ညောင်လေးပင်ရွာ၊ ထော်သွန်ရွာ၊ လက်ပံရွာ၊ သပြေကန်ရုံးရွာ၊ သပြေမရွာ တို့ အနီးတ၀ိုက်တွင် ရှိကြပြီး အိမ်ခြေ ၃၀၀ ဝန်းကျင်ခန့်စီရှိကြသည်... အဆိုပါ ရွာများတွင် ပိုမိုဒုက္ခရောက်နေသည်ပာု ရွာလူကြီးမှ ရှင်းပြပါသည်... ကုလားဝဲကျေးရွာကို အခြေတည်ပြီးသာ ပို့ပေးနိုင်သောကြောင့် အခြားကျေးရွာ များမှာ လိုအပ်သော ရေပမာဏကို လုံလောက်အောင် မရနိုင်သေးပါ... အခြားရွာများသို့ပါဆင်းပြီး လှူဒါန်းနိုင်မည်ဆိုလျှင် ပိုမိုအဆင်ပြေနိုင်ပါသည်...
ထို့ကြောင့် Save The Aged မှ အဆိုပါကျေးရွာများသို့ လာမည့်တနင်္ဂနွေနေ့ ၁၆-၅-၂၀၁၀ တွင် သွားရောက်၍ ရေလှူဒါန်းမည်ဖြစ်ကြောင်း... မိမိတို့ တတ်အားသရွေ့ အလှူပါဝင်လှူဒါန်းနိုင်ရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်...
၁။ ရေသန့် ဗူးကြီးတစ်ဗူး - နှစ်ရာကျပ် (ရာဇာရေသန့်) ရာဇာရေသန့်မှ ရေအလှူအတွက် သီးသန့်ဈေးဖြင့် ပေးခြင်းဖြစ်ပါသည်။
၂။ သုံးရေအနေနဲ့ လှူချင်ရင် ဘောက်ဆာ ကားရှာပြီး ရေလှူပေးရန်အတွက် မြို့တော်စည်ပင်တွင်ရနိုင်ပါသည်။
၃။ ပစ်ကပ်ကားလိုအပ်ပြီး ကူညီပေးနိုင်သူများ ဆက်သွယ်နိုင်ပါသည်။
၎။ လူအင်အားလည်း လိုအပ်ပါသောကြောင့် လုပ်အားပေးနိုင်သူများလည်း ဆက်သွယ်နိုင်ပါသည်။
စုရပ် (၁)... မနက် ၉ နာရီ Tokyo Donut ရှေ့ (လမ်း ၄၀နှင့် ဗိုလ်အောင်ကျော်လမ်းထောင့် )
စုရပ် (၂)... မနက် ၉ နာရီ ၄၅ မိနစ် ယုဇနဥယျဉ်မြို့တော်ရှေ့
နေ့ရက်..... ၁၆-၅-၂၀၁၀ ( တနင်္ဂနွေ)
လှူမည့်နေရာ... ညောင်လေးပင်ရွာ၊ ထော်သွန်ရွာ၊ လက်ပံရွာ၊ သပြေကန်ရုံးရွာ၊ သပြေမရွာ။
ပေါင်းစပ်အစီအစဉ်... Save The Aged ရဲ့ Giving Warmth Relationship, Encouragement and Medication To Residents Program လေးလဲ စီစဉ်နေပါတယ်။
Friday, 14 May 2010
Subscribe to:
Post Comments
(
Atom
)
1 comment :
ဒီပို့လေး ဖျက်ပေးပါ ခင်ဗျာ... Save The Aged ကပါ.
Post a Comment