အမေရိကန် တွေ ဘောလုံး ကိုအားပေးလာတယ်လို့ ပြောလာတယ်။ ကလင်တန်ကိုယ်တိုင်လည်း သူတို့ အသင်းကိုသွားအားပေးရှာပါတယ်။ ဒါပေမဲ့အမေရိကန်အများစုက သူတို့ အသင်းနိင်လား၊ရှုံးလား၊သွားပြိုင်လား သိပ်စိတ်ဝင်စားမှုမပြကြဘူး။ အမေရိကန်နဲ့ ဂါနာကန်တော့
မက်ဟက်တန်က စားသောက်ဆိုင်တခုမှာလူနည်းနည်းများလာတယ်။ ဒါကိုသတင်းမှာ ထည့်ပေးတယ်။
အဲ့ဒီနေ့ က နယူယောက်ကွင်း ( Queens) မှာ လူဖြူတယောက်မူးလဲနေတယ်။ တောင်အမေရိကကလာတဲ့
migrants အဖိုးကြီး က မူးလဲနေတဲ့လူဖြူကို အင်္ဂလိပ်စကားမတတ်တတ်နဲ့  American ... Gana ... Football .. American ... Gana ..Football ... လို့ မေးနေသဗျ။သူက အမေရိကန် နဲ့ ဂါနာ ဘယ်သူနိင်လဲလို့ သိခြင်ပုံရတယ်။ ဒါနဲ့  သူလို မိုက်ဂရင့်တယောက်က American lost ..
အမေရိကန်ရှုံးတယ်လို့  ၀င်ဖြေပေးတယ်။ ဒီတော့သူက အိုး .... ဆိုပြီးနဖူုးကိုလက်ဝါးနဲ့ ဖြန်းကနဲ ရိုက်လိုက်တယ်။ လူဖြူကတော့ သူကို ကြောင်ပြီးကြည့်နေတယ်။ ဘာတွေလာမေးနေသလဲပေါ့။
အမေရိကန်မှာ က ဘောလုံး ( Soccer ) ကို ကျောင်းတွေမှာ မိန်းကလေးတွေကန်ကြတယ်။
ဘောလုံးဟာ သူတို့ အမေရိကန် ဘောလုံးလောက် စိတ်လှုပ်ရှားစရာမကောင်းဘူး။ အားမပါဘူးလို့ ယူဆကြသဗျ နောက်တခုကလည်း အမေရိကန် အားကစား ကုမဏီတွေက ဘောလုံးကို အားမပေးပဲ
အမေရိကန်ဘော၊ဘေ့စ်ဘော၊ ဘစ်စကက်ဘောတွေကိုပဲအားပေးနေတယ်။ စီးပွားရေး အကြံတွေပါသပေါ့။
ဒီတော့ ဘောကိုအမေရိကန်မှာ စိတ်ဝင်စားသူနည်းနေသေးတယ်။
Monday, 28 June 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment