရေးကြီးတဲ့ အချက်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးရေး စတဲ့အချက်တွေဟာလည်း အတိုက်ခံတွေအနေနဲ့ အစိုးရကို ဖြုတ်ချနိုင်အောင် ကြိုးစားနေတာမဟုတ်ဘူး။ တိုင်းရင်းသားခေါင်းဆောင်များအပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကိုလွှတ်ပေးခြင်းဖြင့် အစိုးရနဲ့ ဒီမိုကရေစီဘက်တော်သားတွေ တဦးနဲ့တဦး အချင်းချင်း ယုံကြည့်မှုတည်ဆောက်နိုင်မှာဖြစ်ပြီးအထွေထွေသဟဇာတဖြစ်ရေးဆီ ကိုဦးတည်စေလိမ့်မယ်လို့ မမှိတ်မသုန်ယုံကြည်ရမှာပါ။
ဒါပေမဲ့နိုင်ငံတကာကပြောဆိုနေတဲ့“a free and fair election”တစ်ခုဖြစ်ဖို့ တိုက်တွန်းနေတာ ကတော့အဆင့်ကို ကျော်ပြီးလုပ်နေတာပါ။ တကယ်ဆိုပြည်တွင်းမှာရှိတဲ့ အတိုက်အခံအားလုံးရဲ့ သဘောထားတွေကိုကျောခိုင်း၊ အဓိကခေါင်းဆောင်တွေကိုလည်းဖမ်းစီး တနိုင်ငံလုံးမှာရှိအန်အယ်လ်ဒီရုံးခွဲတွေပိတ်ထား၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကျောင်းသားခေါင်းဆောင်တွေလည်ဲး အကျဉ်းကျ၊ဒီလိုအခြေ အနေမျိုးမှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာ ရှိနိုင်ပါ့မလား။ ၂၀၀၈အခြေခံဥပဒေဆိုရင်လည်း၊ ဒေါ်အောင်ဆန်းစုကြည ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီကိုတမင်မပါဝင်ဖြစ်အောင် ကန့်သတ်ချက်တွေလုပ်ထားခဲ့ပါတယ်။ လုံလောက်တဲ့ကိုယ်စားပြုမှုကိုလဲမပေးခဲ့ပါဘူး။
တိုင်းရင်းသားတွေရဲ့ဆန္ဒကိုလည်ုးလစ်လျူ၇ှု့ထားပါတယ်။ န-အ-ဖ မဟာမိတ်အဖြစ် နာမည်ကျော် ခဲ့တဲ့ ငြိမ်းအဖွဲ့ တွေရဲ့ တင်ပြချက်တွေတောင်လစ်လျှူရှူ့ ခံထားရပါတယ်။ရင်နာ စရာအကောင်းဆုံးကတော့ ဒီအခြေခံဥပဒေဟာ လူသိန်းကျော် သေဆုံးခဲ့ရတဲ့နာဂစ်ဒါဏ်ခံပြည်သူတွေကို မေ့ထားပြီးအတင်းအဓမ္မနည်း နဲ့ အတည်ပြုထားတာတာပါ။ စတဲ့အချက်တွေ ကို နိုင်ငံတကာမိသားစုအနေနဲ့ သတိပြုသင့်ပါတယ်။ တချိန်တည်းမှာပဲ ပြည်တွင်းမှာ space အကြောင်းတွင်တွင်ကျယ်ကျယ်ပြော နေကြသူ တွေပေါ်ထွက် လာပါတယ်။ ဒါတွေကိုဘယ်သူတွေပြောနေလဲစဉ်းစားဖို့လိုလာပါပြီ။
အဲ့ဒီစပေ့ကိုတွင်တွင်ကြီးပြောနေကြသူတွေအနေနဲ့ နေရာကိုအဓိကထားမလား၊ တိုင်းပြည်အနာဂါတ်ကို အဓိကထားမလားဆိုတာ ပထမအဆင့်အနေနဲ့  သေချာ စဉ်းစားစေချင်ပါတယ်။ နောက်ဒီအခြေခံဥပဒေ ကနေ တဆင့်ဖြစ်ပေါ်လာမဲ့လွှတ်တော်က စပေ့စ်မျှော်တွေကို ဘယ်လောက်ပြည်သူ့ဘက်က ရပ်ခွင့်ပေး မှာလဲဆိုတာ ဒုတိယအချက်အနေနဲ့ စဉ်းစားဖို့လိုပါတယ်။ သေသေချာချာပြန်လည်သုံးသပ်ကြည့်ရင် ၂၀၀၈ခုနှစ်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ၂၀၁၀ရွေးကောက်ပွဲကို ထောက်ခံသူ၊ န-အ-ဖ အခပေး ရှေ့ နေများတောင် ၂၀၁၀ရွေးကောက်ပွဲ အကြိုကာလမှာ လှုပ်ရှားခွင့်မရကြပါဘူး။ ရွေးကောက်ပွဲပြီးရင်ရော စပေ့စ် မျှော်တွေ တောင့်တတဲ့ အခွင့်အရေးရဖို့  ၂၀၀၈ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ ဘယ်အချက်က မှ အာမခံ မပေးထားပါဘူး။ ၂၀၀၈အခြေခံဥပဒေကဖြစ်ပေါ်လာမဲ့ လွှတ်တော်မှာကစစ်သားက၂၅% ကြံ့ဖွံ့၊အမျိုးသမီးရေးရာတို့ မိခင်နဲ့ ခလေးအဖွဲ့တို့ တခြားစစ်အစိုးရ back-upလုပ်ထားတဲ့အဖွဲ့တွေက ၇၅%မရရအောင်လုပ်ကြံယူမှာကိုရော ထည့်သွင်းမစဉ်းစား သင့်ဘူးလား။ ရပ်ကွက်တိုင်းရပ်ကွက်တိုင်းမှာ စွမ်းအားရှင်အဖွဲ့တွေက ရွေးကောက်ပွဲမှာ အသက်အန္တရယ်အထိ အနှောက်အယှက် ပေးနိုင်တာရောမစဉ်းစားသင့်ဘူးလား။
spaceသမားတစ်ယောက်လို့ခေါ်နိုင်တဲ့သူတစ်ချို့အရိုက်ခံရတာရော ဘယ်လိုတုန့်ပြန်ကြမလဲ ပြီးတော့ အဓိကအတိုက်အခံ အန်အယ်လ်ဒီနဲ့ အခြားအတိုက်အခံတွေကိုနိုင်ငံရေးအရလွပ်လပ်စွာလုပ်ပိုင်ခွင့် တစ်ခုမျှမရသေးပ၊ဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အစိုးရခေါင်းဆောင်များနှင့်ဝန်ကြီးများ နည်းအမျိုးမျိုးနဲ့ စည်းရုံးနေတာလဲသတိချပ်ဖို့ လိုပါတယ်။ ဒီတော့အဖြေကရှင်းပါတယ် စစ်အစိုးရဟာ အတိုက်အခံ အားလုံးကိုသွေးခွဲ၊အချင်းချင်းအငြင်းပွားနေရအောင်လုပ်ထားပြီး၊ သူတို့ကတော့တဖြည်းဖြည်းချင်း စည်းရုံးရေးကိုအေးအေးဆေးဆေးလုပ်နေနိုင်အောင် တမင်ဖန်တီးထားတာပါ။ ဒီ့အပြင် အခုလည်း တွေ့ဆုံဆွေးနွေးရေး ပဲလုပ်တော့မလိုလို နိုင်ငံရေးအကျဉ်းသားတွေပဲလွှတ်တော့မလိုလိုနဲ့ လုပ်ကြံနေပြန်ပြီ…ဒါကြောင့် ဒီတိုက်ပွဲအောင်နိုင်ဖို့ဆို၇င် အတိုက်အခံအားလုံးကျောချင်းကပ်ထားရမယ်၊ ဖဲ့ထုပ်နေတဲ့နအဖ အကြံတွေကိုသိနေရမယ်၊ တွေ့ဆုံဆွေးနွေးရေးနှင့် ရွှေဂုံတိုင်စာတမ်းကို ပံ့ပိုးကြရမယ်။ အဲ့ဒီလိုတူညီတဲ့အသံရှိဖို့လိုအပ်နေပါပြီ။ ဒီလိုတူညီတဲ့အသံထွက်လာရင် နိုင်ငံတကာအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲအကြောင်းပြောမဲ့အစား အတိုက်အခံတွေရဲ့ တူညီတဲ့ဆန္ဒတွေကို စဉ်းစားလာမယ်လို့ ယုံကြည်မိပါတယ်။
(မောင်လူဆန်း)
The People Voice မှ ကူးယူဖော်ပြသည်။
No comments :
Post a Comment