Friday 9 April 2010

၂၄ နာရီ အတွင်း အစိုးရအဖွဲ့ အားဖြုတ်ချနိုင်ပြီး အတိုက်အခံ အမျိုးသမီး အာဏာရရှိ



Only One Day Revolution Took Power
Freedom News Group

၂၀၀၅ ခုနှစ် က ကာဇက်စတန် တွင် ပေါ်ပေါက်ခဲ့သည့် ကျူးလစ် တော်လှန်ရေး ၏ အဓိက ခေါင်း
ဆောင် အမျိုးသမီး တစ်ဦးဖြစ်သည့် ရိုဇာ အိုတန်ဘေယီဗာ သည် သမ္မတဖြစ်သူ ဘာကီယဗ် နိုင်
ငံ မှ ထွက်ပြေးသွားပြီးနောက် ကြားဖြတ် အစိုးရ အဖွဲ့ ကို ဦးဆောင် ဖွဲ့ စည်း နိုင်ခဲ့ကြောင်း
ဘစ်ရှ်ကတ် မှ လာသည့် အင်တာဖက်စ် သတင်းတွင် ဖော်ပြထားသည်။

သူမသည် ကာဂျက် စတန် ၏ မာဂရက် သက် ချာ ဟု ကျော်ကြားသူ ဖြစ်သည်။

အိုတန်ဘေဗီယာသည် ဒဿနိက ဗေဒဖြင့် ၁၉၇၂ ခုနှစ် တွင် မော်စကို မှ ဘွဲ့ ရရှိခဲ့သူ တစ်ဦး
ဖြစ်ပြီး အင်္ဂလန် ၊အမေရိကန် နှင့် ကနေဒါ နိုင်ငံ များ တွင် သံအမတ် အဖြစ် တာဝန်ထမ်းဆောင်
ခဲ့ပြီး ကျူးလစ် တော်လှန်ရေး အပြီး တွင် နိုင်ငံခြားရေးဝန်ကြီး အဖြစ် ခေတ္တ တာဝန်ထမ်းဆောင်
ခဲ့သည်။

အသက် ၅၉ နှစ်အရွယ်ရှိ ရိုဇာ သည် ယနေ့ သမ္မတ အဖြစ် စတင် တာဝန် ထမ်းဆောင် သည်။
ရိုဇာ သည် ဆိုရှယ် ဒီမိုကရက် တစ် ပါတီ ၏ ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ဗုဒ္ဓဟူး နေ့ နံနက်က
ရိုဇာ ၏ အတိုက်အခံ ဆိုရှယ် ဒီမိုကရက်တစ် ပါတီ မှ ခေါင်းဆောင် များကို ဘာကီယဗ် အစိုးရ အဖွဲ့ 
ဖမ်းဆီးခဲ့ရာ မှ လျှပ်စစ်မီတာ ခ နှုန်း များ တက်သဖြင့် ပေါက်ကွဲနေ သော ပြည်သူများ က သမ္မတ နန်းတော်
ကို သွားရောက် ၀ိုင်းကြခြင်း ဖြစ်သည်။

မြို့ တော် တွင် ဖြစ်ပွားခဲ့သည့် ကနဦး ဆန္ဒပြမှု ကို လူလေးဆယ်က စတင် ဦးဆောင် ခဲ့သည်။
သူ၏ ကြားဖြတ် အစိုးရ အဖွဲ့ သက်တမ်း ကို ခြောက်လ သတ်မှတ် ထားရှိသည် ဟု ယနေ့ သတင်း
ထုတ်ပြန်သည်။နိုင်ငံတွင်းရှိ အမေရိကန် လေတပ်စခန်း မာနစ် ကို လည်း သူက အာမခံချက်ပေးထားသည်။

သမ္မတ အဖြစ် တာဝန်ယူပြီး နောက် ရိုဇာ က “အခု ပြည်သူ့  အစိုးရက နိုင် ငံရေး အာဏာ ကိုရရှိ
သွားပြီ ဟု ပြောသည်။စစ်တပ် ခေါင်းဆောင် များက လည်း ကြားဖြတ် အစိုးရ သစ် ကို ထောက်ခံသည်
ဟုပြောသည်။

ယမန် နေ့ က နိုင်ငံ တ၀ှမ်းရှိ မြို့ ရှစ်မြို့ ထက် မနည်း ဆန္ဒပြမှု များ ဖြစ်ပွားခဲ့သည်။သမ္မတ ဘာကီယဗ် အာဏာရှိစဉ်
အတွင်း လာဘ်စားမှု နှင့် အကျင့်ပျက်မှု များပေါ်ပေါက်ခဲ့သည်။ဘာကီယဗ်သည် နိုင်ငံတောင်ပိုင်း Osh မြို့ သို့ ထွက်ပြေး
သွားပြီ ဖြစ်သည်။

ဘာကီယဗ် သည် မတ်လ အတွင်း အတိုက်အခံ သတင်းစာ တစ်စောင် အပါအ၀င် သတင်းဌာန လေးခု
ကို ပိတ်ခဲ့သည်။

1 comment :

victorOway said...

ကျုပ်တို့ ဒီတကြိမ်တိုက်ပွဲက အဲဒီလို မြို့ ပြလူထုတိုက်ပွဲကို ဖော်ဆောင်ရမယ်။ တွေ့  တယ်မဟုတ်လား လူထုတိုက်ပွဲလည်းစရော မြို့ ပြပြောက်ကျားတွေက မျက်နှာမှာ အ၀တ်စည်းပြီး သေနတ်နဲ့  အစိုးတပ်ကိုပြန်လည်ခြေမှုန်းနေတဲ့မြင်ကွင်းတွေ။ ပျုပ်တို့ ဒီလိုတိုက်ရမယ်။ ဒီလိုလူထုတိုက်ပွဲကိုဖော်ဆောင်ရမယ်။ ဒီတိုက်ပွဲကဒီတကြိမ်ပဲရတော့မယ်။ တကမ္ဘာလုံးက မစစ်မှန်တဲ့အစိုးရတွေကို ဒီလိုရဲရဲရင့်ရင့်တိုက်ပွဲဝင်ပြီး လူထုအာဏာကိုအမ်အရစိုက်ထူပြစ်ရမယ်။ ဒါမှလူထုအုပ်ချုပ်ရေးဖြစ်လာမယ်။ အခုဖြစ်သွားတဲ့နိုင်ငံကလူထုတိုက်ပွဲနဲ့ ကျုပ်တို့ နိုင်ငံနဲ့အကိုက်ပဲဖြစ်နေတယ်။ ဒီလိုမှမဟုတ်ပဲ ဒီအတိုင်းပဲလူထုက မျှောလိုက်နေမယ်ဆို အဲဒီလူထုနဲ့ ပဲထိုက်တန်တဲ့ အစိုးရကိုရလာပါလိမ့်မယ်။ အမိမြေစစ်အာဏာရှင်စနစ်ကအမြန်ဆုံးလွတ်မြောက်စေချင်ရင် ကျုပ်တို့ ရဲ့ စိတ်ဓါတ်တွေကိုမြင့်တင့်ပြီး လူထုတိုက်ပွဲမှာ အားလုံးပါဝင်တိုက်ပွဲဝင်ကြပါ။

ရဲဘော်ဂျာကြီး