Saturday 8 May 2010

လူပျက်ခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲ

နအဖ ရဲချုပ်ခင်ရီက ရန်ကုန်မြို့ သင်္ကြန်အကြတ်နေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပတ် သက်၍ သတင်းစာရှင်းလင်းပွဲတရပ်ကို မေလ (၆) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ကျနော်နဲ့ ရဲဘော်များအားလုံး ထိုင်းမြန်မာနယ်စပ်မြို့ကလေး တမြို့တွင်စုရုံးရောက်ရှိ နေပြီး သတင်းစာရှင်းလင်းပွဲ စတင်ပြုလုပ်မည့် အချိန် (၈) နာရီ ခွဲကို စောင့်မျှော်စောင့်စားနေကြပါ သည်။ တီဗွီတလုံးရှေ့တွင် ဖျာခင်းပြီးလှဲသူလှဲ ထိုင်သူထိုင်ဖြင့် ခင်ရီ မည်ကဲ့သို့ ဖြေရှင်းချက် ထုတ်မည်ကို စောင့်ရင်း အလာပသလာပ ပြောဆိုနေကြ၊ ရှေ့ဟောင်းနောက်ဖြစ်များကို ပြန် ပြောရင်း ရယ်မောလိုက်ကြဖြင့် ရှိနေကြပါသည်။

ကျနော်တို့ဆိုရာ၌ ကိုမိုးသီးနှင့် ABSDF ရဲဘော်များဖြစ်ကြပါသည်။ တပ်ဦးရဲဘော်ဟောင်း နှစ်ဦးလည်း ကျနော်တို့တည်းခိုရာ နေရာသို့ ချိန်းထားသည့် အတိုင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြပါသည်။ တဦးမှာ ကနေဒါမှ ရဲဘော်တင်မောင်ထူး ဖြစ်ပြီး နောက်တဦးမှာ ၀ါရှင် တန်ဒီစီမှ အတာဖြစ်ပါသည်။
သူတို့ ရောက်လာရခြင်းမှာ ထိုင်းမြန်မာနယ်စပ် တလျှောက် မြန်မာလူမျိုးများဘ၀ကို မိမိတို့ တတ်နိုင်သည့်ဘက်မှ မြှင့်တင်ပေးရန် ရည်ရွယ်ချက်များဖြင့် ရောက်လာကြခြင်း ဖြစ်ပါသည်။ ခင်ရီမှ အရိဒ္ဓမာ ခန်းမတွင် စတင်၍ ရှင်းလင်းချက်ကို ည (၈) နာရီခွဲတွင်စတင် ပြုလုပ်သည့် အခါ အားလုံးစိတ်ဝင်စားစွာ နားထောင်လိုက်ကြပါသည်။

ကျနော် ပထမဦးဆုံးသတိပြုမိသော အချက်မှာ ဗိုလ်ခင်ရီသည် ရဲချုပ်တာဝန်ယူထားသော် လည်း ရဲအ၀တ်ကိုမ၀တ်ဆင်ပဲ စစ်ဝတ်စုံကိုဝတ်ဆင်ထားသည့် အချက်ဖြစ်ပါသည်။ သတင်း စာရှင်းလင်းပွဲတွင် တက်ရောက်နေကြသော ရဲအရာရှိများအားလုံး ရဲဝတ်စုံဝတ်ဆင်ထားကြပြီး ဗိုလ်ခင်ရီ တယောက်က ထူးထူးခြားခြား စစ်ဝတ်စုံနှင့်မြင်ရခြင်းမှာ ရဲတာဝန်ထမ်းဆောင်နေရ သော်လည်း မိမိကိုယ်မိမိ စစ်သားဟုခံယူထားတုန်းဟု ထင်မှတ်နေပုံရပါသည်။ ဤအချက် သည် ရဲတပ်ဖွဲ့များကို အုပ်ချုပ်နေသည့် အခြားအရာရှိများသည်လည်း စစ်ထွက်များ စစ်တပ်မှ တိုက်ရိုက် အသွင်ကူးပြောင်းထားသည့် သူများဖြစ်နှင့် ပါသည်။



