Thursday, 24 June 2010

ဒီဗွီဘီ သို့ အကြံပြုချက်

 မြန်မာ ပြည်မှာ ဘောလုံးပွဲစဉ်အားလုံးကိုမပြနိင်ဘူး။ တကယ်လို့  ဒီဘီဗွီ က ပွဲစဉ်အားလုံးကို ပြနိင်ရင်ကောင်းမယ်။ ဒီအချိန်က လူစိတ်ဝင်စားမှုအရဆုံးအချိန်ဖြစ်နေတယ်။ ဘောလုံးပွဲပြနေတုံးမှာ

ရွေးကောက်ပွဲကိုသပိတ်မှောက်ဖို့ ၊ ၂၀၀၈ အခြေခံဥပဒေကိုလက်မခံဖို့ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ဖို့ စတဲ့   သတင်းတွေကို ထုတ်လွင့်ပေးနိင်ရင် အကျိုးရှိမယ်လို့ အကြံပြုလိုက်ပါတယ်။

14 comments :

Anonymous said...

paw pa..fooball match pya tar ka lay ka sar sa yar mhat nay tal ne tu tal..haha..plz think of the issue before u upload to the readers..

Anonymous said...

ကိုမိုးသီးရေ
သူတို့က နာမည်မကြီးနိုင်ရင် ဂွင်မရနိုင်ရင် လုံးဝမလုပ်ပါဘူး BURMA VJ မှာတောင် သပိတ်မှောက်ဆန္ဒပြတဲ့လူတွေက သတင်းထောက်လောက်တောင် အသိဥာဏ်မရှိဘူးလို့ပြောသေးတာဘဲ ဒီကောင်ပြောတာဟုတ်တယ်

Anonymous said...

The Ugly Opportunist

seinnmyanaddy said...

ဆရာကိုမိုးသီး
ဆရာကဆရာလားဆရာရယ်။

seinnmyanaddy said...

ဆရာကိုမိုးသီး
ဆရာကဆရာလားဆရာရယ်။

Anonymous said...

ဒီဗွီဘီရဲ့ ဒါရိုက်တာကြီးအေးချမ်းနိုင်ကိုယ်တိုင် အာရာဝတီအောင်ဇော်နဲ့အင်တာဗျုးမှာ ဒီဗွီဘီဟာ လွတ်လပ်တဲ့ မီဒီယာသတင်းဌါနဖြစ်တယ် နိုင်ငံရေးဝါဒဖြန့်ချိရေးအတွက်မဟုတ်ဘူး။ အန်စီဂျီယူဘီရဲ့ လက်အောက်ခံမဟုတ်တော့ကြောင်း ပြောခဲ့တာ မမှတ်မိတော့ဘူးလား။ မိတ်ဆွေရဲ့ အိုင်ဒီယာအရမ်းကောင်းတယ်။ ဒီထက်ကောင်းအောင်လုပ်ဖို့က သတင်းသမားအမည်ခံလုပ်စားတွေနဲ့ မပတ်သက်တဲ့ ဒီမိုကရက်တစ်အသံစစ် သတင်းဌာနအသစ် တစ်ခုမြန်မာပြည်အတွက် အမြန်ပေါ်ပေါက်ဖို့ပဲ။

Anonymous said...

Good idea but do you think people from Burma can watch WC show in internet?

ဘုန်းကျော် said...

very good idea ..........Ko moe thee

Anonymous said...

သိပ်ကောင်းတဲ့အကြံပြုချက်ပါပဲ။

Anonymous said...

သိပ်ကောင်းတဲ့အကြံပြုချက်ပါပဲဗျာ။

Anonymous said...

ကိုမိုးသီးပြောတဲ့ဟာတွေထဲမှာ ဒီတစ်ချက်ကိုတော့ ခြွင်းချက်မရှိထောက်ခံတယ်။ DVB ရူးချင်ယောင်ဆောင်မနေနဲ.။

Anonymous said...

I totally agree with Ko Moe Thee. The objective of DVB initially was to promote democracy in Burma, if I am not wrong. It should be served as propaganda arm for democracy activist. DVB should air program that educate public on Election: NO Vote campaign should start now

Anonymous said...

လွှင့်ဖြစ်ရင်လည်း ကောင်းတာပါပဲ။ တခုက ဒီဗွီဘီကို ဂြိုလ်တုစလောင်းရှိမှ ကြည့်လို့ ရမယ်။ စလောင်းရှိရင် ကမ္ဘာ့ ဖလားဘောလုံးပွဲကို တလိုင်းလိုင်းကနေ ပြနိုင်ပါတယ်။ ဆိုတော့ ဒီဗွီဘီကပြပေးလည်း ဘောပွဲကြည့်သူတွေက စလောင်းရှိနဲ့ ပြတဲ့ နေရာကိုပဲ သွားစုပြီး ကြည့်မှရမယ့် သဘောပါ။

တိုက်ရိုက်ပြနေတဲ့အချိန်မှာ MRTV လိုင်းထဲဝင်ပြီး ဒီဗွီဘီကပြပေးမှ အားလုံးကိုယ့်အိမ်က ကိုယ်ထိုင်ကြည့်နိုင်မယ်။

လပ

Anonymous said...

ဘောပွဲတွေပြနေရင်းတန်းလန်း ဘာကြောင့်ရပ်သွားရသလဲ သိချင်ရင် ဒီမှာဖတ်

http://burmese.dvb.no/news.php?id=11318&f=1

( မြန်မာနိုင်ငံတွင် မြ၀တီရုပ်သံမှ ထုတ်လွှင့်မည် ဖြစ်သဖြင့် အခြားသော အခမဲ့ ဖမ်းယူနိုင်သည့် ဂြိုလ်တု ချယ်နယ်လိုင်းများအား မြန်မာနိုင်ငံဇုန်သို့ မလွှင့်ရန် တောင်းဆိုထားသဖြင့် သက်ဆိုင်ရာ ချယ်နယ်များဘက်မှ ပိတ်ထားခဲ့ခြင်း ဖြစ်သည်ဟု MRTV 4 မှ ၀န်ထမ်းတဦးက ပြောသည် )
(http://moemaka.com/index.php?option=com_content&task=view&id=6623&Itemid=1)

မြ၀တီရုပ်သံက ပြစ်ဒဏ်ပေးခံလိုက်ရတာဖြစ်တယ်။
စလောင်းကလာတဲ့ ဖရီးဘောပွဲတွေပြမှာကို မြန်မာပြည်မလွှင့်ဖို့  မြ၀တီက ပြောထားတယ်။

ဒီသဘောတွေအရဆို ဒီဗွီဘီကလည်း ဘော်လုံးပွဲ ပြမရဘူး။ သူက နိုင်ငံတကာကို ဖရီးလွှင့်နေတဲ့ရုပ်သံလိုင်းဖြစ်နေတယ်။ လွှင့်ချင်ရင် ဘယ်အားကစားချယ်နယ်ကဖြစ်ဖြစ် ပြပေးလို့ ရတယ်။ သူတို့ ပိတ်ခိုင်းထားပြီး သူတို့ ပဲပြမယ် နာမည်ကောင်းယူမယ် လုပ်တာ။

ကိုယ့်အတတ်ကိုယ်စူး မြ၀တီ