Wednesday, 21 April 2010

ထိုင်းလူမျိုးတွေက ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ ရရင်ရ - မရရင် ချ စကားကို လက်တွေ့ လိုက်နာကျင့်သုံးနေကြပြီ။



 ထိုင်းအစိုးရ က စစ်အင်အားသုံးပြီး အနီရောင်ဝတ် ဆန္ဒပြသမားတွေကို နိမ်နင်းလာမယ်ဆိုရင် သူတို့ က မော်တော်ကား တာ ယာ တွေကိုမီးရှို့ ပြစ် ပြီး ခံစစ်ပြင်နေကြတယ်။ တာယာပုံကြီးက သုံးမိုင်လောက်ရှည်တယ်။ ဒုတ်တွေ၊ ဒါးတွေ၊ အက်စစ်တွေ၊ ဓါတ်ဆီပုလင်း တွေ နဲ့ ပြန်လည် ခုခံနိင်ဖို့ ပြင်ဆင်ထားတာကို တွေ့ ရတယ်။   ငြိမ်းချမ်းစွာ ဆန္ဒပြမှု ကို အကြမ်းဖက် ပြီး ဖြို ခွင်းလာရင် အကြမ်းဖက်ပြီး တုန့် ပြန် ရတာ ဟာ သဘာဝ တရား၊ လူသားဆန်မှု ဖြစ်ပါတယ်။    

ကျနော်တို့ မြန်မာ ပြည်မှာရော - လူထုအုံကြွမှု ဖြစ်လာဦးမယ်။ စစ်အစိုးရ က အကြမ်းဖက်ဖြိုခွဲဦးမှာဖြစ်ပါတယ်။

 ဒါဆိုရင် ကျနော်တို့ လည်း ရရာလက်နက် ကိုင်စွဲ ပြီး မတုန့် ပြန်သင့်ပေဘူးလား။ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက် ရစေမယ်ဆိုတဲ့ ကိုဗဟိန်း စကား ကို  ပြန်လည် အမှတ်မရသင့်ပေဘူးလား။
သိုးကလေးတွေ ၊ ဒရယ်လေးတွေလို ဒူးထောက် ခေါင်းငုံ နေကြမလား။

ရရာ လက်နက်ကိုင်စွဲ ခုခံနေတဲ့ လူငယ်လေးတွေကို ဟဲ့ မလုပ်နဲ့ ရန်သူထောင်ဂျောက်ထဲ ကို ၀င်သွားမယ်လို့ ပြောနေကြတာဟာ ရန်သူ အားပေး ဖြစ်နေ ပါပြီ။


7 comments :

Anonymous said...

ဒီလိုဆိုလဲ ခင်ဗျားလေသေနတ်ပစ်နေမဲ့အစား ကိုယ်တိုင် ပြန်သွားချပါလား။

Anonymous said...

မြန်မာတွေကပြောတယ်၊ ထိုင်းတွေက သတ္တိမရှိဘူးတဲ့။ အခုလို ထိုင်းတွေလောက် ခံနိုင်ရည်ရှိရင်၊ သတ္တိရှိကြရင် မြန်မာပြည် ဒီမိုကရေစီရတာ ကြာပြီ။ အခုဒီပွဲမှာ ကြည့်လေ ထိုင်းအနီဝတ်တွေက လက်နက်အင်အား မရှိဘဲနဲ့ မြို့ပေါ်မှာ ခံကတုတ် လုပ်ပြီး နောက်ဆုံး ထွက်သက်အထိ တိုက်ဖို့ ပြင်ဆင်ထား ပြီးပြီ။ မြန်မာတွေ အတုယူသင့်ပြီ၊ နေသာသလို မနေကြတော့နှင့်။ နောင်မျိုးဆက်သစ် တွေအတွက် လက်ရှိ ရှိနေတဲ့ ဘ၀တွေကို ပေးဆပ်သင့်ပါပြီ။ အဲဒီလိုမှ မဟုတ်ရင် နောင်မျိုးဆက်သစ် တွေရဲ့ပြစ်တင် ရှုံ့ချ ဒါဏ်ခက်ခြင်းကို ခံကြရမှာ မလွဲပါဘူး။

Anonymous said...

