Wednesday, 14 July 2010

လူနဲ့ တိရိစ္ဆာန်ကြား နိမ့်နိမ့်လာတဲ့ ခြံစည်းရိုးများ





လူနဲ့ တိရိစ္ဆာန် ခြားနားသွားစေတဲ့အချက်ကတော့ လူသားဟာ ကရိယာ  ( tools ) တွေ ကိုစတင်သုံးစွဲလိုက်ရာက စတယ်လို့  မနုပဗေဒပညာရှင်တွေယူဆကြတယ်။ ဒီအချိန်က 
 စပြီး လူနဲ့ တိရစ္ဆာန် ကမ္ဘာမြေပေါ်မှာ ခွဲခြားသတ်မှတ် မှု စတင်လာပါတော့တယ်။
ကရိယာဆိုတာကတော့ ကျောက်ပုဆိန်၊ မီး၊ အိုးခွက်တွေဖြစ်ပါတယ်။

လွန်ခဲ့တဲ့နစ်သန်းပေါင်း နှစ်သန်းခွဲ လောက်က အီသီးယိုးပီးယား နိင်ငံမှာ စတင်တွေ့ ရှိခဲ့တဲ့ Oldowan Stone Tools လို့ အမည်ပေးထားတဲ့ ကျောက်တုံးကရိယာ ဟာ လူသားရဲ့  ပထမဆုံးသော ကရိယာ ( ၀ါ) နည်းပညာ လို့ ပြောနိင်ပါတယ်။  ဒါပေမဲ့  အသစ်ထပ်မံတွေ့ ရှိလာတဲ့အချက်တွေ ဒီသီအိုရီဟာ မှန်ကန် သေးရဲ့ လားဆိုတာဟာ မေးခွန်းထုတ်စရာဖြစ်လာတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ တိရစ္ဆာန်တွေလည်း ကရိယာကို အဆင်ပြေသလို သုံးစွဲလာလို့ ဖြစ်တယ်။

 ဥပမာ  ၀ါရှင်တန် ဒီစီ တိရိစ္ဆာန် ရုံက လူဝံတကောင် ဟာ တပြစ်စည်းတံလေးကိုချိုးပြီး ခြတောင်ဘို့ က ခြတွေကို ထွင်စားလာတယ်။  ဂျပန်နိင်ငံက လမ်းသရဲ ကျီးကန်းတကောင်ကလည်း ကရိယာကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်သူလို့  မှတ်တမ်းတင်ခံနေရတယ်။ သူက ပင်လယ်ကမ်းစပ်က ခရုတွေကို ကားလမ်းမပေါ် ပြစ်ချထားတယ်။ ကားကျိတ်ပြီးသား ခရုံ ကိုကောက်စားခြင်းဖြင့် -

 တစ်- လုပ်အား( Labor)  စိုက်ထုတ်ရတာသက်သာတယ်။
နှစ်-အချိန် ကုန်သက်သာတယ် (  Saving Time)  ။
သုံး-  ဈေးကွက်မှာ ပြိုင်ဖက် ( Competitors) တွေ နည်းလာတယ် ဆိုတာ သိလာပုံရတယ်။

သူလိုပဲ နယူးယောက်မြို့  ဗဟိုပန်းခြံ (  Central Park)  က ကျီးကန်းကလည်း မီးခြစ်ဆံလောက်ရှိတဲ့သစ်ကိုင်းကျိုးလေးကိုသွားလေရာဆောင်ထားတယ်။ သစ်ခေါက်ကြားက ပိုးကောင် ကို ဒီသစ်ကိုင်းကျိုးလေးနဲ့ ကလော်ပြီး နေလည့်စာ ရောညစာကိုပါ မှိန်ရေယှက်ရည်သုံးစွဲနေပါတယ်။ ဒီ နည်းပညာကို သူသုံးစွဲတတ်လာတာကြောင့်သူဟာ တခြားကျီးကန်းတွေလို ၀မ်းတလုံးကို နှဖူးကချွေး ခြေမ ကျအောင် လုပ်ကိုင်စားသောက်စရာမလို တော့ပါဘူး။ သစ်ကိုင်းကျိုးလေး ( နည်းပညာ) ကိုအသုံးပြုခြင်ကြောင့် သူရလာတဲ့အကျိုးကျေး ဇူးကို သူသိနေပြီဖြစ်ပါတယ်။ ဘယ်ကျီးကန်းမှ စိတ်မကူးမယဉ်နိင်တဲ့ အရသာရှိလှတဲ့ သစ်ခေါက်ကြားက သစ်မောင်းပိုးကိုလည်းသုစားသုံးခဲ့ပြီးပြီ။ သစ်ပင်ခွစုံကြားမှာ ပုန်းအောင်းနေတယ် နှကျီကောင်ရဲ့ အကောင်ပေါက်စတွေကိုလည်း ထိုးကလော် ပြီး သိက္ခရှိရှိ သုံးဆောင်ပြီပြီ။


