ခုတလော ကျော်သူရဲ့ ဟစ်ပ်ဟော့သူရဲကောင်းများအကြောင်းတော့ အားလုံးလဲ ဖတ်ပြီးကြလောက်ရောပေါ။ သူတို့ရဲ့ဖန်တီးမှုကိုရော ခင်ဗျားတို့ နားမထောင်ချင်ကြဘူးလား။ ကျွန်တော့ဆီတော့ G Tone ပို့ပေးတာနဲ့ ခင်ဗျားတို့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ဟစ်ပ်ဟော့တွေ ဂီတလောကထဲ ၀င်ရောက်လာချိန်မှာ ဝေဖန်မှုတွေအမျိုးမျိုးထွက်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော့်အမြင်တော့ သူတို့ လူငယ်တွေလောက် စည်းစည်းလုံးလုံးနဲ့ ဂီတအမျိုးအစားတခုကို အချိန်တိုတိုအတွင်း မိတ်ဆက်နိုင်ခဲ့ပြီး မြန်မာလူငယ်ထုကြားမှာ ပွင့်လင်းမှုတွေကို လမ်းဖောက်ပေးနိုင်ခဲ့တဲ့ ဂီတသမားမျိုးတွေမရှိသေးဘူးလို့ ထင်ပါတယ်။ ဂီတအမျိုးအစားသစ်တွေကို ဟိုးတုန်းထဲက မြန်မာယဉ်ကျေးမှုထဲ ထိုးဖောက်ခဲ့တာပါပဲ၊ ဒါပေမယ့် ဟစ်ပ်ဟော့လောက်တော့ မြန်မြန်ဆန်ဆန်နဲ့ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ခဲ့တာ အမှန်ပါပဲ။
ဒီလိုဆိုလိုက်လို့ ဟစ်ပ်ဟော့ကို အကောင်းဆုံးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အရာတိုင်းမှာ အကောင်းအဆိုးတွေဒွန်တွဲနေတာပါပဲ။ ကျွန်တော်ကတော့ ဟစ်ပ်ဟော့သမားတွေမှာ ဘာတွေကိုကြိုက်သလဲဆိုရင် သူတို့ရဲ့ စိတ်ကူးစိတ်သန်း၊ အလျော့မပေးတတ်တဲ့ ဇွဲ၊ ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိတာနဲ့ မာန်မာနကင်းတာတွေပါပဲ။ ခင်ဗျားတို့လည်း ယူတတ်ရင် ဒီသီချင်းကနေတဆင့် ခင်ဗျားတို့အတွက် အသုံးဝင်တာတွေတွေ့မှာပါ ...
1 comment :
I found that song on youtube too
http://www.youtube.com/watch?v=bIIbtfnuKKA
Post a Comment