ဟုတ်ပဗျားးးးးးးးးးးး

kko said...

can he (ko moe thee) dare to face OURS 88 student leaders whose are currently in the prisons although he was one of the student in the past...shame of u......

Anonymous said...

လမ်းပေါ်တက်ဖို့ ဟုတ်လား...ခင်းဗျားကိုယ်တိုင်ပြန်ပြီး ဦဆောင်ပါ..ကျုပ်ပြောပြီးပြီ မောင်ရင်။ ခင်ဗျားကို ကိုမင်းကိုနိုင်တို့လို ကျုပ်ရဲ့သူရဲကောင်းကြီးတွေ အဖြစ်မှတ်ယူလိုက်ပါမယ်။ အေး..ဒီလိုမှ မလုပ်နိုင်ရင် လျှောက်ပြီးမြောက်ပေးမနေနဲ့။ ခင်ဗျားတို့တွေက သေရင်တိုင်းပြည်ထဲကလူတွေကို အရင်သေခိုင်းမယ်။ ဒီမိုကရေစီရသွားရင်တော့ ထိပ်ဆုံးကပြန်ပြီး နေရာယူမယ့်လူတွေ..ကျုပ်တို့ မြန်မာတွေ ၈၈တုန်းက ဒီထက်မက သတ္တိတွေ ကောင်းခဲ့ပြီးပါပြီ။ နလဘိန်းတုန်းတပ်က ဆော်လို့ သေခဲ့တာလည်း မနည်းတော့ပါဘူး။ ခင်ဗျားသာတကယ်သတ္တိကောင်းခဲ့ရင် သိန်းစိန်လာတုန်းက မျက်နှာမှာ အရွှတ်ကလေးတစ်ခုလောက်တော့ ပါသွားသင့်တာပေါ့ ကိုယ်လေအိုးငပေါကြီးရယ်..

Anonymous said...

မြန်မာလူထုကို တောင်းပန်ရမှာ ပြည်ပရောက် ဟိုရောင်ရောင် ဒီရောင်ရောင် အချောင်ပေါက်ရှာနေတဲ့ နိုင်ငံရေးဗန်းပြစီးပွါးရှာနေတဲ့သူတွေ။ ကျုပ်တို့ ပြည်သူကို ခုတုံးလုပ်ပြီး ခင်ဗျားတို့ ကိုယ်ကျိုးအတွက်သုံးနေတဲ့သူတွေ..ခင်ဗျားတို့က ရှင်းရှင်းပြောရရင် ပြည်ပရောက် ဂျလေဘီကြံ့ဖွတ်နဲ့ ဆိုက်ကားသမားစွမ်းအားရှင်တွေပါပဲ။

Anonymous said...

ခင်ဗျား ရန်ကုန်ပြန်လာလေ ။ ရှေ.ဆုံးက အလံကိုင်တက်စမ်းပါ ။ဘယ်သူမှ မလိုက်ရင်နေ ကျုပ် ခင်ဗျားနောက်ကလိုက်မယ် ။သေနတ်နဲ.ပစ်နေတဲ. စစ်တပ်ကို အုတ်ခဲနဲ. တက်ထုကြတာပေါ.။ လေးစားပါတယ် မဟာတော်လှန်ရေးသမားကြီးရယ် ။ ပြည်သူတွေကို တုတ် ၊ လေးဂွ ၊ အုတ်ခဲ နဲ. သေနတ်ကိုင်စစ်တပ်ကို ပြန်ချဖို. မိုင်ပေါင်းထောင်ချီဝေးတဲ.နေရာက ချီစ်လေးမြုံ ၊ဘီယာလေးစုပ်ပြီး အားပေးနေတာ ပျင်းနေရှာတော.မယ် ။ ရန်ကုန်ပြန်လာပြီး လူငယ်တွေ ရှေ.ဆုံးက ဦးဆောင်စမ်းပါဗျာ ။