Friday, 7 May 2010

ခွဲ့ထွက်အစဉ်အလာဆိုးကိုသယ်ဆောင်သူ(သို့ ) ငါးဦးဂိုဏ်း '' မေအိခင်(လယ်ဝေး)''

ပန်းတိုင်မရောက်ခင်လှည့်ပြန်သွားသူတွေရပ်ကျန်ခဲ့သူတွေကိုခွင့်လွှတ်နားလည်နိုင်ပေမဲ့ဖောက်ပြန်သွားသူတွေကို ကျမတို့ တတွေ အမြင်ပြတ်ရလိမ့်မယ်။ခုည ကျမ ကိုယ့်ပါတီရဲ့အခြေအနေကိုစောင့်ကြည့်နားထောင်ရင်း 
ထင်မှတ်ထားတဲ့သတင်းဆိုး၊ထင်ပေမဲ့ ဖြစ်မလာစေ့ချင်တဲ့ဖြစ်ရပ်တစ်ခု ကို တိတိပပသိလိုက်ရချိန်မှာ
ကျမတော်တော်ခံပြင်းပါတယ်။
ကျမတို့ မြတ်မြတ်နိုးနိုးတန်ဖိုးထားခဲ့တဲ့ ပါတီရဲ့ မုန်တိုင်းထန်ချိန် အကြတ်အတည်းနဲ့ရင်ဆိုင်နေရချိန်မှာ
ပြည်သူလူထုနဲ့ အဖွဲ့ ချုပ်ကိုကျောခိုင်းသွားပြီး စစ်အုပ်စုကို တရားဝင် မှု အားအင် တစ်ခုဖြစ်စေမဲ့ 
ခွဲထွက်ပါတီကိုသူတို့ ထောင်လိုက်ကြပါပြီ -
အဲဒီ့ ဆိုးရွားတဲ့အစဉ်အလာကို သယ်ဆောင်မဲ့  ပုဂိုလ်များကတော့ (၁) ဦးခင်မောင်ဆွေ
(၂)ဒေါက်တာသန်းငြိမ်း(၃)ဒေါက်တာဝင်းနိုင်(၄)ကော့ကရိတ်သိန်းညွန့် (၅)ဦးစိန်လှဦးတို့ ပဲဖြစ်ပါတယ် ။

သူတို့ က အမျိုးသားဒီမိုကရေစီအင်အားစု ဆိုတဲ့နာမည်နဲ့ ဖွဲ့ စည်းလိုက်တာဖြစ်ပြီး စစ်အုပ်စု ကိုအားဖြစ်
စေဖို့ နဲ့  နိုင်ငံရေးအာဏာကိုခွေးကထစ် ကပဲရရ လိုက်ပါ ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒီမိုကရေစီ မလိုက်နာပဲ လူနည်းစုအခွင့်အရေးဆိုတာကိုဗန်းပြပြီ ဒီလိုပါတီတခုလုံးကိုသစ္စာဖောက်သွား
သူတွေရဲ့ ကိုယ်စားပြုမှုကိုကျမ ပြင်းပြင်းထန်းထန်ကန့်ကွက်ချုံ့ ချပါတယ်။

အထူးသဖြင့်ကျမတို့ အင်းစိန်မြို့ နယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးစိန်လှဦးဟာ
ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကျမ တို့  ပင်းပန်းကြီးစွာ မြို့ နယ်အနံ့အပင်ပမ်း ခံပြီးမဲဆွယ်
စည်းရုံးပေးခဲ့တာတွေကိုမထောက်ပဲကျမတို့ အင်းစိန်ပြည်သူကိုစော်ကားရာရောက်တယ်လို့ ကျမနားလည်
ပါတယ်။
မြို့ နယ်ပြည်သူကမဲထဲ့တာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုကြောင့် နဲ့ မြို့ နယ်ပါတီဝင်တွေရဲ့
စွမ်းဆောင်မှုကြောင့်ပါ။ ဒီမန်းဒိတ်ဟာ ပြည်သူ့ မန်းဒိတ်ဖြစ်တာကြောင့် ဦးစိန်လှဥင်္ီးဆိုတဲ့ပုဂိုလ်မပိုင်ပါဘူး။
ဒါကြောင့်ကျမက ၈၈မျိုးဆက်ကျောင်းသူဟောင်းတစ်ဦးအနေနဲ့ ရော အင်းစိန်မြို့ နယ်လူငယ်တာဝန်ခံ
ဟောင်းတစ်ဦးအနေနဲ့ ပါ ဦးစိန်လှဦး ဟာအင်းစိန် မြို့ နယ် ကိုကိုယ်စားပြုသူအဖြစ်ကငြင်းဆန်ပါတယ်။

