Monday 3 May 2010

နာဂစ် နှင့် စစ်အုပ်စုရဲ့ ဥပေက္ခာတရား

“နိုင်ငံအတွက် ရင်နာတယ်” ကဗျာကို ဆရာဝင်းတင့်ထွန်း ကိုယ်တိုင်ရွတ်ဆိုထားသည်။

5 comments :

Unknown said...

စစ်ဘေးဒုက္ခသည်များ ထောက်ပံ့လှူဒါန်းရေး လုပ်ဆောင်ကြရန်လိုအပ်ပါသည်။ နာဂစ်မှ ဒုက္ခ ဖြစ်သည် မဟုတ်ပါခင်ဗျာ။ စစ်ဘေး စစ်ဒဏ်သင့် သူများကိုလည်း စာနာစွာ ပေးကမ်းလှူဒါန်း သင့်ကြပါသည်။ ရွာပေါင်းများစွာ ဖျက်ဆီး ခံ ရမှု။ တောင်ယာစပါးခင်းများ ဖျက်ဆီမှုကို ဘေး
ဒုက္ခ မဟုတ်သလို လျစ်လျူရှု ပစ်ထားခြင်းမှာ မသင့်လျော်လှပါ။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ တကယ်ရှိပါသလား။

Anonymous said...

လိမ်လိမ်ဆိုတာ စာဖတ်ပရိသတ်ကို သတင်းအမှန်ချမပြတဲ့ နိုင်ငံရေးလုပ်စားများ အဖွဲ့ကို စောင်းပြောနေတာများလားဗျာ...ကဗျာရွတ်သူ ပိုက်ဆံဘယ်လောက်ရလဲ မေးချင်စမ်းပါဘိ...။ရွတ်နေတဲ့ ကဗျာသံထဲမှာ ဒုက္ခသည်တွေအတွက် အမှန်တကယ် ထိထိရောက်ရောက် ပြန်လည်ထူထောင်တာလေးတွေ မကြားရတာ ထူးဆန်းနေသလိုပါပဲ...။လုပ်စားစရာမရှိတော့လို့ ဒီမြင်ကွင်းလေးနဲ့ ပြန်လည်လုပ်စားတာလားဗျာ...ကဗျာလေးရွတ်ပြနေရုံနဲ့ ဒီပြည်သူတွေဘ၀ ပြန်လည်မထူထောင်နိုင်ပါ..ဒါကြောင့် စကားပေါင်းများစွာထက် သေးငယ်သော လက်တွေ့လုပ်ရပ်လေးတခုက ဂုဏ်ယူစရာကောင်းပါတယ်...ဘာမှမလုပ်ဘဲ အော်နေသူ ကဗျာရွတ်နေသူတွေဟာ အာချောင်သူတွေတဲ့...။

Anonymous said...

လုပ်စားများအဖွဲ့ အော်နေတော့ လွတ်လပ်တဲ့ ဒီမိုကရေစီ ရရှိရေးတဲ့...လက်ရှိကျတော့ ကျွန်တော်တို့ကိုယ်တိုင် ခင်ဗျားတို့ ဘလော့မှာ လွတ်လပ်စွာ comment ပေးလို့မရတာ ဘယ်လိုစနစ်လည်းဗျာ...ငါဘမ်းချင်ဘမ်းမယ် ဒါလည်း ငါ့လွတ်လပ်ခွင့်ပဲဆိုရင်တော့ ဘလောဂါကြီးတွေရဲ့ သဘောပါပဲဗျာ...။

Anonymous said...

ဒီ Blog က အပြာစာအုပ် မဟုတ်ဘူးလေ။
ငဖျင်းစာတွေ ရေးချင်ရင် မင်းတို့ချုပ်ကိုင်ထားတဲ့ ပြည်တွင်းက သတင်းချာ တွေမှာရေးပါလား။
သတိတော့ထား ခြေချော်လက်ချော် အမှန်တွေ သွားရေးမိရင်
အလုပ်ပြုတ်ပြီး ထောင်နန်းစံရမှာ သေချာတယ်။