Thursday 3 June 2010
မုံရွာမြို့  ရတနာ ဈေးကြီး မီးလောင် ခြင်း တရားခံဘယ်သူလဲ
မုံရွာ ချင်းတွင်းဈေးကြီးမီးလောင်သွားတယ်လို့ သတင်းရပါတယ်။ မနေ့ မနက် ( မြန်မာ စံတော်ချိန်) နံနက်လင်းအားကြီးမှာလောင်တာဖြစ်တယ်။ ဆိုင်ခန်းပေါင်း ၄၀၀ ကျော်လောင်သွားခြင်းဖြစ်ပါတယ်။
ဒီဈေးက အိန္ဒိယ ဖက်က ကုန်ပစ္စည်းတွေကို တပြည့် လုံးကို တဆင့်ဖြန့် ချီပေးရောနေရာဖြစ်ပါတယ်။
မီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံး မှု က သန်းနဲ့ ချီရှိမယ်လို့ ခန့် မှန်းရပါတယ်။  
မင်္ဂလာဈေးမီးလောင်တာဟာနအဖ ရှို့ မီးလို့ ယူဆမှုများပိုမိုတိုးလာတယ်လို့ သိရပါတယ်။
ဘာဖြစ်လို့ လဲဆိုတော့ အီပီစီ က မီးကို စနစ်တကျ မှန်မှန်လာအောင်၊ မီးကြိုးတွေကိုစစ်ဆေးတာတွေ မရှိတဲ့အတွက် မီးလောင်မှု့ ရဲ့ အဓိက တရားခံဟာ အီးပီစီ ဌာန တွေဖြစ်ပါတယ်။  အရင်းခံ တရားခံကတော့
နအဖ ပဲလို့  အီးမေးလ်တွေက တဆင့် လူထုရဲ့ ထင်မြင်ချက်တွေကို ရရှိနေပါတယ်။ 
ဥပမာ - Chan ဆိုတဲ့  လူငယ်တဦးက  သူခံစားချက်ကိုခုလိုတင်ပြပါတယ်။
'' ဒီမှာတော့ မီးတော်တော်ပျက်တယ်မီးပျက်တာကပြည်သူကို အသိလည်းမပေးဘူးဆိုတော့ ဈေးတွေကို မီးရှို့  နေတာက တခြားလူတော့ မဟုတ်ဘူး လျှပ်စစ် ၀န်ကြီးဌာနပဲ.. EPC ပဲ . နံပါတ် ၁ တရားခံ''
သူက ဆက်ပြီး ဖြစ်စေချင်တာကတော့ -
'' ကျွန်တော်တို့မှာခံစားနေရတာက မီးပျက်တယ်ဒီမအေ -ိုးတွေက.. မီးကို လာမလား ပျက်မလား ဘာမှ Schedule ကို မကြေညာ ဘူး .. ပျက်မယ်ဆိုလည်း မကြေညာဘူး အမှန်က ရပ်ကွက်ထဲမှာ သံချဲ့ စက်နဲ့ မီးပျက်တော့မယ် hotplate တွေပိတ်ထားပါ. ဘာညာ လုပ်၇မှာ - ဒါကြောင့်ပျက်တဲ့ အချိန်မှာ ဒီတိုင်ထားတဲ့ HotPlat , ရေနွေးအိုး ဒါတွေက မီးလာတဲ့ အချိန်မှာ လာချင်သလိုလာတော့ . .လူမရှိတော့ ထလောင်ရော့ပေါ့ အဓိက တရားခံက EPC ၊လာချင်ရင် လာတယ် ပျက်ချင်တဲ့ အချိန်ပျက်တယ်။ ဘာမှ အသိမပေးဘူး .. ပျက်တော့မယ်ဆိုတာလည်း.. ဒီ မအေ -ိုးတွေလုပ်လို့မီးလောင်ကုန်တာပါ..
Media မှာ အော်ပေးပါ.. အားကိုးပါရဲ ''
လောင်ပြီးခဲ့တဲ့ဈေးကြီးတွေကတော့  - မန္တလေးရတနာပုံ၊ မော်လမြိုင်ဈေးကြီး၊ မင်္ဂလာဈေး တို
့ဖြစ်ကြပါတယ်။
1 comment :
Anonymous said...
အဲသလို..ဈေးတွေ မီးလောင်နေတာ ဈေးတွေကို နေပြည်တော်သို့ ပြောင်းဖို့အတွက် နအဖရဲ့ နည်းဗျူဟာတွေပဲ။ဒီ နအဖ ကပြည်သူလူထုကိုကောင်းကျိုးပြုတာဆိုလို့ ဘယ်နှစ်ခါရှိခဲ့ဖူးလို့လဲ။ကျက်ပြေးကို မြို့တော်တည်နေတာလေ။ လူဖြစ်ပြီး လူကျင့်ဝတ်တွေမကျင့်ပဲ တိရစ္ဆာန်ထက်ဆိုးတဲ့ အကောင်တွေပဲ။တကယ့်ကို လူဖြစ်ပြီးအောက်တန်းကျတဲ့ အကောင်တွေပဲ။ အဲဒီကောင်တွေက လူလုပ်နေတာ လူတွေကို ဒုက္ခပေးဖို့အတွက် လူလုပ်နေတာ။ပြာဖြစ်သွားအောင် လုပ်ပစ်လိုက်ရမှာက ငါတို့ရဲ့တာဝန်တွေပဲ။