  ဒါပေမဲ့  ဟိုနိလူလူ တိရိစ္ဆာန်ရုံက  မျောက်ဝံလေးတကောင်က သူတို့ ထက်ပို ပြီး စံချိန်ချိုးလိုက်ပါတယ်။ သူရဲ့ ကြံဆချက်ကတော့ အန္တရယ် (  Risk)  အနည်းငယ်ရှိတာကလွဲလို့   တီထွင်မှု ရှိတာတွေ့ ရတယ်။

ဒါကတော့   သူဟာ ကရိယာ(  Toll)  ကိုသုံးစွဲတတ်ရုံမက သွေးသားဆန္ဒလိုအပ်ချက် ( Physical Need in Emotional Crisis ) ကို သူ ဖြေရှင်းတတ်နေခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့
ပြသာနာကို ဖြေရှင်းနည်း  ( Problem Solving )  ကိုပါသူ စဉ်းစားတတ်လာလို့ ဖြစ်ပါတယ်။ ဗွီဒီယိုမှာ
အရွယ်ရောက် မျေက်ဝံငယ်ဟာ ဖါးတကောင်ကို ဖမ်းပြီး လိင်ဖြေဖျောက်ဖို့  ကြိုးစားနေခြင်းဖြစ်ပါတယ်။
 ချီကာဂိုတက္ကသိုလ်က မနုသာဗေဒပညာရှင် ပရောဖက်ဆာ ရန်ဒဲလ် ဆူမန် (Randall Susman) က သူရဲ့  ဘွဲ့ လွန် စာတန်း  '' the comparative and functional anatomy of apes and humans and the evolution of early hominids in Africa '' မှာ လူနဲ့  ချင်ပန်ဆီကြားမှာ လူသား က သာလွန်သွားတဲ့အဓိက အချက်ကတော့ လက်မ ( Thumb) ကြောင့်ဖြစ်တယ်လို့ ဆိုတယ်။ လူသားရဲ့ လက်မ က ချင်ပန်ဇီထက် အရာဝထုတ်တွေကို ဆုတ်ကိုင်တဲ့ နေရာမှာ ပိုကောင်းတာကနေ စပြီ လူသား က ငါကွလို့  ဒီကမ္ဘာမြေမှာ လက်မ  တထောင်ထောင် ဖြစ် လာနိင်တာပါ။

တကယ်က လူရော ချင်ပန်စီ မျိုးနွယ် နှစ် ခုစလုံးဟာ ဆွေကြီး မျိုးကြီးတွေပါ။ နှစ်ကောင်စလုံးက ဟိုချိန်ကထည်းက ကရိယာ (၀ါ) နည်းပညာကို စိတ်ဝင်စားသူတွေလိုက်စားသုတွေလို့  ပြောနိင်ပါတယ်။

