အန်ကယ်ဦးရဲ ထွန်းကွယ်လွန်သွားတယ်ကြားရတော့ ကျနော်အထူးပဲ စိတ်မကောင်းဖြစ်မိပါတယ်။
သူအခြေအနေမကောင်းဘူးလို့  လွန်ခဲ့တဲ့ ၄ ရက်ခန့် က သတင်းရတယ်။ ဒီအချိန် ကျနော် စင်္ကပူမှာရောက်နေတယ်။ တည်းနေတဲ့ ဟော်တယ်လ်ကနေ သူကို ဖုံးခေါ်လိုက်ပါတယ်။ ဖုန်းထဲမှာသူအသံက
မာမာချာချာရှိနေတယ်။ ဒါပေမဲ့ သူက '' မိုးသီးရေ ငါမနေရတော့ဘူးကွာ '' လို့ ပြောပါတယ်။ ကျနော်က သူကို ဓိတ်ဓါတ်မကျနဲ့  ။ အားတင်းထား။ ရှင်သန်ခြင်သေးတဲ့စိတ်ရှိ ရင် Bio-maganisim တွေက ရှင်သန်ဖို့ အတွက် ဆက်လက်လှုံ့ ဆော်ပေးနိင်တယ်။ အန်ကယ်အားမလျော့ပါနဲ့ လို့ ပြောမိတယ်။
သူနဲ့ ကျနော် မကြာခန စကားပြောဖြစ်ကြတယ်။ တခါတုံးက ဒီမိုကရေစီ် ရရင် ဒို ၀ီစကီအတူသောက်ကြတာပေါ့ လို့ ပြောခဲ့ဘူးတယ်။ ကိုမင်းကိုနိင်၊ကိုဇေယျ တို့  တွေထောင်ကလွတ်လာတော့ သူအားတက်တယ်။ ကျနော်တို့ ကြားမှာဆက်သွယ်ရေး သူလုပ်ပေးတယ်။ ၈၈ မျိုးဆက်တွေကို ဒီချုပ်နား ကိုသိပ်မကပ်ပဲ နိင်ငံရေးအရ သီးခြား ပုံစံနဲ့  ဒီချုပ်ရဲ့  လှုပ်ရှားမှုတွေကို အားပေးတာကို သူလိုလားတယ်။ ၈၈မျိုးဆက်တွေဟာ ဒီချုပ်နဲ့ သိပ်ကပ်နေတယ်။ ရန်သူက ပြစ်မှတ်လုပ်လာပြီး အကုန်လုံးကိုပြန်ဆွဲမှာကိုသူစိုးရိမ်တယ်။ သူရဲ့ နိင်ငံရေးအမြင်ကတော့ - ဖွင့်ဖြိုးမှုကိုအရင်လုပ်( Developement first )၊ နိင်ငံရေးပတ်ဝန်းကျင်ကိုဖန်တီး ( creating political enviroment ) ၊ အရည်သွေးကိုမြှင့်တင် ( Capacity building) ၊ နောက်--- အပြောင်းလဲ ( Change)။
ဒါပေမဲ့ သူအမြင်တွေဟာ နိင်ငံရေးမောရုံတောမှာ အဓိကလမ်းကြောင်းအဖြစ်ပေါ်ထွက်မလာပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ နအဖ စစ်အစိုးရ အလုံးဆုံပျက်သုဉ်းရေး စိတ်ထား ( Zeo-Sum Attitude) က အားလုံးရဲ့  အပြုသဘောဆောင်ချဉ်းကပ်မှုတွေကို လုံးဝလျစ်လျူရှု့ နေလို့ ဖြစ်ပါတယ်။
၈၈ တုံးက သူ ရဲ့  သံတမန်ဆက်ဆံရေးနဲ့  ဟန်ချက်ညီတဲ့လှုပ်ရှားမှုတွေအတွက် အသိမှတ်ပြုရမဲ့ဟာတွေရှိတယ်။ ကျောင်းသားတွေနဲ့  ခေါင်းဆောင်တွေကြားမှာ ပူးပေါင်းဆောင်ရွက်မှု တွေကို ဖန်တီးပေးနိင်စွမ်းရှိခဲ့သူဖြစ်ပါတယ်။ သူရဲ့ စွမ်းဆောင်ချက်တွေဟာ ၈၈ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အဖိုးတန်တဲ့ရလဒ်တွေကို ပေးခဲ့သူဖြစ်ပါတယ်။ ဒီအပေါ်မှာသူရခဲ့တဲ့ဆုလဒ်က ထောင်ဒဏ်။ လုပ်ဖေါ်ကိုင်ဖက်တွေရဲ့  တဆံပ်မျိုးစုံကပ်ခံရသူ။
သူစိတ်ကောင်းပုံမရဘူး '' လူတွေက မင်းသားပဲလုပ်ခြင်ကြတာကွ၊ လူကြမ်းနေရာကနေမကခြင်ကြဘူး''
လို့ ဆိုတယ်။
၁၉၉၇ လောက်တုံးက သူနဲ့ ဘန်ကောက်မှာတခါပြန်တွေ့ တယ်။ သူကိုဘာစားမလဲမေးတော့ ဟန်ဘာဂါစားမယ်လို့ ပြောတယ်။ မြန်မာ ပြည်မှာ ဟန်ဘာဂါတောင်ကောင်းကောင်းမစားရပါဘူးကွာလို့ သူငြီးတယ်။ ဒါနဲ့ ကျနော်တို့ ဟန်ဘာဂါအတူစားရင်း နိင်ငံရေးအကြောင်းဆွေးနွေးဖြစ်ကြတယ်။ သူဟာ အမေရိကန်အာရီဇိုးနား ပြည်နယ်တက္ကသိုလ် ကျောင်းထွက်တယောက်ဖြစ်တဲ့အတွက် သူရဲ့ နိင်ငံရေးသုံးသပ်ချက်တွေဟာ အဖိုးတန်လှပါတယ်။ ဒီအချိန်က မီဒီယာတွေသမားတွေရဲ့  အရမ်းကာရောသုံးသပ်ချက်တွေက စစ်တပ်ထဲမှာ Rising Star ဖြစ်နေတာက ဗိုလ်ခင်ညွန့် ။
ကျနော်က မောင်းအေးနဲ့  ခင်ညွန့်  မှာ ဘယ်သူ တက်လာမလဲ လို့ မေးတော့ သူက သန်းရွှေ။ ကျနော် သေချာလားလို့ ထပ်မေးတော့ သူက သန်းရွှေပဲ။ မင်းကြည့်နေ ဒို တတွေ ကိုဒုက္ခပေးမဲ့သူဟာ သန်းရွှေပဲ လို့ ဟောကိန်းထုတ်ပေးသွားခဲ့ပါတယ်။ ၂၀၁၀ မှာ တော့ သူအမြင်က ကျနော်တို့  နဲ့ မတူဖြစ်နေပါတယ်။ သူက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုအားမရမှု တွေဖြစ်နေတယ်။ရွေးကောက်ပွဲ ၀င်သင့်တယ်လို့ သူယူဆတယ်။ ဒါပေမဲ့
မသေချာသလို လည်း သူခံစားနေရတယ်။ မဆုံးခင် ၂လ လောက်မှာတော့သူရွေးကောက်ပွဲမ၀င်တော့ဘူးလို့ လည်း ပြောခဲ့
လို့ ဖြစ်ပါတယ်။ ကျနော်ကတော့သူကို မ၀င်ဖို့ စေချင်ဘူး။ မ၀င်ဖို့ ကြုံတိုင်းတိုက်တွန်း။
သူရဲ့ အရည်အချင်းကတော့ အသက်ကြီးပေမဲ့ ကိုယ်ကိုကိုယ်ယုံကြည်မှုရှိတာရယ်။ ခေတ်မှီနည်းပညာတိုးတက်မှုတွေကို
ကျွမ်းကျင်စွာအသုံးချနိင်တာတွေဟာ ကျနော်တို့ အတုယူသင့်တဲ့အရေအချင်းတွေပါ။ သူကိုလေးစားမိတဲ့အချက်တခုကတော့ သူဟာအလွန်ကြွယ်ဝချမ်းသာတဲ့အသိုင်းအ၀ိုင်းဖြစ်ပေမဲ့ နိင်ငံရေးအသိုင်းဝိုင်းက ဆင်းရဲ တဲ့ရဲဘော်တွေကို သူက မြတ်မြတ်နိုးနိုးပေါင်းသင်းလေ့ရှိတာ ထောက်ပံ့လေ့ရှိတာတွေပါ။
