နအဖက မင်္ဂလာဈေးကို ရှို့ တယ် လို့ သတင်းထွက်နေတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ နအဖ ကျောထောက်နောက်ခံပြုထားတဲ့ ကုန်တိုက်တွေ က အရောင်းမလိုက်ပဲ မင်္ဂလာဈေးက ပို ပြီး ဈေးကွက်မှာ သြဇာရှိနေလို့ ဖြစ်တယ်။ မင်္ဂလာဈေးက ဈေးသည်အတော်များများ ဟာမိရိုးဖလာ ကုန်သည်ဘ၀ ကလာကြတာဖြစ်ပြီးတေဇ ၊မက်ဇော်ဇော်တို့ လို ခေတ်ပျက်သူဌေးတွေ မဟုတ်ကြဘူး။ မင်္ဂလာဈေး နဲ့ အခြားဈေးက ကုန်သည်ကြီးတွေက ၂၀၀၇၊ နာဂစ်နဲ့  ၂၀၁၀ ရေငတ် ပြသာနာတွေမှာ တတပ်တအား ငွေအားနဲ့ ကူညီလေ့ရှိကြတဲ့အတွက် နအဖ ရန်သူလို လျိုလ်ဝှက်သတ်မှတ်ထားတယ်လို့ သိရတယ်။
အခွင့်ပေါ်လာတဲ့အခါမှာဒဏ်ခတ်တဲ့အနေနဲ့ မီးရှို့ တာတွေ၊ ကန့် သတ်တာတွေ ကိုလုပ်လေ့ရှိပါတယ်။
ဈေးတွေ နဲ့ သမ၀ါယ မဆိုင်တွေကိုမီးရှို့ လေ့ရှိတာ ဟာ မဆလ ခေတ်က ကတည်းက ဖြစ်ပါတယ်။
နအဖ ရှို့ တာမဟုတ်ဘူးလို့ ယုံကြည်တဲ့သူတွေလည်းရှိပါတယ်။ သူတို့ ဟာ ကိုအပြစ်မဆိုပါ။
သူတို့ ဟာ နအဖရဲ့  လုပ်ကြံဖျက်ဆီးမှု တွေကို ကိုယ်တိုင်မကြုံဘူးသေးလို့ လည်းဖြစ်ပါလိမ့်မယ်။ လုံခြုံရေးဆိုင်ရာ သီအိုရီတွေကိုမလေ့လာဘူးသေးတဲ့သူတွေလည်းဖြစ်ကောင်းဖြစ်မယ်။
Tuesday, 25 May 2010
Subscribe to:
Post Comments
(
Atom
)
2 comments :
ဟုတ်ပါမလား မောင်မိုးသီးရဲ. ထပ်ညာပြန်နေပြီလား ။မင်းအမေအိမ်ကို ဘာလို. သူတို.မရှိ.တာလဲ ။တော်တော်ညံ.တဲ. နအဖ ။
သူတို့ အာမခံထားလား။ အရင်လည်း စုံစမ်းပါဦး။ စာရေးလည်း ကိုယ်မကြိုက်တဲ့ဘက်ကို ဖိမရေးနဲ့ ခေါင်းလေးလည်း နည်းနည်းတော့ သုံးဦး။ ဖတ်တဲ့ သူတွေက စာတတ်နေပြီ။ ဒီ ကွန်းမင့်လေးတော့ တင်ပေးပါဦးဗျာနော်။
Post a Comment