ဘာမဟုတ်တဲ့  လက်မ လေးတခု ခြားနားမှု သေးသေးလေး က မျိုးနွယ်နစ်ခုရဲ့ အဆင်အတန်း အကြီးအကျယ် ကွာခြားသွားမှု ကို   ခုချိန်မှာ ၀မ်းနည်းစရာ အဖြစ် တွေ့ နေရပါပြီ။ ချင်ပန်ဇီဖက်က ကြည့်ရင်ခံစား မယ်ဆိုခံစားချက်ဖြစ်နိင်ပါတယ်။  တချိန် က ကိုင်းတကိုင်းထဲမှာ သူတို့  အတူ ထိုင်ပြီး ဖွင့်ဖြိုးလှတဲ့ ချင်ပန်ဇီ သို့ မဟုတ် လူမရဲ့  တင်သားတွေကို အားပါးတရ ကြည့်ရူခဲ့ကြသူတွေမဟုတ်ပါလား။
ဒီတုန်းက သူတို့ နစ်ကောင်ကြားမှာ ဘာခြံစည်းရိုးမှ မရှိဘူး ။ ( တကယ်တန်းပြောရရင် ကုန်ထုတ်စွမ်းအားစု
နဲ့ ကုန်လုပ်ဆက်ဆံရေးအချိုးဟာ  မဟာသုမုဒရာရေလှိုင်းလို  စည်းချက်ညီနေတယ်။ ရလဒ်က ငြိမ်းချမ်းရေးဟာ ကျယ်ပြန့် ပြီး ခိုင်မာတယ်။ )

ခုတော့ လူသားဟာ  သူဖါသာ သူ ခြံစည်းရိုး  ( ယဉ်ကျေးမှု၊ ဘာသာရေးတွေ) ကိုခတ်လိုက်တယ်။ ပြီးတော့သစ်ပင်ပေါ်ကချင်ပန်ဇီကိုကြည့်တယ်။လေ့လာတယ်။ အရူးလို တယောက်ထဲစကားပြော ပြီး ရီလိုက်သေးရဲ့ ။  သေချာတာပေါ့- ချင်ပန်ဇီကလည်း ခြံစည်းရိုးခတ်နေတဲ့သူ့ အပေါင်းသင်းဟောင်းအတွက် စိတ်မကောင်းဖြစ်နေတယ်ဆိုတာ။

သူက လောင်ချိုင့်ထဲမှာလား လူသားက လှောင်ချိုင့်ထဲမှာလား ။  သန်းနဲ့ ချီတဲ့လူသား တွေဟာ ခြံစည်းရိုးအပြိုင်အဆိုင်ခတ်တဲ့ပွဲမှာ သန်းနဲ့ ချီသေဆုံးခဲ့ရတဲ့ ရာဇ၀တ်မှုမှာ ချင်ပန်ဇီဟာမျက်မြင်သက်သေပါ။   တရိစ္ဆာန်တွေဖက်က ကရိယာတွေ မသုံးစွဲတော့ဘူးလို့  ဘယ် မနုသာဗေဒပညာရှင်ကမှာ  မဟောရဲ နိင်တော့ဘူး။

ဒီမှာ ကျနော်တို့ ကောက်ချက်ချနိင်တာ နှစ်ခုရှိပါတယ်။ ဒါတွေကတော့

၁- လူနဲ့ တိရိစ္ဆာန် ကွာခြားမှု ဟာ တနေ့ တခြား ကျဉ်းမြောင်းလာနေခြင်း၊ တနည်း ခြံစည်းရိုးနိမ့်လာခြင်း၊  နိမ့်လာတာကို ကြိုဆိုဖို့ ပါပဲ။ လောလောဆယ်တော့ တိရစ္ဆာန်တွေကိုလှောင်ချိုင်ထဲက သွင်းတာကို ကန့် ကွက်ဖို့ လိုပါတယ်။

၂- ပိုလိုတာက ကျနော်တို့ ဘာသာကျနော်တို့  ခတ်ထားကြတဲ့ ယဉ်ကျေးမှု  ( Culture) နဲ့  ဘာသာရေး  ( Religion ) ခြံစည်းရိုးတွေကို မဖျက်ပြစ်ရင်တောင် နိမ့်လိုက်ရအောင် ခင်ဗျားမျက်နာကို ကြည့်ပြီး ကျနော် စကားပြောချင်လို့ ပါ။ လူနဲ့ တရိစ္ဆာန်ဟာ နိင်ငံရေး၊စစ်ရေး၊ စီးပွားရေးနဲ့  နည်းပညာဖလှယ်ရေးမှာ မဟာမိတ်ဖြစ်လာတော့မယ်။ ကျနော်ခင်ဗျားကို  ခင်လို့ ကြိုတင်အသိပေးလိုက်တာပါ။


မေတ္တာများစွာဖြင့် -


မိုးသီး


- ကျနော်လိုပဲ ဒီိလို ကိစ္စတွေကို စိတ်ဝင်စားတဲ့သူတွေရှိရင်  ကျနော်ဖတ်ထားတဲ့  ဂျမာန်မနသဗေဒပညာရှင်တွေ ရဲ့  ချင်ပန်ဇီ နဲ့  ကျီးကန်းတွေ ရဲ့  ပြသာနာများကိုဖြေရှင်းနည်း ( Problimg Solving Medhod ) ကိုသုတေသန ပြုချက် တွေကိုဆက် ရေးခြင်ပါတယ်။

4 comments :

Anonymous said...

စောက်ရူး..
မင်းက..တိရိဆ္တန်ကို..မင်းလိုပဲထင်လာပြီကိုး.
ဗုဒ’ဘာသာသေချာမလေ့လာဘူးလား..မင်းတို့ က
ပညာလေးမတောက်တခေါက်တတ်ရင်..အရမ်းဘ၀င်မြင့်ကြတာပဲကိုးကွ.
ဗုဒ္ဓကဟောခဲ့ပီးသား..တိရိတ္ဆန်ဆိုတာ..အပယ်လေးဘုံထဲက..သတ္တ၀ါတစ်မျိုးပဲ..
လူ့ဘုံကသက်သက်ပဲ..လာလာမနှိုင်းစမ်းပါနဲ့..ဒါပေမဲ့..
အားနည်းတဲ့တိရိဆ္တန်တွေကိုသက်ညှာဖို့လဲ..ဘာရားကဟောခဲ့ပြီးသား..
မဆုံးနိုင်တဲ့သံသရာမှာ..မျက်တောင်မွှေးလောက်လေးသိတာကို
လူတတ်ကြီးမလုပ်ကြစမ်းပါနဲ့..
လူဟာ..လူပဲ..တိရိဆ္တန်ဟာတိရိဆ္တန်ပဲ..
ဘယ်တုံးကမှမတူခဲ့သလို..ဘယ်တော့မှလဲတူမှမဟုတ်တာ..
မင်းမြဲမြဲမှတ်ထား..

min said...

ဟစ်တလာကလည်း သူတွေးတာထင်တာလုပ်တာတွေ
အားလုံးနည်းနည်းကို မှန်တယ်လို့ထင်မှာဘဲ.ဘင်လာဒင်၊ဦးနေဝင်း၊ဦးသန်းရွှေတို့လည်းဒီလိုဘဲနေမှာ
ပါ။ကိုမိုးသီးရေ ခင်ဗျားလည်းထိုနည်းလည်းကောင်းပါဘဲ
အမှန်တရားနဲ့အမြန်ဆုံးနီးစပ်ပါစေဗျာ။

Anonymous said...

ဗုဒ္ဓဘာသာအကြောင်း ပြောတဲ့ ကောင်က ဆဲတာနဲ့ စတယ်။ ယဉ်ကျေးမယ်ဆိုရင် အရူးလောက်ဆိုလည်းရပါတယ်။ တစ်ယောက်ကတော့  stupid လို့ ပဲပြောသွားတယ် ရှင်းတယ် မိုက်တယ်

Anonymous said...

ုသြော် ကိုမိုးသီး ကိုမိုးသီး
ခင်ဗျာ မိန်းမလုပ်စာ ထိုင်စားပြီး အိမ်မှာ အေးအေးဆေးဆေးလေး နေပါဗျာ။ လျှောက်လျှောက်ပြီး ရေးမနေပါနဲ့  ။ ခင်ဗျာကြောင့် ဗမာပြည်က နိုင်ငံရေးသမားတွေလည်း သိက္ခာကျနေပါဦးမယ်။ အမေရိကန်လိုနိုင်ငံမှာနေပြီးတော့ အသိအမြင်တွေ ကြွယ်ဝနေရမှာ အခုတော့ ကိုယ့်ဆ၇ာ မိုးသီးက အတွေးအခေါ်တွေ ခေါင်းပါးသွားပါလား။ ဒီမိုး။ ဒီရေ။ ဒီလူတွေနဲ့ ကတော့ ဗမာပြည်ကြီးနဲ့  ပြည်သူတွေကတော့ သနားစရာပါပဲဗျာ။