၈၈တုံးက ဗကသ၊ မကသ ဖြစ်ကြတုံးက သူက မကသက ရဲဘော်တွေနဲ့ နီးစပ်ခဲ့သူဖြစ်ပေမဲ့ သူနဲ့ ကျနော်ဆက်ဆံရေးက
မပျက်ခဲ့ပါဘူး။
ပျောက်ဆုံးနေတဲ့ ၊ ပြတ်တောက်နေတဲ့ ပြည်တွင်းကွန်ယက်တွေကို သူက ပြန်လည် ဆက်သွယ်ပေးနိင်ခဲ့ပါတယ်။ သူရဲ့ စကိုင်းပီ နာမည်က yehtun ဖြစ်ပြီး Profile မှာ lawyer, businessman, and Golfer လို့  သူကိုယ်သူခံယူထားပါတယ်။ ကျနော်ကို စကိုင်းပီက ဆက်သွယ်နေရင်း
ရဲဘော်တွေတချို့ ဆုံးပါးသွားကြ။ရေတိမ်နစ်ကြ။ သူတို့ အကောင့်လေးတွေက မီးစိမ်းမပြ တော့ပေမဲ့ ကျနော် ဖျက်လေ့မရှိပါဘူး။ အန်ကယ်ဦးရဲထွန်း အကောင့်က မီးစိမ်းလေးကိုလည်း ကျနော်ဘယ်တော့မှမြင်ရမှာမဟုတ်တော့ပါဘူး။ ကျနော်သူကိုသတိရနေမှာပါ။ ၈၈ မုန်တိုင်းထဲက ဇတ်လိုက်တဦး အနေနဲ့  သူကိုပုံရိတ်တွေကို ကျနော် မြင်ယောင်နေမှာပါ။
ပြင်းထန်လှတဲ့ နိင်ငံရေးမှုန်တိုင်း ကြားမှာ သူဟာ လှိုင်းရိုက်ခံရတဲ့ ကျောက်ဆောင်တခု။ သူက ဒီမိုကရက်။ မြန်မာ ပြည်ကိုအလွန်ချစ်မြတ်နိုးသူ။ ဒါကိုကျနော်ယုံကြည်နေတယ်။ အန်ကယ် ဦးရဲ ထွန်း ကောင်းရာသုဂတိသို့လားပါစေ။
Friday, 7 May 2010
Subscribe to:
Post Comments
(
Atom
)
5 comments :
U Ye Htun was the brihgt star of democratic green book at Insein prison together with us and after my political prisoner's life,had to retold him at his Maotun coltd,8th,floor,shwegonedine in 2003 and had to meet his right window nearest our left window of Burma's democratic society.
best regard;
GSC.KoThiHa8888.
WA,U.S.A.
Ph;(509)5823261.
ဒိထက်ပိုပြီး ပြည့်စုံစွာ ရေးပြ/ပြောပြပါဦး၊ အလေးပြုပါတယ်၊
ဦးရဲထွန်းဓာတ်ပုံ ရှိရင် တင်ပေးပါဗျာ။
ခင်ဗျားရေးထားတာရယ်၊ အင်တာနက် သတင်းတချို့ရယ်
ဖတ်ပြီးမှ..ဦးရဲထွန်း ဆိုတာ လေးစားစရာကောင်းတဲ့ လူကြီးလူကောင်းတစ်ယောက်မှန်း သိရတာပါ။
I love Uncle U Ye Htun. I felt really sorry for him.
u ye tun and ko thet khaing were key persons of 88 revolution. i pay respect to that two persons.
Post a Comment