(၂)

ဗိုလ်ခင်ရီက ထိုင်းမြန်မာနယ်စပ် ဒေသတွင်ရှိ ဒီမိုကရေစီအင်အားစုများ အားလုံးဟာ ဤအ ကြမ်းဖက်မှုကြီးတွင် ပါဝင်ပတ်သက်နေပါသည်ဟု အတည်ပေါက်နှင့် ရှင်းလင်းတင်ပြနေသည် ကိုကြည့်ရင်း ကျနော်တို့တသိုက် တ၀ါးဝါးနှင့်ပွဲကျလျက် ရှိကြသည်။ ကိုမိုးသီးက “ကျနော် နဲ့  အောင်မိုးဇော်နဲ့ တွဲမလုပ်ဘဲ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နေတာ နှစ်ချီကြာနေပါ ပြီဗျာ၊ သူတို့ Press conference ကတကယ့်ကို ဟာသဘဲ” ဟုဆိုသည်။ တကယ်တော့ ကိုအောင်မိုးဇော် အပါအ၀င် NCUB ၏ မဟာဗြူဟာ အစည်းအဝေးကို နားစွန်နားဖျားကြားသိပြီး NCUB အဖွဲ့ဝင်မဟုတ်သော ကိုမိုးသီးကိုပါ ပါဝင်သည်ဟု ရမ်းတုတ်လိုက်ခြင်း ဖြစ်သည်။

ကိုမိုးသီးတို့ မဲဆောက်တွင် “လူထုလှုပ်ရှားမှုကော်မတီ ၂၀၁၀” ကိုတက်ကြွသူများနှင့် မတ်လ (၁၃) ရက် နေ့ဖုန်းမော်နေ့တွင် စတင်စည်းဝေးကြပြီး ဧပြီလ (၃) ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။ (၂၁) ဦးကော်မတီ၏ ရည် ရွယ်ချက်မှာ ၂၀၁၀ တိုက်ဖျက်ရေး၊ လူထုလှုပ်ရှားမှု ပေါ်ပေါက်ရေး ပြည်တွင်းအင်အားစုများက ကြားဖြတ်အစိုးရတရပ်ကို ဖွဲ့စည်းနိုင်ရေးပင်ဖြစ်သည်။ ဗိုလ်ခင်ရီ ရှင်းလင်းတင်ပြနေသည်ကို နားထောင်နေစဉ် ဖျာပေါ် တွင်လှဲ၍ နားထောင်နေသော ကိုမိုးသီးတယောက် အိပ်ပျော်၍ ဟောက်များပင် ဟောက်နေ သေးတော့သည်။ ဤအချက်က အပြစ်မရှိသူတယောက်က အဓိပ္ပါယ်မရှိသော စွတ်စွဲချက်များ ကို ညည်းငွေ့သွားပြီး အိပ်ပျော်သွားခြင်းသာ ဖြစ်ကြောင်း သဘောပေါက်လိုက်မိသည်။ ရဲဘော်များက ဟောက်နေသော ရဲဘော်မိုးသီးကို ကြည့်ပြီး ရယ်မောနေကြသည်။
ဗိုလ်ခင်ရီက H20 မဏ္ဍပ်တွင် ဗုံးပေါက် ကွဲမှုကို ကိုစန်းနိုင်၊ ရဲသီဟ ကဦးစီးပြီး ABSDF မှကြိုးကိုင်ကြောင်း၊ တဖန် ABSDF သည် DAB အဖွဲ့ဝင်ဖြစ်ပြီး DAB ကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ် တာမလာဘောမှ ချုပ်ကိုင်ထားသဖြင့် ဆရာကြီးမှာ KNU ဖြစ်ကြောင်း သူလိုသလိုကောက်ချက်ဆွဲ၍ အီကွေးရှင်း ထုတ်ထားသည်မှာ ပညာဉာဏ်ကင်းမဲ့သူများ တိုင်းပြည်ကို လိမ်နည်းမျိုးစုံနှင့် သတင်းစာ၊ တီဗွီ၊ ရေဒီယိုတို့မှနေ၍ ပြည်သူနှင့် ဒီမိုကရေစီရေးကို ကိုယ်ကျိုးမဖက် ကျိုးစားဆောင်ရွက်နေသူများ အကြားသပ်လျှို ဖြိုခွဲနေခြင်းပင်ဖြစ်သည်။  ဗိုလ်ခင်ရီက ဗုံးခွဲသူတဦးကို ဖမ်းမိပြီး၎င်းဖော်ထုတ်ချက်အရ ၎င်းနှင့်အပေါင်းအပါ (၃) ဦးကို ဖေါ်ထုတ်နိုင်ခဲ့ကြောင်း၊ ၎င်းတို့ (၄) ဦးမည်သို့ မည်ပုံလှုပ်ရှားခဲ့ပုံ၊ လက်ပစ်ဗုံးများကို မည်ကဲ့သို့ အသုံးပြုပုံ၊ မည်သည့်နေရာမှနေ၍ ပစ်ပုံတို့က ၎င်းကိုယ်တိုင် ပါဝင်ပတ်သက်နေသည့်အလား တိတိကျကျ ပြောသွားခဲ့ပေသည်။
သတင်းစာသမားများ မေးသည့်အလှည့်တွင် သတင်းစာဆရာတဦးက ဗိုလ်ခင်ရီအား ဗုံးမကွဲမှီ ကကြိုတင်သတင်းရရှိပါသလား ? ဟုမေးမြန်းခြင်းကို ဗိုလ်ခင်ရီက ဗုံးခွဲမည့်သူများရှိနေသည် ကို သိရှိကြောင်း သို့ရာတွင်အတိအကျ သတင်းတော့မရရှိကြောင်း ဖြီးဖြန်းသွားသည်၊ တယောက်က ယ္ခုဗုံးခွဲသူများ မည်သူမည်ဝါ ပါရှိသည်ကို အတိအကျသိရှိပြီးဖြစ်သဖြင့် ထိုသူ များအကြောင်းကို မသိရှိမှီ ဗုံးကွဲမှုတွင်မသင်္ကာမှုဖြင့် ဖမ်းဆီးထားသော စာရေးဆရာ လင်းယုန် မောင်မောင် ၏သားနှင့် ၎င်း၏သူငယ်ချင်းတို့ အပေါ်မည်သို့သဘော ထားမည်နည်းဟုမေး လိုက်သည့်အခါ ဗိုလ်ခင်ရီအနည်းငယ် တွေသွားသည်၊ နောက်မှ ၎င်းတို့ကိုစစ်ဆေးမေးမြန်း တုံးရှိသေးကြောင်း အပြစ်မရှိကြောင်း ကြိမ်းသေသည့်အခါတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။ ဤနေရာတွင် ကျနော့်အမြင်မှာ လင်းယုန်မောင်မောင် သားနှင့် သူ့မိတ် ဆွေကို ဖမ်းဆီးခြင်းမှာ မှား၍ဖမ်းခြင်းဖြစ်သည်။ ဗုံးကွဲစဉ်ကယ္ခုအစိုးရကို ဆန့်ကျင်သူမှန်သမျှ ကိုဖမ်းလိုက်ခြင်းပင်ဖြစ်သည်။ ၎င်းတို့အားထောက်လှမ်းရေးမှ ပယ်ပယ်နယ်နယ် နှိပ်စက်ညှင်း ပန်းမည်မှာ သံသယရှိစရာမလိုပေ၊ တကယ်လုပ်သူများကို ဖေါ်ထုတ်နိုင်သည်ဟု သိပါက အပြစ်မဲ့သူများကို ချက်ချင်းလွှတ်ပေးရပေလိမ့်မည် ယ္ခုကဲ့သို့ မလွှတ်ဘဲဆက်လက်ချုပ်နှောင် ထားခြင်းမှာ လင်းယုန်မောင်မောင်သားဖြစ်သူကို မည်မျှရုပ်ပျက်ဆင်းပျက် နှိပ်စက်ထားကြောင်း ပေါ်လွင်သွားမည်ကို စိုးရိမ်၍ မလွှတ်ဘဲထားခြင်း ဖြစ်နိုင်ပေသည်။



လွတ်လပ်သောနိုင်ငံများတွင် အစိုးရက မတရားနှိပ်စက်ညှင်းပန်းမိပါက သန်းချီလျှော်ရသည်၊ အမေရိကန် လူမဲရော်ဒနီကင်းကို လူဖြူပုလိပ်များက ရိုက်နှက်ခဲ့ခြင်းကို ဗီဒီယိုရိုက်၍ တိုင်းပြည် ကိုတင်ပြခဲ့သဖြင့် လူဖြူ၊ လူမဲတို့ လော့အိမ်ဂျယ်လိစ် မြို့ကြီးတွင် အဓိကရုန်းဖြစ်ခဲ့ပြီး ရော့ဒနီ ကင်းကို အမေရိကန်အစိုးရက ဒေါ်လာ (၅) သန်းလျှော်ပေးခဲ့ရပေသည်။  ဗိုလ်ခင်ရီတို့ အနေနှင့် အပြစ်မဲ့ဖမ်းဆီးနှိပ်စက်ခံရသူ ဆရာလင်းယုန်မောင်မောင်၏ သားတို့ကို အပြစ်မရှိမှန်း သိသော်လည်း မလွှတ်ဘဲ အမှုဆင်ထောင်ချဘို့ ကြံစဉ်နေဟန်ရှိကြောင်း ထင် ရှားသည်။ မိမိတို့ အပြစ်မဲ့သူကို ဖမ်းမိခြင်းကို ၀င်မခံဘဲ ထိုအပြစ်မဲ့သူအား ထောင်ချရန်ကြံ စဉ်နေသောသူများက အပြစ်မဲ့သူများကို ဗုံးခွဲသူများကို ကမ္ဘာပုလိပ်အဖွဲ့ကြီး Interpol မှအရေး ယူဖမ်းဆီးပေးပါရန် ပြောနေခြင်းသည် အဓိပ္ပါယ်မဲ့လှပေသည်။ မြန်မာပြည်တွင် တရားဥပဒေ စိုးမိုးမှုမရှိကြောင်း ထင်ရှားစေခဲ့ပေသည်။

အမှန်တော့ အကြမ်းဖက်သူများသည် နအဖ စစ်အုပ်စုသာဖြစ်သည်။ ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ် များကို စာအုပ်ပေါင်းများစွာတွင် ဖတ်ရှု့နိုင်ပါသည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ခလေး လူငယ်များအပါအ၀င် လူပေါင်း ၃၀၀၀ ကျော် သတ်ဖြတ်ခံရခြင်း၊ ဒီပဲယင်း လုပ်ကြံမှုကြီး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် သတ်ဖြတ်ခံရသော ရဟန်းသံဃာတော်များကို ကြည့် လျှင် မည်သူက အကြမ်းဖက်သမားလဲ? ဆိုသည့် မေးခွန်းကို ဖြေစရာမလိုဟုထင်သည်။

