Tuesday 25 May 2010

နအဖ က မင်္ဂလာဈေးက ဈေးသည်တွေကို ပြန်လျော်ပေးရမယ်။


မင်္ဂလာဈေးကြီးမီးလောင်နေပုံကို ၀မ်းနည်းဖွယ်ရာ  ဗွီဒီယို ကလစ်တွေကနေတဆင့်တွေ့ ရတယ်။  တိုင်းပြည်ရဲ့ ညာလက်ရုံးကြီးတဖက် ပြတ်သွားတာကို ကြည့်နေရသလို ခံစားရတယ်။  ဆုံးရှုံးသွားကုန်ပစ္စည်းတွေအတွက် ဈေးသူဈေးသားတွေနဲ့ ထပ်တူထပ်မျှ  ၀မ်းနည်းကြောင်း ဖေါ်ပြလိုပါတယ်။  ဈေးကြီးတွေမီးလောင်တာ၊ ဈေးကြီးတွေ အဖျက်ခံရတာ မဆလခေတ်၊ စစ်အစိုးရခေတ်အဆက်ဆက်ဖြစ်ခဲ့တယ်။ မင်္ဂလာဈေးကြီးမီးလောင်ခံရတာဟာ နအဖ ရဲ့ ညံဖျင်းတဲ့စီမံခန့် ခွဲရေးနဲ့ ပေါ်လစီများကြောင့်ဖြစ်တယ်။ ဒီအတွက် နအဖ က ဈေးသူဈေးသားတွေကိုလျောကြေးပေးရမယ်။

 မြန်မာ့စီးပွားရေးကို မောင်းနှင်နေတာ နအဖ စီးပွားဝန်ကြီးမဟုတ်ပါ။စီးပွာရေးပညာရှင်များလည်းမဟုတ်ဘူး။ ဒီဈေးသည်တွေပဲဖြစ်ပါတယ်။ သိမ်ကြီးဈေး၊ မင်္ဂလာဈေး၊ မန္တလေးဈေးချို ၊မော်လမြိုင်ဈေးကြီး ၊ လမ်းမတော်ကုန်ဈေးတန်း ၊သံဈေး နှင့်ကီလီဈေး တို့ မှ ဈေးသူဈေးသားများ ဖြစ်ပါတယ်။  မင်္ဂလာဈေးက နိင်ငံခြားမှလာသောကုန်ပစ္စည်းများကို လက်ကားဖြန့် ချီပေးတဲ့နေရာဖြစ်တယ်။ ဒီဈေးကိုမီးလောင်သွားတဲ့အတွက် မြန်မာ့ စီးပွားရေးရဲ့ အသက်သွေးကြော ဈေးကြီးတခုဆုံးရှုံးသွားရပြန်တယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကိုထိခိုက်တယ်။ အခုဆိုရင်ကုန်ဈေးနှုန်းတွေစတင်တက်လာတယ်။

နအဖ က ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာအကောင်ထည်ဖေါ်ရေး လို့ အမြဲံတမ်းကြွေးကြော်တယ်။ တကယ်တမ်းပီပြင်စွာအကောင်ထည်ဖေါ်နိင်ဖို့ ဝေးစွ ၊ ဈေးကြီး (  Super Market )  တခု အတွက်လိုအပ်တဲ့ လိုအပ်ချက် ( Facilities )  တွေကို သူတို့ မလုပ်ပေးကြပါဘူး။ ဥပမာ၊ ရေ၊ မီး၊ကျမ္မာရေး၊နဲ့  သဘ၀ဘေးအန္တရယ်များမှာ လုံခြုံရေးတွေကို သူတို့ ထည့် သွင်းမစဉ်းစားပေးကြပါဘူး။

 စစ်အစိုးရလက်ထက်မှာ ၂၀၀၈ ခုနစ်မှာ   မန္တလေးကတရုပ်တန်းဈေးသစ်  ကြီးလည်း မီးလောင်ခဲ့ရဘူးတယ်။ သိမ်ကြီးဈေးအဖျက်ခံရတယ်။ အခု မင်္ဂလာဈေးကြီးမီးလောင်တယ်။ ထိုင်းနိင်ငံမှာ ပြီးခဲ့တဲ့ ဆန္ဒပြပွဲကြောင့် မီးရှို့ ဖျက်ဆီးခံရတဲ့ ဈေးသည်တွေ ရဲ့ ကုန်တွေကို ပြန်လည်လျော်ကြေးပေးမယ်လို့ အစိုးရက ကတိပေးခဲ့ရတယ်။   လမ်းဘေးဈေးဆိုင်တခုကို ဘတ် ၅ သောင်းလျော်ပေးတယ်။ ကြီးရင်ကြီးသလို များများလျောပေးဖို့ အစိုးရက စီစဉ်နေတယ်။

