Thursday, 22 April 2010

နယ်ခြားစောင့် တပ် မလုပ်ဘူး

 ဒီနေ့ ကတော့ ၀ အဖွဲ့ ၊ ကချင်၊ မွန် စတဲ့အပြစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့အဖွဲ့ တွေကို နယ်ခြားစောင့်တပ်
လုပ်မလား၊ မလုပ်ဘူးလားဆိုတာကို သန်းရွှေ မိသားစုကို  နောက်ဆုံး အဖြေပေးရမဲ့နေ့ ဖြစ်ပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က လည်း မှတ်ပုံ မတင် ရေးချ မတင် လို့  ပြတ်ပြတ်သားသား အဖြေပေးခဲ့သလို  အပြစ်ရပ်တိုင်းရင်းသား တွေက လည်း နယ်ခြားစောင့်တပ်ဖွဲ့ လုပ်မယ်မလုပ်ဘူး။  Yes  or No  အဖြေပေးရမဲ့ အချိန် ရောက်ခဲ့ ပါပြီ။ မနက်ဖန် ခါမှာတော့ အဖြေထွက်လာပါမယ်။
နအဖ ကတော့ ဖိအားပေးတဲ့ အနေနဲ့  မြစ်ကြီးနား မြို့ မှာ မစ်ခ် တိုက်လေယဉ်ပျံတွေ ၀ဲပျံ ပြ ပြီး ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။ ( မကြောက်ဖို့ ကတော့  ပျံနေတဲ့ လေယျဉ်မှုးတွေ ကိုယ်တိုင် က
လေယဉ်ပျံတွေ က ခေါင်းပျံတွေမှန်း သိတဲ့အတွက် သံဗုဒေ ကို ရွတ်နေရတယ်ဆိုတာပါပဲ ။ )

ကချင် အဖွဲ့ က အောက်ခြေတပ်မှုးတွေက မြို့ ပြပျောက်ကြားတိုက်ပွဲ တွေ ဆင်နွဲ နိင်အောင် နအဖ ဒေါက်တိုင်တွေကို ချေမှုန်းတိုက်ခိုက်နိင်အောင် ပြင်ဆင်နေတယ်ဆို တဲ့ သတင်းတွေက အားတက်စရာပါ။

လက်နက် မရှိတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် က သန်းရွှေ မိသားစုကို ရဲ ရဲ ၀ံဝံ အာခံရဲတယ်ဆိုရင်
ဘာဖြစ်လို့  အပြစ်ရပ်တိုင်းရင်းသားတွေက ကြောက်နေကြမလဲ ။ သူတို့ လုပ်စရာသုံးခုရှိပါတယ်။

ဒါကတော့
တစ်- လက်နက်ကိုင်တော်လှန်ရေး
နစ်- လက်နက်ကိုင်တော်လှန်ရေး
သုံး- လက်နက်ကိုင်တော်လှန်ရေး ပဲ ဖြစ်ပါကြောင်း။

လူထုတိုက်ပွဲ နဲ့  လက်နက်ကိုင်တိုက်ပွဲ ကို ဟန်ချက်ညီပေါင်းစပ်ပြီး သန်းရွှေ မိသားစု ဗိုလ်ကျစိုးမိုးနေမှု ကို
ဖြုတ်ချတိုက်ပွဲဝင်ကြဖို့ ပါပဲ။

'' မွန်မြတ် သန့် စင်တဲ့ လက်နက်ကိုင် တိုက်ပွဲ ကြီးကို ပြန်လည် ဖေါ်ထုတ်ကြပါစို့  ''

No comments :