Sunday, 16 May 2010

ရုပ်ရှင်သရုပ်ဆောင် ကိုသုမောင် အပူရှိန် ကြောင့် ရုတ်တရက် ကွယ်လွန်သွားရှာပြီ။

အဆိုတော်ရုပ်ရှင်သရုပ်ဆောင် ကိုသုမောင် ဟာ အပူရှိန်ပြင်းလွန်းတဲ့ ဒဏ်ကြောင့် ယနေ့ ၉ နာရီခွဲခန့် က နေအိမ်မှာ ရုတ်တရက်ကွယ်လွန်သွားကြောင်းသတင်းရရှိပါတယ်။ သူကွယ်လွန်ချိန်မှာ အသက်၆၀ ပတ်ဝန်းကျင်ရှိပါတယ်။ ရန်ကုန်မြို့ ဒီနေ့ အပူချိန်မှာ ၁၁၃ ဖါရင်ဟိုက်အထိဖြစ်နေကြောင်းသိရပါတယ်။ သူမသေခင်မှာ အပူဒဏ်ကို အပြင်းအထန်ခံစား နေရတဲ့အတွက် ရေချိုးခြင်သောလည်း ရေမလာ၊ အအေးပေးစက်ကိုဖွင့်သောလည်းလျုပ်စစ်မီးမလာတဲ့အတွက် အအေးပေးစက်ကို မဖွင့်နိင်ပဲဖြစ်နေရတယ်လို့ မိသားစုများက ဆိုပါတယ်။

အပူရှိန်ကြောင့် မြန်မာပြည်မှာ နေစဉ် လူတွေသေဆုံးမှု ရှိတယ်လို့ သိရတယ်။ နအဖ က သတင်းထုတ်ပြန်မှုလုံးဝမပြုပါ။

3 comments :

Anonymous said...

စောက်ရှက်မရှိ သတင်းအမှန်ကို ဘယ်တော့မှ ချမပြဘဲ..လုပ်စားဖို့အတွက် တစ်စိတ်ကို တစ်အိတ်လုပ်တဲ့ သူတွေ...ဦးသုမောင် သေဆုံးတာ အပူကြောင့်မဟုတ်ပါ အထူးသဖြင့် ဒီလုပ်စားဘလော့က ရေးသလို လုံးဝမဟုတ်ပါ...အမှန်က ဒီမှာပါ >>> http://burmeseclassic.com/news_detail.php?id=2926&type=1...ဦးသုမောင်က အသည်းရောဂါနဲ့ဆေးရုံတင်ထားတာ သုံးရက်ပင်ရှိပြီး..ဆေးရုံမှာဘဲ သေဆုံးသွားတာပါ...ခင်ဗျားတို့ စောက်ရှက်ကိုမရှိဘူး...လုပ်စားချက်က ကမ်းကုန်လွန်းတယ်...။

wa said...

မှားတဲ့အခါလည်း မှားပေမပေါ့... ခွင့်လွှတ်လိုက်ပါ..
သူတို့ရည်ရွယ်ချက်က သတင်းမှန်တင်ဖို့မှမဟုတ်တာ..
ဒေါသတွေ လျှော့လျှော့...

Anonymous said...

အပေါ်ကနှစ်ယောက်
သုမောင်ရဲ့ဇနီးနဲ့ interview ထားတာနားမထောင်ရသေးဘူးထင်တယ်။