Sunday 16 May 2010

ရေပြသနာ အတွက် လူထု စုစည်းမှုများ ပြုလုပ်လာခြင်း



ယနေ့ညနေ  ပံခူးမြို့ ရွှေအောင်ရွေးစေတီကုန်တော်ပေါ်တွင် ရပ်ကွက်သားများ စုပေါင်းပြီး သံဃာတော်များ ကိုပင့်ဖိတ်၍ မိုးရွာစေရန်အလိုငှာ ငရံ့မင်းပရိတ်ရွတ်ဖတ်သရဇါယ်ခြင်းများ ပြုလုပ်ကြပါတယ်။ ရွတ်ဖတ်သရ ဇါယ်အပြီးမှာ ရိုးရာဓလေ့ထုံးစံအရ မိုးတွေရွာသွန်းဖြိုးလာအောင် လွန်ဆွဲပွဲ ကျင်းပကြကြောင်းသိရပါတယ်။




 ကိုကျော်စိုးနိုင် ဦးစီးသည့် လမ်မတော်မြို့နယ် ဘောလုံးအသင်းမှ ရေကားသုံးစီးဖြင့် ဝေါမြို့နယ် ဧကရာဇ် ကျေးရွာအပါအ၀င် ရေရှားပါးပြတ်လပ်နေသည့် ကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 ထိုအလှူရှင်များအားလုံး မေတ္တာရှင်တူညီဝတ်စုံ ၀တ်ထားကြသည်ကိုလည်း မေတ္တာရှင်များအဖြစ် မျက်မြင် တွေ့မြင်ခဲ့ရပါကြောင်း။  ။

1 comment :

Anonymous said...

ရေပြသနာမှာ နိုင်ငံရေးသမားဆိုတဲ့လူတွေနဲ့စာနယ်ဇင်းသမားတွေ အရည်အချင်းကွာနေတာသိသာနေတယ်။
မိုးသီးကိုဘယ်သူမှ မမှီသေးဘူး။
အကျင့်မကောင်း ရိုင်းပြတာနဲ့ ပေါကြောင်ကြောင်အကျင့်ရှိပေမဲ့
ကြိုတင်မြင်တတ်တာတော့ဘယ်သူမှ
မိုးသီးကိုမမှီသေးဘူ။
ဇော်နိုင်