နိင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု ကို အမေရိကန် နိင်ငံနယူးယောက်မြို့ မှာ ကျင်းပခဲ့ပါတယ်။ ဦးစီးကျင်းပတဲ့ အဖွဲ့ စည်းက တော့ Human Rights Watch ကဦးစီးတာဖြစ်ပါတယ်။ကျင်းပတဲ့နေရာကတော့ Grand Central Terminal’s Vanderbilt Hall ခန်းမထဲမှာ နံနက်-၇နာရီကနေ ည ၇ နာရီအထိကျင်းပခဲ့ပါတယ်။
အကျဉ်းသားလွတ်မြောက်ရေးအတွက် ကုလသမဂ နဲ့ နိင်ငံတကာအဖွဲ့ စည်းတွေကို မေတ္တာရပ်ခံလွှာကို လူပေါင်း ၂ထောင်ခန့် လက်မှတ်ထိုး ခဲ့ကြတယ်လို့ သိရတယ်။ ဒီအခန်းနားကို ကိုယ်တိုင်တက်ရောက်ခဲ့ ပြီး ဟောပြောခဲ့တဲ. နိင်ငံရေးအကျဉ်းသားဟောင်း ကိုနေတင်မြင့်က ဒီအခန်းနားမှာထောင်ထဲမှာ နေရတဲ့ နိင်ငံရေးအကျဉ်းသားတွေရဲ့ ဘ၀ကိုအနီးကပ်ဆုံးပုံတူအောင်ဖေါ်ပြထားကြပါတယ်။ အကျဉ်းခန်းပုံစံငယ့် အခန်းကျဉ်းလေးပေါင်း ၂၀၀ ကို ပြုလုပ်ထားပါတယ်။ ဒီပုံစံတွေကို ကျနော်မြင်ရတော့ ကျနော်ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ 15 နှစ်တာ အကျဉ်းသားဘ၀ကို ပြန်မြင်ယောင်မိတယ်။ အခုထိအကျဉ်းကျခံနေရတဲ့သူငယ်ချင်း ရဲဘော့်  တွေရဲ့ ဘ၀ကို စာနာမိတယ်။ သူတို့ကိုအမြန်ဆုံး လွတ်မြောက်စေချင်တယ်ဗျာ- ဒေါ်စုနဲ့ နိင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွတ်ဖို့ အတွက်ကျနော်တို့ လုပ်နိင်တဲ့လှုပ်ရှားမှုတွေကို အား ပြည်အင်ပြည်ဆက်လက် လုပ်ဆောင်သွားမယ်
အခန်းနားကို လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့  က ဒါရိုက်တာ Kenneth Roth က စကားပြောတယ်။ သူက မြန်မာ ပြည်က အကျဉ်းသားတွေရဲ့ ဘ၀ က သိပ်ကိုဆိုးနေတယ်။လူအခွင့်အရေးတွေအလွန်အမင်းချိုးဖေါက်ခံနေရတယ်။ ကမ္ဘာကြီးက လျုစ်လျူရှု နေလို့ မရတော့ဘူး။အရေးယူဆောင်ရွက်မှုတွေအမြန်ဆုံးလုပ်ဖို့  တိုက်တွန်းလိုတယ်လို့ ပြောသွားပါတယ်။
အကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ဦးပညာဇောတကလည်း တက်ရောက်စကားပြောခဲ့တယ်။ သူက ထောင်တွင်းအတွေ့ အကြုံတွေကိုရှင်းလင်းတင်ပြခဲ့တယ်။ သူက သူယူလာတဲ့ခြေချင်းကို ထုတ်ပြီးဝတ်ပြခဲ့တယ်။ တက်ရောက်လာတဲ့ ပရိတ်သတ်များက အကျဉ်းသားများရဲ့ ဘ၀ကို စာနာမှုများဖေါ်ပြခဲ့ကြပါတယ်။
Nay Tin Myint

No comments :
Post a Comment