Sunday 30 May 2010

ဦးအောင်သိန်းလင်း သို့ ပေးစာ


ဦးအောင်သိန်းလင်း ခင်ဗျား မနေ့ က ဦးအောင်သိန်းလင်းနဲ့ မိသားစု ကြပ်ပြေးက နေပြန်လာတော့ကားမှောက်တယ်လို့ ကြားတယ်။ တနစ်သားအရွယ်မြေးကလေးသေတယ်။မြေးလေးကားမှောက်ပြီးသေရတဲ့အတွက် ၀မ်းနည်းပါတယ်။ အပြစ်မဲ့တဲ့ကလေးငယ်တဦးသေဆုံးသွားတဲ့အတွက် ကျနော်စိတ်ထိခိုက်ပါတယ်။
ခင်ဗျားတို့  ကားလမ်းတွေမကောင်းလို့  သေခဲ့တဲ့ ပြည်သူတွေဟာ ထောင်နဲ့ ချီနေပြီ။ ခင်းဗျားတို့ နအဖ အသိုင်းအ၀ိုင်းမှာတင်ကျနော် ကြားရသလောက်သေခဲ့သူတွေကိုပြောရရင် 

- ခင်ဗျာမြေး၊ ဒေါ်တူး (တေဇ ယောက်ခမ ) ၊ ဗိုလ်ချုပ်တင်ဦး သား ဇော်ထွန်းဦး ဆိုရင်လည်း လမ်းဆိုးမှာ  ဆေးမူး- မိန်းမကိစ္စ ကားမောင်းရမ်း -မသေသော်လည်းဦးနှောက်ပျက်သွား) ၊  ဗိုလ်မှုးကြီး စိုးမြင့် (ပုသိမ်မှန်စက်ရုံမှုး)  စသဖြင့်တွေ ဟာ ကားလမ်းစနစ်မကောင်းလို့  အသေဆိုးနဲ့ သေခဲ့ရတဲ့သူတွေ။

ဒါက ဘာကိုပြနေတာလဲဆိုတော့ - မြန်မာ ပြည်က  မြို့ တွင်းရော အဝေးပြေး ကားလမ်းစနစ်တွေက မကောင်းဘူးဆိုတာကိုပြနေတယ်။

 အဝေးပြေးကား လမ်းတွေက မလေးရှား၊ ဂျပန် နဲ့ အမေရိကန်နိင်ငံတွေမှာလို့ စနစ်တကျ ဖေါက်လုပ်ထားတာမဟုတ်ဘူး။ မလေးရှားက ကားလမ်းတွေက အမေရိကန် က ကားလမ်းတွေ လားထင်ရလောက်အောင် တိုးတက်ကောင်းမွန်နေတယ်။

မြန်မာ ပြည်မှာတော့ ခုထိ နိင်ငံတကာ ကားလမ်းအမှတ်သင်္ကေတပြစနစ်တွေမရှိဘူး။  အဝေးပြေးကားလမ်းတွေကို မြို့  ထဲက နေဖြတ်ဖေါက်တယ်။ ညဖက်ရောင်ပြန်မီးတွေမတတ်ထားဘူး။ မြေပုံအချက်အလက်၊ လမ်းခုလတ်နားနေစရာ ( Rest area ) တွေမရှိဘူး။ အဝေးပြေး ပုလိပ်ကားမရှိ၊ အရေးပေါ်တယ်လီဖုန်းတွေတပ်မထားဘူး။ အရေးပေါ်ကားတွေကလည်း အလုံအလောက်မရှိတော့ ခင်ဗျားမြေးလေးဟာအချိန်မှီ ဆေးရုံကိုမသယ်နိင်ဘူး။

ဒါကိုတွေလည်း ပြုပြင်ရ ၊တိုးတက်အောင်လုပ်ဖို့ လည်း ဦးအောင်သိန်းလင်းတို့  ဗိုလ်ချုပ်တွေနားမလည် ကြပါဘူး။  ကိုယ်ပိုင်ကားတွေမှာ  ကားမောင်းသူရော ၊ ဘေးကလိုက်တဲ့ခရီးသည် ( Persengers )   တွေပါ ခါးပတ်မပတ်ကြဘူး။  အဆိုးဆုံးကတော့ ၅ နစ်အောက်ကလေးကို ကားနဲ့  တင်ခေါ်မယ်ဆိုရင် ကလေးထိုင်ခုံ ( Child Seat ) နဲ့ မှာ ခေါ်ရမယ်ဆိုတဲ့ အသိတရားမရှိကြဘူး။  ဥပဒေနဲ့ ထုတ်ပြန်ထားရမယ်ဆိုတာနားမလည်ကြဘူး။