နောက်တစ်ဦး ကတော့ ဒေါက်တာဝင်းနိုင်ပါ ။သူက ကျမတို့ နဲ့  တိုက်ရိုက်ပတ်သတ်ခဲ့ရတဲ့ရန်ကုန်တိုင်း
တာဝန်ရှိသူပါ ။ ဒေါက်တာဝင်းနိုင်ရဲ့ ပါတီအပေါ်ရပ်တည်ချက် ပါတီမှာစွဲစွဲမြဲမြဲတည်ရှိနေတာဟာစစ်အုပ်စုက
အချိန်ကာလများစွာထဲက သပ်လျိုထားတဲ့ ပုဂိုလ်တစ်ဦးလို့ ကျမတို့  သံသယအမြဲရှိခဲ့ပါတယ်။
ပါတီ မှာလူငယ်လှုပ်ရှားမှု အမျိုးသမီးလှုပ်ရှားမှုဖြစ်တိုင်း ဒေါက်တာဝင်းနိုင်ရဲ့ကန့်သတ်တားဆီးမှုအရေးယူမှု
နအဖထံ သတင်းပေးမှုတွေကို ပါတီတွင်းက တက်ကြွသူတိုင်း ခံရတာမို့ 
ပါတီမှာတကယ် ရဲရင့်တဲ့လူငယ်တွေ သူကြောင့်ပါတီအပြင်ရောက်သွားခဲ့ရတာ ဒုနဲ့ဒေးပါ ။
ကျမအပါအ၀င် လို့ ပြောနိုင်တာ (၂၀၀၄ စက်တင်ဘာမှာ ကျမကို ဒေါက်တာဝင်းနိုင်ဦးဆောင်ပြီးပါတီ က
(၁)အချက်က စီအီးစီထဲ က စပီကာ ဦးလွင် ကို စပီကာ ဖြုတ်ဖို့ ကျမ က လူငယ်တွေ ကိုစည်းရုံးတယ်ဆိုတဲ့
စွပ်ဆွဲချက်(၂) က ကျောင်းသားခေါင်းဆောင်တွေ နဲ့ ကျမက ဆက်သွယ်ဆောင်ရွက်(ပါတီအခေါ် အားသား
လိုင်း နဲ့ ပတ်သတ်)တယ်ဆို ပြီး ကျမအပါအ၀င် မြို့ နယ်လူငယ်ခေါင်းဆောင် ၆ဦး ကို အရေးယူပါတယ်) ။
ကျမက ဦးဆောင်သူအနေနဲ့ အရေးးယူခံခဲ့ရတာပါ၊ဒါတွေ ကို အခု ကျမက ဘာ့ကြောင့် ပြန်ပြောလဲ စာဖတ်သူ
တွေ ကို ဘာ့ကြောင့် ရှင်းပြနေတာလဲ ဆို ရင်ထဲ မှာ မချိမဆန့် ဖြစ်ရလွန်းလို့ ပါ။ ဒီဒေါက်တာဝင်းနိုင်ဟာ ဦးအောင်ရွှေကိုအမြဲမြှောက်ထိုးပင့်ကော်လုပ်ပြီး ပါတီရဲ့ နိုင်ငံရေး တိုက်နိုင်ရည်စွမ်းအားကို နင်းခြေထား
သူမို့  အခု သစ္စာဖောက် လောက်ကောင်တစ်ကောင် ထင်းထင်းပေါ်ပေမဲ့ သူတို့ ကြောင့် ကိုယ့်ပါတီထဲ မှာ
သဘောထားတွေကွဲ အဖွဲ့ တွေ ကွဲသယောင် ပြည်သူတွေ ထင်မြင် မှာစိုးရိမ်မိလို့ ပါ။
ပြီးခဲ့တဲ့လက လည်းကျမသူနဲ့ ပတ်သတ်တာ သတိပေးရေးသားခဲ့ဖူးပါတယ်။အာရှတော်ဝင်မှာ ဒေါ်အောင်ဆန်း
စုကြည်ကို ခွဲစိတ်နေတုန်း အန်တီ့ကျန်းမာရေးအတွက်ပန်းစည်းလေးတွေ ကိုင်ပြီး စုပေါင်း ထိုင်သပိတ် လုပ်နေတဲ့
လူငယ်တွေကိုတားမြစ်ပြီးကျမကို ပါတီ လုပ်ပိုင်ခွင့်ဘောင်ကျော်ပြီး လူငယ်တွေ ကိုဆန္ဒပြတာဦးဆောင်လို့ ဆိုပြီး အာရှတော်ဝင်အထိလိုက်လာပြီး ပါတီက ထုတ်ပစ်မယ် ကြိမ်းမောင်ဖူးသူပါ ။
ဒီလောက်ဆို အမျိုးသားဒီမိုကရေစီအင်အားစုထဲမှာဘာပါနေပြီဆိုတာစာဖတ်သူသိလောက်ပါပြီ။

