Thursday 15 April 2010

စစ်တွေတွင် လုံထိန်း တဦး အသတ်ခံရ

4/15/2010
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် လုံထိန်း တဦး ယမန်နေ့ညဥ့်က အသတ်ခံရကြောင်း သတင်း ရရှိသည်။

အသတ်ခံရသူ လုံထိန်းမှာ အမှတ် ၁၂ တပ်ရင်းမှ တပ်ကြပ်ဝင်းထွန်း ဖြစ်ပြီး စက်ရုံစု ရပ်ကွက် အမှတ် ၆ အကွက်တွင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

ယခုအခါ သူ့အလောင်းမှာ စစ်တွေဆေးရုံကြီးသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု ဆေးရုံမှ ကျန်းမာရေး ၀န်ထမ်း တဦးက ပြောသည်။

“သူ့ကို ဘယ်သူက သတ်လိုက်တယ်ဆိုတာ မသိဘူး။ ညဉ့် ၂ နာရီမှာ ဆုံးသွားတယ်လို့ သိရပါတယ်။ ရွာသားတွေ အကြောင်းကြားတဲ့အတွက် ရဲက သူ့အလောင်းကို ယူလာပြီး ဆေးရုံကို ပို့ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

သူ့အား ဓါဖြင့် ထိုးသတ်ခဲ့ခြင်း မဟုတ်ဘဲ မာကျောသော အရာတခုခုဖြင့် ရိုက်ပုတ်ခံရသဖြင့် အတွင်းကြေပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ယခုအခါ ရဲအဖွဲ့မှ ရပ်ကွက်အတွင်းမှ လူငယ် အများအပြားကို ဖမ်းဆီးထားပြီး စစ်ဆေး မေးမြန်းနေသည်ဟု သိရသည်။

အဖမ်းဆီးခံရသူများထဲတွင် ထွန်းလင်းစိုး၊ စံမြကျော်၊ စိန်ချေနှင့် တခြား လူငယ်များ ပါဝင်သည်ဟု သိရသည်။

လူသေမူနှင့် ပတ်သက်ပြီး ပုဒ်မ ၃၀၂ နှင့် အမူဖွင့်ထားသည်ဟု သိရသည်။

လုံထိန်း တဦး အသတ်ခံရပြီးနောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးမှ တရားခံကို အမြန်ဆုံးဖေါ်ထုတ်ရန် ညွန်ကြားပြီး ယနေ့ နံနက်က စစ်တွေမှ မြောက်ဦးသို့ ထွက်ခွာ သွားသည်ဟု သတင်းရရှိသည်။
(http://www.narinjara.com/detailsbur.asp?id=2443 )  မှ...

No comments :