ဦးအောင်သိန်းလင်း နိင်ငံတော်တခုကိုတည်ဆောက်ရတာခက်ပါတယ်။ သိမ်မွေ့ တယ်။  ခင်ဗျားတို့ မလုပ်တတ်ပါဘူး။  ပညာတတ်တဲ့ခေါင်းဆောင်တွေမှာသာ နိင်ငံတော်တခုကိုတည်ဆောက်နိင်တာပါ။
ဒေါ်စုကို ၁၉၉၀ ကတည်းက အာဏာလွဲခဲ့မယ်ဆိုရင် ဒေါ်စုက လမ်းတွေကို ဘယ်လိုဖေါက်ရမယ်။
ကားလမ်းတွေရဲ စနစ်နဲ့ လုံခြုံမှု  Safety  စနစ်တွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ သူမသိတယ်။ သူက ဥာဏ်ရှိတယ်။

သူကိုသာ အာဏာလွဲပေးခဲ့မယ်ဆိုရင် ခင်ဗျားမြေးလေးဟာ အခုလို အသေဆိုးနဲ့ သေမှာမဟုတ်ဘူး။
ဦးအောင်သိန်းလင်း  စိတ်မဆိုးနဲ့ နော်။ တခုပြောမယ်။ ခင်ဗျားတို့ ဟာ ဥာဏ်မရှိဘူး။ခင်ဗျားတို့ လုပ်လိုက်ရင် အလွဲလွဲ အချော်ချော်တွေခြည်းပါပဲ။ ဒေါ်စုကိုလွတ်ပြီးအာဏာလွဲပေးလိုက်ပါလို့ အကြံပေးခြင်းပါတယ်။


ခိုင်ရန်နိင်






4 comments :

DG said...

ကံကောင်းထောက်မစွာ သူ့စရိတ်နဲ့သူ မှောက်ပေလို့ဘဲဗျာ။
တခြားကားတစ်စီးနဲ့များမတော်တဆတိုက်မိတာဖြစ်ခဲ့ရင်
တစ်ဖက်သူတော့ တစ်သက်တစ်ကျွန်းထောင်ဒဏ်လား၊
သေဒဏ်လားပဲ။
အခုလိုဖြစ်လို့စိတ်မကောင်းပါဘူး
သူ့ဖာသာဖြစ်လို့စိတ်သက်သာရပါတယ်။

Anonymous said...

ဒီလိုလူမျိုးကို ဘယ်လိုမှ မေတ္တာဂရုနာ မရှိနိုင်ပါ။
နည်းတယ်လို့ပဲပြောပါရစေ...

Anonymous said...

(ဗိုလ်ချုပ်တင်ဦး သား ဇော်ထွန်းဦး (မသေသော်လည်းဦးနှောက်ပျက်သွား) ၊ ဗိုလ်မှုးကြီး စိုးမြင့် (ပုသိမ်မှန်စက်ရုံမှုး) စသဖြင့်တွေ ဟာ ကားလမ်းစနစ်မကောင်းလို့  အသေဆိုးနဲ့ သေခဲ့ရတဲ့သူတွေ။)

ဇော်ထွန်းဦးရဲ့သတင်းကကြားရသလောက် ကားတိုက်တယ်ဆိုတာမှန်ပေမဲ့ လမ်းမကောင်းလို့တော့မဟုတ်ဘူးထင်တယ်ခင်ဗျ... အခြေအနေအမှန်လေးတွေကို အနည်းငယ်မျှ စီစစ်ပီးရေးသားပေးစေချင်ပါတယ်...

မန်းကိုကို said...

ကိုမိုးသီးရေ၊ ပုဂ္ဂိုလ်ရေးကို နိုင်ငံရေးနဲ့ မရောစေလိုပါ၊ မမှားပေမယ့် သူတစ်ပါးအတွက် အပူမီးတောက်လို့ နားထောင်ဖို့ရာ ခက်ခဲနေတဲ့အချိန်မှာ ဒီလိုပို့စ်တွေကို တင်လာတာ မသင့်တော်လို့ သဘောမတူဖူးလို့တော့ ပြောလိုပါတယ်။