ဒီစာကို သူငယ်ချင်းတွေဆီ ဖြန့် ဝေပေးပါဗျ....
စာနာတတ်သူတိုင်း.......သို့....
..................
-ခွာညို မှ ပေးပို့သည်။-
ကျွန်တော်တို့ စစ်ကိုင်းတိုင်း ကလေးမြို့ ပင်လုံရပ်ကွက်နယ်မြေ (၇)အချိုကို ဒီနေ့ 19-5-2010 အမက (၉) ကျောင်းမှာ အစည်းအဝေး ခေါ် ပါတယ်။အကြောင်းကတော့ လေယာဉ်ကွင်းချဲ့ ဖို့ ကျွန်တော်တို့ အိမ်တွေကို သိမ်းမှာ
မို့ ပါ။ အစည်းအဝေး ခေါ် တယ်ဆိုပေမဲ့ သူတို့ ပြောတာကို နားထောင်ရတာပါ။အဲဒီလို အိမ် တွေ သိမ်းတဲ့ အထဲမှာ အိမ်ခြေပေါင်း 115 အိမ်တောင်ပါတယ် ဗျာ။
အသိမ်းခံ ရတဲ့ အိမ်တွေကို ကလေးမြို့ အနောက်ဘက် တောင်ဖီလာ တောင်ခြေတောင်ဖီလာ သချိုင်း အနီး မှာ နေရာ ပေးမယ်လို့ ဆိုပါတယ်။ လမ်းတွေမြောင်းတွေ တောင်ဖောက်ပြီးပြီ ဆိုပဲ။ အိမ်ရွေ့ ဖို့ က လွဲလို့ ဘာမှမစဉ်းစားနဲ့၊ ရှေ့ ပတ်ထဲမှာ မြေကွက် မဲနှိုက်ပေးမယ်လို့ ဆိုပါတယ်။နစ်နာကြေးကတော့ ဆောက်တဲ့ အိမ်အလိုက် ပေးသွားမယ်လို့ ဆိုပါတယ်။ ရီချင်စရာမကောင်းဘူးလားဗျာ။ တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ ကျွန်တော်တို့ က ဘယ်လိုနဲ့ အိမ်ရွေ့ဖို့ငွေရှိမှာ လဲ ဗျာ။ ငွေရှိတယ်ပဲ ထားဦး ဆောက်ပြီးမှနစ်နာကြေှး ပေးမယ်ဆိုတာ ယုံနိုင်စရာမရှိပါဘူး။ နှစ်ပေါင်းနှစ်ဆယ်လောက် အုပ်ချုပ်လာတဲ့ ဒီအစိုးရစကားကို ကျွန်တော်တို့ ဘယ်လိုယုံမှာလဲ။
တကယ်လို့ များ တစ်ယောက်က တတ်နိုင်လို့ဆယ်ထပ်တိုက် ကြီး ဆောက်ရင် သူတို့ကအဲဒီအတိုင်းပေးမှာလား။
ကျွန်တော်တို့ ရပ်ကွက်မှာ ပျဉ်ထောင်အိမ်ကလေး၊ ၀ါးကပ်အိမ်ကလေး တွေ ရှိသလိုတိုက်နဲ့တာနဲ့ သိန်းပေါင်း လေးငါးဆယ်ပေးရင်တောင်မရောင်းတဲ့ အိမ်တွေလည်းမနည်းပါဘူး။အဲဒီ အိမ်တွေကို ဘယ်လိုလုပ်မှာလဲ။ပြီးတော့ မြို့ လည်ဖြစ်တဲ့
အတွက် လက်လုပ်လက်စား တွေ အလုပ်သွား အလုပ်ပြန်ဖို့ အဆင်ပြေပါတယ်။အခုရွေ့နေ ရမဲ့ မြို့ ပြင်သချိုင်း နားမှာ ပါတွေ လုပ်စားရမှာလဲ။ အိမ်ခြေ ရာကျော် လူဦးရေ ၆၀၀ ခန့်ဟာ၊ ဒုက္ခရောက်တော့ မှာ အမှန်ပါပဲ။
ဒီကလေးမြို့လေယဉ်ကွင်းဟာ ကလေးမြို့ ရဲ့ အလယ်တည့်တည့် မှာ ရှိနေတာပါ။မြို့ ရဲ့အစည်ဆုံးနေရာဖြစ်တဲ့လမ်းဆုံ ဗန္ဒုလကြေးရုပ် ဟာ လေယဉ်ကွင်းရဲ့ အရှေ့တောင်ဖက် ကပ်လျက် ပါ။မြို့ လယ်မှာ လေယဉ်ကွင်းရှိတာ ဘယ်နှစ်မြို့ များ
ကြားဘူးလို့ လဲ ဗျာ။ လေဆိပ်ရုံးဟာ ဗိုလ်ချုပ် လမ်းပေါ်မှာ ဖြစ်တဲ့အတွက်လေယဉ်ဆိုက် ချိန်မှာ ခရီးသည်၊ ကား၊ ဆိုင်ကယ်တွေနဲ့ တအားရှုပ်ပါတယ်။ အစိုးရအနေနဲ့ ကျွန်တော်တို့ကို ရွေ့ ခိုင်းမယ့် အစား ဒီလေ
ယဉ်ကွင်းကို အကွက်ရိုက်ပြီး မြို့ ပြင်မှာ ပဲ အသစ်လုပ်သင့် ပါတယ်။
အဲဒီလိုဆိုရင် မြို့ နေလူထု ရော ၊ တက္ကစီ သမားတွေပါ အဆင်ပိုပြေကြမှာပါ။
အခုသိမ်းမယ့် အကွက်ဟာ ချင်းလူမျိုးတွေချည်း နေတာပါ။ တကယ်လို့ ဗမာရပ်ကွက်ဆိုရင်ရော သိမ်းပါ့ မလား ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး လို့ ကြွေး ကြော်နေတဲ့ ၂၀၁၀ ရွေး ကောက်ပွဲ
ကျင်းပမယ်။ ဒီမိုကရေစီရမယ်လို့ အသံ ကောင်းဟစ်နေတဲ့ ဒီအစိုးရကိုကျွန်တော်တို့ဘယ်လို နားလည် ဘယ်လိုယုံကြည်ရမှာ လဲဗျာ။
ကလေးမြို့ က
ကလေးသား
ပင်လုံရပ်ကွက်
ကလေးမြို့ ။
တဆင့်ပြန်ပို့ပေးတာ ပါ (ခွါညို)
Wednesday, 26 May 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment