Monday, 9 August 2010

ဒီကေ ဘီအေ သို့ အကြံပြုချက်

နအဖ က ဒီကေဘီအေကို နယ်ခြားစောင့်တပ်လုပ်ခိုင်းမယ်။
နယ်ခြားစောင့်တပ်လုပ်မယ်ဆိုရင် လက်နက်ချ အခန်းအနားလုပ်လိမ့်မယ်။
လက်နက်ချအခမ်းအနားမှာလက်နက်တွေကို စတိ ပြထား ။ ပြီးတော့ ပြန်ပေးမယ်ဆိုပြီး လာညာ လိမ့်မယ်။
ပြီးရင်လက်နက်တွေကို ပြန်မပေး တော့ပဲ ခေါင်းဆောင်တွေကို တစပြီတစ ဖိအားပေးလာတာကိုခံရမယ်။

ဒီလိုမျိုး သမိုင်းမှာ ဦးနုက ကရင်ခေါင်းဆောင် စောဘဦးကြီးကိုလုပ်ခဲ့တယ်။ ဦးနေ၀င်းက ကေအင်ယူတပ်မဟာ ၅ တပ်မမူး ဗိုလ်လင်းထင် ကို လုပ်ခဲ့တယ်။ နောက်ဆုံးမှာ လင်းထင်ကို ဦးနေ၀င်းက လုပ်ကြံသတ်ဖြတ်ခဲ့တယ်။
( ဒါဟာ နိင်ငံရေးညစ်ပတ်မှု၊ကလိန်ကကျစ်ကြမှုဖြစ်ပါတယ်။ ကရင်တွေသတိထားပါ။ )

အခုလည်း နအဖ က ဒီကေဘီအေကိုလက်နက်ချခိုင်းနေပြီဖြစ်ပါတယ်။ လက်နက်တွေကို ဖွက်ထားပါ။
စေဘဦးကြီး မူအတိုင်း ကရင့်လက်နက် ကရင့်လက်ထဲမှာပဲရှိရမယ်ဆိုတဲ့ မူကို သတိရပါ။

ဒီကေဘီအေဟာ ကရင်ပြည်သူတွေက ပေါက်ပွားလာတဲ့သားသမီးတွေဖြစ်တယ်။ ကရင်ပြည်သူအကျိုးကိုဦးထိပ်ပန်ဆင်ပါ။ ကေအင်ယူနဲ့  လက်တွဲပါ။

No comments :