ဒါပေမဲ့  ထူးဆန်းတာကတော့ မင်္ဂလာဈေးက ဈေးသူဈေးသားတွေက သူတို့ ပစ္စည်းတွေ ဆုံးရှုံးသွားပေမဲ့
ဒါတွေကိုအစိုးရ ဆီက လျောကြေးပြန်တောင်းရမယ်ဆိုတာ၊ သူတို့ အခွင့်အရေးရှိတယ်ဆိုတာကို လုံးဝ နားမလည်ခြင်းဖြစ်ပါတယ်။ မြန်မာ ပြည်မှာ က ကိုယ်အခွင့်အရေးဆုံးရှုံးနေတယ်။ဒါကိုတောင်းရမယ်ဆိုတာကို  လုံဝကို မသိမှု (  Ingorance )  လို့ ခေါ်ရမယ်လို ဖြစ်နေတယ်။ ဒီထက်ကိုပိုပြီးအသိတရားခေါင်းပါးလာတာကတော့ မီဒီယာတွေပဲ ဒီလိုဆုံးရှုံးမှုတွေအတွက် လူထု သို့ မဟုတ်ဈေးသူဈေးသားတွေဟာ ထိုက်သင့်တဲ့လျော်ကြေးကိုအစိုးရကပေးရမယ်ဆိုတာကို ရေးကြတာ၊ ပြောကြတာ လုံးဝ မရှိတော့ဘူး ။
ပညာပေးတာတွေမရှိတော့ဘူး။ အဖြစ်အပျက်တွေကို သတင်းဦးရအောင်လုပ်တာ၊ ရေးတာပဲရှိတော့တယ်။
သတင်းကို  Pizza  ပို့ တဲ့ ကောင်လေး (   Pizza Delevery boys) တွေအဆင့်ကို လျော့ကျနေတာကပိုပြီး
စိတ်မကောင်းစရာကောင်းတော့ခြင်းဖြစ်တယ်။

သူတို့ ဟာ နှလုံးသားမရှိတာလား ၊ ပညာမတတ်တာလား ဆိုတာကိုမေးခွန်းထုတ်ရမဲ့အချိန်လည်းကြနေပြီဖြစ်တယ်။  ဒါကအသိတရားဆုံးရှုံးသွားတာကတော့ ဆုံးရှုံးသွားတဲ့ကုန်တွေထက် ပို ပြီး ကြီးမာတယ်။

ဖြစ်သင့်တာကတော့ မင်္ဂလာဈေးသူဈေးသားများအနေနဲ့  နအဖ စစ်အစိုးရ ရဲ့  တာဝန်မဲ့ မှုကြောင့်
ဆုံးရှုံးသွားရတဲ့ ကုန်ပစ္စည်းတန်ဖိုးတွေကိုအလျော်တောင်းသင့်တယ်။ နအဖ က လျောကြေးပေးဆောင်ရမယ်။


မိုးသီးဇွန်















2 comments :

Anonymous said...

Thanks for the insight.

It's true. The news agencies especially from outside Burma need not only report the deteriorating situation but also point out how to improve and protect from future events.

Burmese people eyes and ears are shut for nearly 50years and news agency need to open their eyes and ears so that they can better prepare and protect themselves.

Anonymous said...

သူတို့ကို လျော်ကျေးသွားတောင်းရင် ပိုက်ဆံမရဘဲ ကံကောင်းရင်တော့ ရင်ဘတ်မှာ စစ်ဖိနပ်ရာလောက်ပေါ့ ကံဆိုးရင် ကျည်ဆံထိပ်ဖူးလေးတွေပါ ရသွားနိုင်တယ်လေ ။ Oxygen မလုပ်ပါနဲ့ ကိုမိုးသီး ။