Friday, 16 April 2010
လူထုတိုက်ပွဲကော်မတီ မှကျင်းပပြုလုပ်သည့် သံချပ် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ခြင်း
ပထမ ဆုကို - မင်္ဂလာမောင် ၂၀၁၀ က ရရှိပြီး
ဒုတိယ ဆုကို -မင်းမဟော်ကျောင်းသားများ က ရရှိကြပါတယ်
တတိယ ဆုကို -ဒေါင်းမောင်မောင် က ၂ မှတ်အသာနဲ့ ကပ်ပြီးရရှိသွားပြီး
စတုထ္ထဆုကို - ဖွတ်ကျား သံချပ်အဖွဲ့  ကရရှိခဲ့ပါတယ် ။ မြန်မာ့ရိုးရာ သံချပ်ရဲ့အနှစ်သာရကိုဆုရရှိသော
အင်မတန်မှကြေနပ်အားရမိပါတယ်။
သံချပ်သံလေးတွေကိုတော့အမြည်းအဖြစ်လေ့လာကြည့်ကြပါဦး။                                                                                                        
မင်္ဂလာမောင် တို့ က
အဲင်အယ်လ်ဒီ ---- အဲင်အယ်ဒီ (လူထုရှေ့ဆောင် အဲင်အယ်ဒီ)
ဒေါ်စုထောင်တဲ့ အဲင်အယ်ဒီဟာ -------( လူထုရှေ့မှာ မားမားရပ်ဖို့ )
လူထုအကျိုးမလုပ်နိုင်ရင် ------(သမိုင်းရေစုံမျောရချည်ရဲ့)
၉၀ခုနှစ်ရွေးကောက်ပွဲ -------(မြန်မာ့သမိုင်းမှာ အလှည့်အပြောင်းဖြစ်ခဲ့)
ပြည်သူရွေးတဲ့အမတ်တွေ -----(အစိုးရမဖွဲ့ တာဘာ့ကြောင့်ပါလဲ)
အဲင်အယ်လ်ဒီ ကတော်ပါတယ် -------(ပြည်သူတွေကိုတောင်းပန်ဝန်ချ)
မတောင်းပန်နဲ့  အဲင်အယ်ဒီ ---(ပြင်ဆင်ဖို့ ရာအချိန်မနှောင်းသေး)
သတ္တိရှိတြ့လူကြီးတွေ -------(သန်းရွှေကိုတောင် --တရားစွဲခဲ့)
ဒီသတ္တိတွေဆက်မွေးပါ -------(အစိုးရဖွဲ့ ရန် --လက်မနှေးနဲ့ )
ပြည်သူ့ အစိုးရပေါ်ပေါက်ရင် -----(ဒို့ ပြည်သူတွေ ကျွန်ဘ၀ လွှတ်မြောက်)
ကျွန်ဘ၀လွတ်ဖို့ လုပ်ပေးပါ ----- (ဒို့  အမတ်မင်းတွေအစိုးရဖွဲ့ ကြ)
အစိုးရဖွဲ့ ဖို့ အချိန်တန်ပြီ ------အမတ်မင်းတွေ --ဘာလုပ်နေလဲ)
အဲဒီလိုမှမလုပ်ရင်ကွယ် --------(ဒို့ ပြည်သူတွေကျွန် ဘ၀ လုံးလုံး)
အဲင်အယ်(လ်)ဒီအကြောင်းတော့ တော်လောက်ပြီ ------(နောက်တခုကို ဆက်သွားကြစို့ )
ပထမဆု ရရှိသွားတဲ့ သံချပ်အဖွဲ့ ရဲ့ ပြိုင်ဆိုင်အနိုင်ရသွားတဲ့ စာသားတွေ ကို ဆက်လက် တင်ပြပါဦးမယ် ။။
မင်းမဟော်ကျောင်းသား လေးများ --က
သံချပ်မောင်တို့ ထွက်လို့ လာ --------(မမတွေရယ်သိတ်မကြည့်နဲ့ )
မင်းမဟော်ရဲ့စည်းကမ်းမှာ--- (ရည်စားဆိုတာထားလို့ မရဘူး)
အားလုံးကတော့ပြောကြတာ------(သံချပ်မောင်တွေသိတ်ချောဆိုပဲ)
သတိလေးတော့ထားလိုက်ပါ ------(အကိုတို့ ကိုသိတ်မရှိတ်နဲ့ )
မင်းမဟော်ရဲ့စေတနာ ------------(ကျောင်းသားတွေကို ပညာတက်ဖို့ )
မင်းမဟော်ရဲ့သံချပ်ဟာ ----------(အရာရာမှာအကျိုးရှိစေဖို့ )
သံချပ်မောင်တွေ ပြောသမျှမှာ ------(အမှားရှိရင်ခွင့်လွှတ်ပါဗျ)
ဒုတိယဆု ရရှိသွားတဲ့ သံချပ်အဖွဲ့ ရဲ့ ပြိုင်ဆိုင်အနိုင်ရသွားတဲ့ စာသားတွေ ကို ဆက်လက် တင်ပြပါဦးမယ် ။။
ဒေါင်းမောင်မောင် တို့ က
ရွေးကောက်ပွဲ ရွေးကောက်ပွဲ -----(မြန်မာပြည်ရဲ့ရွေးကောက်ပွဲ )
လိမ်ညာဖို့ အတွက်ပြင်ဆင်နေ -----(သူတို့ တတွေသက်ဆိုးရှည်ဖို့ )
သိလျက်သားနဲ့ ငေးနေတာ --------(၀မ်းတစ်ထွာတွက် ခက်နေလို့ ပဲ)
ရွေးကောက်ပွဲကြီးမရောက်ခင် -----(ကန့် ကွက်မဲတွေ ထဲ့ ဖို့ ပြင်ထား)
မဲတစ်ပြားရဲ့အဖြေရဲ့အဖြေဟာ -----(ပြည်သူ့ တွက်တာ ကံကြမ္မာပါပဲ)
ကန့် ကွက်မဲနဲ့  ဘူးခံရင် ----------(သူ့ တို့ ထင်သလိုလုပ်လို့ မရဘူး)
တခါသေဖူးပျဉ်ဖိုးနားလည်---------(ရောင်လည်လည်တော့လုပ်မနေနဲ့ )
တိကျပြတ်သားမှန်ကန်စွာ --------(သတ္တိဆိုတာပြကြပါစို့ )
နိုင်ငံသားတိုင်းတာဝန်ပါ --------(နိုးကြားကြပါပြည်သူပြည်သား )
ဟေ့စိန်လား ဟေ့မြလား ဝေလာမောင်တို့ ဝါးးးးးးးးးးးးးးးးးးး
တတိယဆု ရရှိသွားတဲ့ သံချပ်အဖွဲ့ ရဲ့ ပြိုင်ဆိုင်အနိုင်ရသွားတဲ့ စာသားတွေ ကို ဆက်လက် တင်ပြပါဦးမယ် ။။
ဖွတ်ကျား သံချပ် အဖွဲ့ က
မောင်တို့ မောင်တို့  (လေ့ လေ့ လေ့လေ့)
မယ်တို့  မယ် တို့  (လေ့လေ့လေလေ့ )
၂၀၁၀ ---၂၀၁၀ --- စစ်ကျွန်ပြုမယ် ၂၀၁၀
စစ်ကျွန်ပြုမယ့် ၂၀၁၀ ၂၀၁၀ ၂၀၁၀
၂၀၁၀ ကို ဒို့ မလိုလား -------(စစ်ဘီလူးတွေတန်းလျားသွား)
ရွေးကောက်ပွဲ ဥပဒေထွက်လို့ လာ (မတရားလိုက်တာ စစ်တပ်အတွက်ပဲ)ရွေးကောက်ပွဲ ဥပဒေထွက်လို့ လာ ( ဒီမိုကရေစီနဲ့  ဆန့် ကျင်ဖက်ပဲ)ရွေးကောက်ပွဲ ဥပဒေထွက်လို့ လာ (တရားမျှတမှုရှာလို့ မတွေ့ )တတိယဆု ရရှိသွားတဲ့ သံချပ်အဖွဲ့ ရဲ့ ပြိုင်ဆိုင်အနိုင်ရသွားတဲ့ စာသားတွေ ကို ဆက်လက် တင်ပြပါဦးမယ် ။။
1 comment :
Ko Gyi Kyaw said...
စောက်ရူးတွေပါဗျာ။
တတိယနိုင်ငံ ရောက်သွားရင် ကိုကျိုးအတွက်ပဲလုပ်မဲ့သူတွေ။
နိုင်ငံရေးကို ပြည်ပနိုင်ငံမှာ ဟန်ရေးပြပီး အဖမ်းခံမယ်။ယူအန် လက်မှတ် ကိုင်မယ်။ နိုင်ငံကြီးသွားမဲ့သူတွေ။
နှစ်၂၀ ကျော်နေပြီ။ ဘာမှဖြစ်မလာဘူး။
ဘူး၁ လုံးခံလဲ နှာဘူး ဖြစ်တာပဲ အဖတ်တင်လိမ့်မယ်။
နအဖ ကတော့စင်ပေါ်မှာ ခန့်ခန့်ကြီး။
ဘိုမိုးသီး က ယူအက်(စ) မှာ မိန့်မိန့်ကြီး။
အာဏှာရူး စိန်ဝင်း ဘယ်ပြောက်နေလဲ။
ကြောက်ရူးထပီး အဏှာရရင် သူ ပါစိုပီး ငိုရိုးပြီးအာဏှာလာတောင်းနေအုံးမယ်