မိမိယုံကြည်ချက်ကို ထုတ်ဖေါ်ပြောဆိုသဖြင့် အပြစ်မဲ့သောပြည်သူ ထောင်ပေါင်းများစွာတို့ကို မည်သူတို့က သတ်ဖြတ်ခဲ့သနည်း၊ မည်သူတို့က ဖမ်းဆီးနှိပ်စက်ညှင်းပန်းခဲ့သနည်း? အဓိက တရားခံမှာ အကြမ်းဖက်သမား နအဖ သာလျှင်ဖြစ်ကြောင်း လယ်ပြင်တွင်ဆင်သွားသကဲ့သို့ ထင်ရှားလှပါသည်။ သင်္ကြန်အကြမ်းဖက်မှုသည် နအဖ တို့၏အကြမ်းဖက်မှု ပေါင်းများစွာနှင့် နှိုင်းယှဉ်လျှင် မြူမှုန်တစက်မျှသာဖြစ်သည်။ အပြစ်မဲ့ ပြည်သူများ သေဆုံးရခြင်းကို ကျနော့် အနေနှင့် အထူးစိတ်မကောင်း ဖြစ်မိပါသည်။ သို့ရာတွင် မိမိပြည်သူကို မိမိကျွန်ပြုအုပ်ချုပ်နေ သော နအဖ အားတော်လှန်ရာ၌ ပြည်သူများ မြေစာပင်ဖြစ်တတ်သည်မှာ မလွှဲမရှောင်နိုင် သောအချက်တခု အဖြစ် လက်ခံရမည်ဖြစ်သည်။

နအဖ စစ်အာဏာရှင် စံနစ် ပျက်သုန်းသည့်အခါမှ သာ အကြမ်းဖက်မှု တို့ ရပ်တန့်သွားလိမ့်မည်ဟု ယုံကြည်မိပါကြောင်း။ ။

ထွန်းအောင်ကျော်

7 comments :

မင်း said...

လာပြန်ပြီ ...
နအဖ ရက်စက်လို့ ငါတို့ပြန်လုပ်တာ .. ပြည်သူတွေထိတာတော့ ဆော်ရီးဘဲ ဆိုတာလားး

အင်း.. ကြည့်ုခြင်သေးတယ် ..မင်းတို့သာ အာဏာရခဲ့ရင် နအဖ နဲ့ ဘာကွာမလဲ ဆိုတာ..

မင်းတို့လုပ်တယ်ဆိုလဲ ပွင့်ပွင့်လင်းလင်းပေါ့

Anonymous said...

ခွေးမင်း
ဘယ်သူက ငါတို့လုပ်တာပါလို့ ပြောနေလို့လဲ၊
စာဖတ်ပြီး အဓိပ္ပါယ် နားမလည်ဘူးလား။

Anonymous said...

Yes, i'm agreed with above reader. Dog Min didn't read the post coz his duty is just to write stupid comment in all demo blogs. This is their duty for their lives. They don't eat rice, they eat... .
So poor. brainless, shameless, ....

s0wha1 said...

really stupid post. pls admit you r the one who arranged it.

Anonymous said...

အကြမ်းဖက်သမားတွေဘာစောင့်ဆင့်မှကိုမရှိတဲ့ ကောင်တွေ၊ ဒီမိုကရေဆီဆိုပြီ နိုင်ငံတကာမှာ ဖင်ခံပြီးသူတောင်စားလုပိနေတဲ့ကောင်တွေ။

Anonymous said...

ကိုမိုးသီး..ခင်ဗျားဘလော့မှာဒီလို အောက်တန်းစားဆန်
တဲ့comment တွေကိုခွင့်ပြုလား၊ ဒါမှမဟုတ် ခင်ဗျား
ကိုယ်တိုင်ပဲ ရေးနေတာလား..

Anonymous said...

အရိုင်း နဲ့ အယဉ် ယှဉ်ကြည့်စရာ မလိုအောင် မြင်သာပါတယ်။
အဖယုတ် အမိကြမ်းလို့ ခွေးလမ်းလိုက်ကြတာပဲ။
ဒီလို စိတ်ကြမ်း နှုတ်ကြမ်း လက်ကြမ်းတွေ ရေးတာတွေ တင်ပေးတော့ သူတို့
ဇာတိမှန်ကို တစ်ကမ္ဘာလုံး သိရတာပေါ့ဗျာ။
အကျိုးရှိပါတယ်။
WFWW ကိုဂုဏ်ပြုပါတယ်။