ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဒုဥက္ကဌ ဦးတင်ဦး အိမ်မှာေ၇ွးကောက်ပွဲအောင်နိုင်ခဲ့တဲ့ နှစ် နှစ်ဆယ်အမှတ်တရ ကျင်းပ ခဲ့ပါတယ် ။ လူကြီးလူငယ် ၂၅၀လောက်တက်ရောက်ခဲ့ပါတယ်။ဦးတင်ဦးက
နှစ် ၂၀ တွင်း ကျော်ဖြတ်ခဲ့ရတဲ့ ပါတီ အခြေအနေတွေ နဲ့ ပြောကြားပြီးဦးဝင်းတင်ကတော့ သပိတ်မှောက်ရမယ်ေ၇ွးကောက်ပွဲကိုမှတ်ပုံမတင်တာ သပိတ်မှောက်တာပဲ ပြည်သူတွေ လည်း
ရွေးကောက်ပွဲကိုသပိတ်မှောက်ရမယ် သပိတ်မမှောက်နိုင်ရင်ဒီမိုကရေစီစော်နံနေတဲ့ အမတ်လောင်းတွေ ကို မဲထဲ့ နေရလိမ့်မယ် -လို့ ပြောသွားပါတယ်။ဦးတင်ဦးက အမှတ်တရ အခမ်းအနားပြီးချိန်မှာအဖွဲ့ချုပ်လူငယ်တွေနဲ့ သူကျော်ဖြတ်ခဲ့ရတဲ့ အတွေ့ အကြုံတွေကိုရှင်းပြပါတယ် ။။
ဦးတင်ဦးက ပြည်သူလူထုကို အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့  မေတ္တာရပ်ခံကြောင်းသိရပါ
တယ်။ ရွေးကောက်ပွဲဝင်မဲ့  ပါတီတွေ ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့  အတူ တိုက်ပွဲဝင်ဖို့  တောင်းဆို လိုက်ပါတယ်။
သစ်ပင်စိုက်နေတဲ့ လူငယ်တွေကတော့အမျိုးသား
ဒီမိုကရေစီအဖွဲ့ ချုပ်မှာ နှစ်ရှည်လများ ရည်ရွယ်ချက်
ကြီးစွာတိုက်ပွဲဝင်နေတဲ့ ကိုဘမောင် ၊ ကိုအေးဘို
နဲ့  မြို့ နယ် လူငယ် တစ်ဦးဖြစ်ပါတယ် ။ ကံ့ကော်ပင်
ကိုအမှတ်တရ စိုက်ပျိုးနေကြတာပါ။
Thursday, 27 May 2010
Subscribe to:
Post Comments
(
Atom
)
5 comments :
ထမင်းပွဲကို မြင်ရတော့ စိတ်မကောင်းဘူး။သိပ်ပေးဆပ်ရ တဲ့လူတွေရဲ့ ထမင်းပွဲလား။ အခင်းမရှိ၊ဟင်းပွဲမြိုင်မြိုင်ဆိုင်ဆိုင် မရှိနဲ့ စိတ်ထဲမှာတမျိုးပဲ။ သူတို့ ကို သိပ်လေးစားပါတယ်။ ဒေါ်စုကိုေ၇ာပါပဲ။အားလုံးသော အဖမ်းခံ၊ထောင်ကျခံ၊အနှိပ်စက်ခံနဲ့ တချို့ ဆို ဆုံးသာသွားရော ကိုယ့်နိုင်ငံကြီးဟာ ဘာမှမဖြစ်လာဘူး။ ကိုမိုးသီးကိုလည်း လေးစားပါတယ်။ဒါပေမယ့် ခုနောက်ပိုင်းမှာ တမျိုးပဲလို့ ထင်မိတယ်။ တချို့ ဆောင်းပါးတွေဟာ လူတွေကို တမင်ကို ထိုးစွနေပြီး အရေးအခင်းဖြစ်စေချင်တဲ့ သဘောတွေ လို့ မြင်မိတယ်။ နိုင်ငံရေးအရမှန်ပါတယ်။ ဒါပေမယ့် တခုတော့သိချင်တယ်။ ကိုမိုးသီး ဒီလောက်လုပ်ခဲ့ပြီးမှတော့ ရည်ရွယ်ချက်တခုတော့ရှိမှာပါ။ ဆိုလိုတာက နိုင်ငံရဲ့ ခေါင်းဆောင်နေရာကပါ။
တချို့ ဆောင်းပါးတွေဟာ ပြည်တွင်းကလူတွေကို လူံ့ ဆော်နေပေမယ့် လက်တွေ့ မကျတော့ဘူး။ စာသားဆန်လာတယ်။ဘာလို့ ဆို ကိုမိုးသီးမြန်မာနိုင်ငံကထွက်သွားတာ ကြာလှပြီပဲ။ ဆိုတော့ ကိုမိုးသီးကိုတချို့ အကြောင်းအရာတွေမှာ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်စေချင်တယ်။အပြစ်တင် ဝေဖန်နေတာမဟုတ်ဘူးနော်။Feed back ပေးတဲ့အနေနဲ့ ပဲပြောတာပါ။
ရှင်းလင်းအောင်ပြောရရင် ကိုမိုးသီးက လူထုရဲ့ ခေါင်းဆောင်နေရာကို ယူဖို့ လုပ်မှာလား၊ blogger တစ်ယောက်အနေနဲ့ ပဲရပ်တည်မှာလား။ ကိုယ်နိုင်သလောက်နိုင်ငံရေးကိုပဲ လုပ်မှာလား။လူထုရဲ့ ဘယ်နေရာမှာ ကိုမိုးသီးရပ်မှာလဲ။ အမြဲတမ်းဒီ blogကို ဖတ်တယ်။၂၀၀၇ ထဲကဆိုပါတော့.။အမှန်အတိုင်း ကျွန်မရဲ့ ခံစားမူကိုပြောရရင် ကိုမိုးသီးဟာ နိုင်ငံတခုခုဖြစ်ရင် ဘယ်နေရာမှာဝင်ပါမှာလဲ?ကျွန်မမသိဘူးဖြစ်နေတယ်။ အရင်88တုန်းကလို ခေါင်းဆောင်ပဲလား၊ US မှာ နိုင်ငံရေးခိုလူံခွင့်ရသွားလို့ မဖြစ်မနေလုပ်နေတာလား?
လူထုရဲ့ စိတ်ထဲမှာ ကိုမိုးသီးဘယ်နေရာဆိုတာကိုမြင်အောင်လုပ်ပေးပါလား။
သြော်
မလုပ်တတ်ပါဘူးဆိုနေမှ သူက ဇွတ်.......
good question ,i like it
I can't believe how Burma has become.
Good people suffer and suffer and gang of state sponsor terrorists( lairs, robbers, thieves, and killers combined ) become rulers these days.
How can Burmese army let that happen to their own country.
Thura Tin Oo is a very truthful and respectful general who truly care about Burma and they need to follow leader like him.
Please take a look at his simple way of life and sacrifice even at his old age. This is very different from your current leader who dined on 1000 dishes meal, ride Mercedes, play golf and order to shoot anyone who will take his power.
It is not too late for good people in army to choose the right path.
ဟုတ်တယ် ကိုမိုးသီးဘယ်နေရာကနေ ပါဝင်မှာလဲ..
ABSDF အနေနဲ့ကောဘာတွေဆက်လုပ်မှာလဲ...
Post a Comment