အတွေးအခေါ်အယူအဆအမျိုးမျိုးကွဲလွဲခွင့်ရှိတယ်လို့  တချို့ သုံးသပ်ပါလိမ့်မယ် နှစ်နှစ်ဆယ်ကြာနေလို့ ပါလို့ 
လည်း ခြေပပါလိမ့်မယ်။ ညီလာခံလည်းသွားတက်ပြီးကြပါပြီ တွေ့ ဆုံဆွေးနွေးဖို့လည်းရွှေတံတားတွေ
အကြိမ်ကြိမ် ခင်းပေးမဲ့စစ်အုပ်စု ရဲ့ ဟင့်အင်း ကို
ကျမတို့ မကျော်ဖြတ်နိုင်ခဲ့ပါဘူး ။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီပဲယင်းမှာအသေအရိုက်ခံခဲ့ရတာကိုတရားမစွဲနိုင်ပဲ အဆင့်တွေ
အများကြီးလျော့ပြီး လူ့ တိရိစ္ဆာန် သန်းရွေဆီ စာပို့ ပြီးပါပြီ စ
စ်အုပ်စုရဲ့ တုန့် ပြန်မှု ကရှင်းပါတယ် ။
ဆွေးနွေးစရာအကြောင်းမရှိလို့  ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေနဲ့  လူထုခေါင်းဆောင်ကိုရောလူထု ပါတီကိုပါ
ကျောခိုင်းထားတာပါ ။ရှင်ကြီးဝမ်းရောရှင်ငယ်ဝမ်းရော ချီးဆော်နံ လို့ ပြန်ထွက်ခဲ့ရတာတောင်
မမှတ်ရင် ဒီတစ်ခါ စစ်အုပ်စုနဲ့ သွားပတ်သတ်သူဟာ ချီးတွင်းထဲ ကျမှာပါပဲ ။
ရဲဘော်တော်တော်များများကပြောတယ် အဖြူအမဲ ကွဲသွားတာပေါ့ဟ ကောင်းတာပေါ့ လို့ ပြောတယ် ။
ဒါဟာ ဟုတ်နေ မှန်နေပေမဲ့ နအဖ ကို အင်အားဖြစ်သွားစေတာတော့မမှားပါဘူး ။
မကောင်းတဲ့ အစဉ်အလာတစ်ခုကို ပါတီထဲ က အမတ်တွေအနေနဲ့ သယ်ဆောင်လိုက်တာပိုမကောင်းပါဘူး
ဒီလို မကောင်းတဲ့ အစဉ်အလာ ကို ဦးခင်မောင်ဆွေ (စိန်လှဦးတပည့်)
ဒေါက်တာသန်းငြိမ်း( ဗိုလ်ချုပ်ခင်ညွန့် မယားညီအကို) တို့ ဟာ NLD နှစ်ခြမ်းကွဲတာပါလို့  စတင် သယ်ဆောင်တဲ့အတွက် ဒီငါးယောက်ဟာ(၁)ဦးခင်မောင်ဆွေ(၂)ဒေါက်တာသန်းငြိမ်း(၃)ဒေါက်တာဝင်းနိုင်
(၄)ကော့ကရိတ်သိန်းညွန့် (၅)ဦးစိန်လှဦးသမိုင်းတရားခံ တွေ ပဲဆိုတာ ထင်ရှားပါတယ်။

မှတ်ချက် ။။ ။။ မီဒီယာများ မှ မိမိ လိုသလို NLD ၏ နောက်ဆုံးအခမ်းအနားဟု တင်ပြ ထုတ်လွှင့်နေခြင်း
သည်လည်း စစ်အုပ်စု လေသံ ကိုနောက်ယောင်ခံ၍ စစ်အုပ်စု ၏ မတရားဥပဒေများ ကို အသိအမှတ်ပြုမိ
နေသည်ကိုသတိချပ်သင့်သည်။အထူးသဖြင့် ဒီမိုကရေစီ တော်လှန်ရေးကြောင့်ဖြစ်တည်လာသောသတင်း
ဌါနများ ပို၍ သတိထားသုံးနှုန်းကြပါ။

မေအိခင် (လယ်ဝေး)

12 comments :

bigcat said...

Please reveal more information about them. Thank you for sharing information.

AyeNyeinThu said...

ဒိင်္ဆောင်းပါးကို ဖတ်ပြီးတဲ့အချိန်မှာ ပုဂိုေ ရး တိုက်ခိုက်မှုပဲဆိုတာ တထစ်ချတွက်လို့ရပါ တယ်။
တချိန်ကပါတီတွင်း သဘောထားကွဲလွဲမှုကို( ဥပဒေဘောင်အတွင်း နဲ့ အပြင်နိုင်ငံရေး) ရင်ထဲမုာနာကျဉ်းစွာ သိမ်းထားပြိးတိုက်ခိုက်လိုက်တာပါ ။
ဒီမိုကရေစီစနစ်ကို နားလည်သဘောပေါက်သူတိုင်း လူတစ်ဦးတယောက်ချင်းဆီမှာ
လွတ်လပ်စွာတွေးခေါ်ခွင့် လွတ်လပ်စွာယုံကြည် ဆုးံဖြတ်ခွင့်ရှိတယ်ဆိုတာနားလည်ရမှာပါ။
Election မဝင်ဘူးလို့ဆုံးဖြတ်သူတွေဟာ ဒီElection ကြော င့် ဘာမှဖြစ်မလာနိုင်ဘူးလို့ ယြုံ ကည်သူတွေပါ ။ သူတို့ရဲ ယုံကြည်ချက်ကိုလေးစားရမှာ ဖြစ်သလို အခုဖွဲ့စည်းတဲ့ NDF ကလဲနလံမထူနိုင်အောင် အဖိနှိပ်ခံနေရတဲ့ပြည်သူတွေအတွက် Election ဝင်ပြီး ရသလောက်ယူမယ်လို့ သူတို့ရဲ့ယြုံ ကည်ချ က်အရ ဖွဲ့စည်းတာပါ ။ အဓိကပန်းတိုင် ဖြစ်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကို လျောက်လှမ်းတဲ့နေရာမှာ ယုံကြ ည်ချက်ချင်းကြွဲ ပား တာဟာ ဆိုးရွားတဲ့အစဉ်အလာကို သယ်ဆောင်တာလား။
ဒေါက်တာဝင်းနိုင်ကို Spy လို့စွတ်စွဲရင် ဆရာဝန်လိုင်စင် အသိမ်းခံ မိသားစုဝင်တွေ ဆုံး ပါးခံပြီး NLD မြှာ ပ ည်သူတွေအတွက် တာဝန်ထမ်းဆောင်ခဲ့တာကို မသိချင်ယောင်
ဆောင်တာလား၊ မသိတာလား။
NDF အဖွဲ့ဝ င်တွေဟာ NLDရဲ့ နောက်ဆုံးအချိ န်အထိ သစာရှိခဲ့သူတွေပါ ။
NLD မရှိတော့တဲ့ အချိ န်မှပါတီဖွဲ့စည်းတာကို NLD နှစ်ခြမ်းကွဲတာပါလို ပြောတာဟာ အသိဥာဏ် နည်းလွန်းပါတယ်။
ဦးခင်မောင်ဆွေ ဟာဦးစိန်လှဦးတပည့်လို့ ဘာကိုကြည့်ြ ပီး ပြောတာပါလဲ။
ဒေါက်တာသန်းငြိမ်းဟာ ဗိုလ်ချုပ်ခင်ညွန့် ရဲ့မယားညီအကို မဟုတ်ပါဘူး ။ ဗိုလ်ချုပ်ခင်ညွန့် ကောင်းစားစဉ်မှာ ထောင်ထဲမှာမတရား ချုပ်နှောင်ခံနေရတာပါ။
ပြည်သူတွေ အထင်အမြင်မှားအောင် မလုပ်သင့်ပါဘူး။ အဲဒီလိုလုပ်တာဟာ စစ်အစိုး ရ ရဲ့ကြေးမုံသတင်းစာနဲ့ ဘာမှမထူးပါဘူး။
ဒိင်္လိုပါပဲဒီမိုကရေစီအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံနေတဲ့သူတွေကိုတိုက်ခိုက်တာဟာ စစ်အုပ်စုရဲ့လုပ်ရပ်ံဖြစ်တဲ့အတွက် ဆက်လက်မလုပ်ဖို့ ပြောပါရစေ။

Myo said...

ရှုံးရှုံးနိုင်နိုင်ချဗျာ။ နိုင်ငံ ရှေ့ရေး Policy တွေပြောတာ လူငယ်တွေကြားချင်နေတယ်။ ကြံ့ ဖွံ့ ကို ပေါ်တင်ပြိုင်တာမြင်ချင်တယ်။

server zero said...

အပြောင်းအလဲကိုလိုလားတယ်။ အပြိုင်အဆိုင်ရှိမှတိုးတက်တာလို့ ယုံကည်ရင် ဒါလဲသူတို့ယုံကည်တာကိုသူတို့လုပ်သွားတာပဲ ပိုပြီးတောင် ပွဲကမြိုင်လာတော့မှာ။ သူတို့ရဲ့အားထုတ်မှုကိုလဲ NLD ကစောင့်ုကည့်ပြိုင်ဆိုင်ရတော့မှာ..ကောင်းပါလေ့။ စစ်အစိုးရလူတို့ ..သမိုင်းတရားခံဖြစ်သွားပြီတို့ပြောဖို့ကစောသေးတယ်။ပွဲကအခုမှအစတောင်မရှိသေးဘူး.အင်ထရိုပျိုးရုံပဲရှိသေးတယ်။ တဖက်သတ်ချည်းပဲပြောရင်တော့အခုခွဲထွက်သွားတဲ့လူတွေက ဗီလိန်ပေါ့။ အချိန်နဲ့အမျှပြောင်းလဲနေတဲ့ခေတ်ုကီးမှာ..ကိုယ်ကအလိုက်သင့်မပြောင်းလဲနိုင်ရင်တော့မလွယ်ဘူး။ Who Moves My Cheese စာအုပ်ထဲကစကားလိုပေါ့.." ပြောင်းလဲချိန်တန်လို့မှမပြောင်းလဲရင်မျိုးတုန်းသွားလိမ့်မယ်"..တဲ့။ ပြောင်းလဲနိုင်တဲ့နည်းလမ်းတွေကတော့အမျိုးမျိုးရှိတာပေါ့လေ။ NDF ဖွဲ့လိုက်တာနဲ့ စစ်အစိုးရဘက်ကပါသွားပြီ..အားဖြစ်သွားပြီလို့တော့ပြောလို့မရဘူး။ ဒါလည်းနိုင်ငံရေးရဲ့အတက်အကျလှိုင်းတစ်မျိုးပဲ။ မြောင်းတဖက်ကိုရောက်ဖို့ခုန်ကျော်လို့မဖြစ်နိုင်ရင်..မြောင်းထဲလမ်းဆင်းလျှေက်ပြီးတဖက်ကမ်းကိုအေးအေးဆေးဆေးကူးသွားရုံပဲ။ လောဂျစ်နည်းကျကျ..တွေးလို့ရပါတယ်။ NLDိုရော NDF ရော ပြည့်သူ့အတွက်ပဲ ဖြစ်ပါစေသား..။

Anonymous said...

to my opinion, they have right to do they want to do after NLD party is dismissed.
This is the democracy, which means freedom of choices.
the time will tell who is right or wrong, we are not in the position to judge.
just respect to individual rights of expression.

Anonymous said...

NLDရဲ. နောက် ဆုံး အခမ်းအနား လို. သုံး တဲ. အသုံး အနှုံး ကို လက် မခံပါ ယတြာတွေ မတရား သုံးနေ တဲ. စစ် အစိုး ရ အတွက် သဘော ကျစရာ ဖြစ် နေပါ တယ်

This is a very personal letter (not article).

Anonymous said...

Dr. Than Nyein is brother-in-law of Khin Nyunt. His sister was the wife of primeminister that time. If he were to get famous and just want the chances and advantages, do you think he would have done political movements from opposition side? Do you know how much he and his family has suffered because of their believes? And also he took part in political movements since he was in high school and the years in medical school . He was not born just yesterday. Others people also have suffered so much in their prisoned time. Dr. Win Naing's two childern had died when he was in prison. Do you know? So you should get beck to the truth.