Wednesday, 21 April 2010

" မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ အပြည်ပြည်ဆိုင်ရာ မြန်မာ့ဒီမိုကရက်တစ် ညီလာခံကျင်းပနေ"

(အဓိပတိကြီး)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှား မှ ကြီးမှူး၍ နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ အပြည်ပြည်ဆိုင်ရာ မြန်မာ့ဒီမိုကရက်တစ် ညီလာခံ တရပ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် ကျင်းပနေပါတယ်။






မနေ့က တင်ပဲ ဂျပန်နဲ့ မလေးရှား ခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ပါဝင်နိုင်ဖို့ ပူးတွဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်




ဂျပန်နဲ့ မလေးရှား ခေါင်းဆောင်တွေရဲ့ ပူးတွဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ရတက်မအေးဖြစ်နေကြရကြောင်း မြန်မာနိုင်ငံ အတွက်ပူပန်မှု ရှိကြောင်း နှစ်နိုင်ငံက ပြသရာရောက်ပါတယ်။ မလေးရှား ၀န်ကြီးချုပ်ရဲ့ ၃ ရက်ကြာ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အကြောင်းကို နှစ်နိုင်ငံ ဆက်ဆံရေးမှာ အလေးထားတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက် တဲ့အထူးကဏ္ဍမှာ ထည့်သွင်း ဆွေးနွေး တိုက်တွန်းခဲ့ကြတာ ဖြစ်ကြောင်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇတ် (Najib Razak) က သူ့ရဲ့ ပထမဆုံး ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကို သွားရောက်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ (Yukio Hatoyama) နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။ သူတို့နှစ်နိုင်ငံ အရေးကိစ္စတွေသာမက မြန်မာနိုင်ငံ အရေးကိစ္စ ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီး အခုလို ကြေညာချက်တစောင် ထုပ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။



မြန်မာနိုင်ငံမှာ ကျင်းပဖို့ ပြင်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် မြန်မာစစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတမှု မရှိတာမို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက မှတ်ပုံမတင်ဘူးလို့ တုံ့ပြန်ထား ကို တက်ရောက်လာသူအားလုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရပ်တည်ချက်ကို ထောက်ခံဆွေးနွေးကြပါတယ်။

ညီလာခံတွင် မြန်မာပြည်သူလူထုအပေါင်းမျှော်မှန်းထားသည့် ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ရေး နှင့် မြန်မာလူထု တရပ်လုံးအကျိုးစီးပွါးအတွက် အလေးအနက်ထား ဆွေးနွေးနေကြပါတယ်။

ညီလာခံ ဆုံးဖြတ်ချက်များကို ညီလာခံအပြီးမှာမှ အသေးစိတ်ထုပ်ပြန်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။




ညီလာခံ ပထမ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှား မှ တင်သွင်းသော "နိုင်ငံရေးအခြေအနေသစ်ကြောင့် ပေါ်ထွန်းလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ အခန်းကဏ္ဍ" အမည်ရှိစာတမ်း ကို တင်သွင်း ဆွေးနွေးကြပါတယ်။ အောက်မှာ ဖတ်ရှူ့နိုင်ပါတယ်။

NLD Struggle

2 comments :

victorOway said...

ဒီမိုကရေစီရရှိရေး အတွက်တိုက်ပွဲဝင်နေသည့် ဒီမိုကရေစီအင်အားစုများအတွင်း NLDနှင့်ပတ်သက်သည့် နိုင်ငံရေးရပ်တည်ချက်များအပေါ် အမျိုးမျိုးဝေဘန်နေသည့် ဆန်ဒဆွဲ သေဘန်မှုများအပေါ်တွင် သေချာစွာဖတ်ပြီး သမိုင်းကြောင်းအရ NLDကို အသိအမှတ်မပြု၍မရကြောင်း နှင့် စည်း(၂)ဘက်တွင် ရန်သူစစ်အုပ်နှင့် မိမိဒီမိုကရေစီအင်အားစု-ဒီစည်းနှစ်ခုတည်းမှာ မိမိတို့ က တဘက်ဘက်မှာရပ်တည်ရပေမည်။ ဒီမိုကရေစီအင်အားစုဘက်ကစည်းမှာရပ်တည်မည်ဆိုလျှင် မိမိတို့ ရဲ့ နိုင်ငံရေးတပ်ဦးမှာနိုင်ငံရေးအရဦးဆောင်မည့် နိုင်ငံရေးပါတီသည်NLDပါတီပဲဖြစ်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် NLDပါတီလို လူထုဘက်ကရပ်တည်သည့်နိုင်ငံရေးပါတီပြည်တွင်မှာမရှိသောကြောင့်ဖြစ်သည်။ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည့်ဖြစ်စေ-လက်ငင်းလက်တွေ့ နိုင်ငံရေးအရNLD၏သမိုင်းကြောင်းဆိုင်ရာအရ ရပ်တည်ခဲ့သည့် ရပ်တည်မှုကို အသိအမှတ်မပြု၍မရသလို၊ အသိအမှတ်မပြုခဲ့လျှင်မိမိတို့ သည် တပ်ဦးမရှိသောရပ်တည်ချက်၊ လှုပ်ရှားမှုဖြစ်နေမည်။ ထို့ ကြောင့်ဆန်ဒဆွဲဖြင့်NLDကိုကြိုက်သလိုဝေဘန်၍ရသည်။ သမိုင်းကြောင်းအရမှာတော့ သေချာစွာစနစ်တကျဆန်းစစ်လျှင် ဒီမိုကရေစီရရှိရေးအတွက် ရှေ့ တန်းခံတပ်မှာရှိနေသည့် နိုင်ငံရေးတပ်ဦးဖြစ်နေသည်ဆိုတာကတော့ယနေ့ကာလအရမည်သူမှ ငြင်းနိုင်လိမ့်မည့်ဟုမယူဆကြောင်း။

ဂျာကြီး။

Anonymous said...

not May (29)!! Pls change March (29) instead of May (29)!!!