Friday, 2 July 2010

ဦးဝင်းတင်၊ ဦးတင်ဦး တို့မှ အကျဉ်းကျခံနေရတဲ့ ကိုဇာဂနာ၊ ကိုအံ့ဘွယ်ကျော်၊ မမီးမီး၊ ဟန်နီဦး တို့၏ မိသားစုများထံ သွားရောက်တွေ့ဆုံအားပေး

ယနေ့ ၂.၇.၂၀၁၀ သောကြာနေ့မှာ ဘဘဦးဝင်းတင် ဘဘဦးတင်ဦး တို့မှ နိုင်ငံရေးနဲ့ အကျဉ်းကျခံနေရသူတွေရဲ့မိသားစုဝင်တွေကို လိုက်လံတွေ့ဆုံ အားပေးစကားပြောပါတယ်။

ပထမသွားရောက်တွေ့ဆုံ အားပေးစကားပြောတဲ့ အိမ်ကတော့ ရန်ကင်းမှ ကိုဇာဂန အိမ်ဖြစ်ပါတယ်။ ကိုဇာဂန အိမ်မှာပဲ ကိုအံ့ဘွယ် ကျော် အမေကိုလည်းဖိတ်ထားတဲ့အတွက် လာရောက်တာ တွေ့ရပါတယ်။ ဘဘ ဦးဝင်းတင် က ၉ နာရီမထိုးခင်ကတည်းက ၁ ယောက်ထဲ အရင်ရောက်ရှိလာပါတယ်။ ၉ ခွဲလောက်မှာ ဘဘဦးတင်ဦး တို့ ရောက်ရှိလာပြီး ကိုဇာဂနာ မိသားစုနဲ့ ကိုအံ့ဘွယ်ကျော် အမေတို့ကို အားပေးစကားပြောပြီး အကျဉ်းကျနေတဲ့ ကိုဇာဂနာနဲ့ ကိုအံ့ဘွယ်ကျော်တို့အတွက် ပစ္စည်းများပေးအပ်ပါတယ်။

ထို့နောက် ကိုဇာဂန အဖေ ဦနန်းညွန့်ဆွေအား ဘဘဦးတင်ဦး ဘဘဦးဝင်းတင် တို့နှင့် လာေ၇ာက်အားပေးသော NLD လူငယ်များမှ ကန်တော့ ကြပါတယ်။ ထိုမှ ဆက်၍ ကိုပြုံးချို အိမ်ရှိရာ တာမွေလေး သို့ ၁၀ နာရီ ၂၀ ခန့်တွင် ထွက်ခွာခဲ့ကြပါတယ်။ ကိုပြုံးချို အိမ် တွင် ကိုပြုံးချိုမိသားစု မမီးမီး အမျိုးသား ကိုလှမိုး ဗကသမှ ဟန်နီဦးအဖေ ဦးထွန်းဦး တို့နဲ့ တွေ့ဆုံအားပေးစကား ပြောကြားပါတယ် ရာဟု (ခ) ကျော်ကိုကို အဖေ ကိုလည်း ဖိတ်ထားပေမယ့် ရောက်မလာပါဘူး။ အားပေးစကားပြောကြားပြီး အကျဉ်းကျသူများအ တွက် ပစ္စည်းများပေးအပ်၍ နေ့လည် ၁၁ ခွဲခန့်တွင် NLD ရုံးသို့ ပြန်လည်ထွက်ခွာကြပါသည်။

No comments :