Wednesday 18 August 2010

အမေရိကန် အစိုးရက သန်းရွှေ နဲ့ အဖွဲ့ ကို စစ်ရာဇ၀တ်ကောင်များအဖြစ်အရေးယူဖို့ ကုလသမဂ္ဂကိုတောင်းဆိုပြီUS to support UN's Myanmar war crimes inquiry: official







အမေရိကန် သမတ အိုဘားမားက ဗိုလ်ချုပ်သန်းရွှေ၊ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ရွှေမန်း၊ ဗိုလ်ချုပ်သိန်းစိန် ( ကြံဖွတ်ကိုယ်စားလှယ်လောင်း)၊ ဦးသောင်း နဲ အောင်သောင်းတို့ ကို စစ်ရာဇ၀တ်ကောင်များအဖြစ် တရားစွဲဆိုဖို့ ကုလသမဂ္ဂ ကိုတောင်းဆိုလိုက်ကြောင်း ဒီနေ့  အမေရိကန်အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ လူအခွင့်အရေးချိုးဖေါက်မှု၊ ဒီမိုကရေစီအင်အားစုများကို ငြင်းပန်းသတ်ဖြတ်မှု၊ တိုင်းရင်းသားများကို မတရားဖိနိပ်သတ်ဖြတ်မုဒိန်းကျင့် ရွာမီးရှို့  မှုများ ကို အဆက်မပြတ်ကျူးလွန်လာကြလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် က အရေးယူဖို့ တော့မယ်ဖြစ်တဲ့ အကြောင်းကို အဆိုတင်နိင်ရေးကို စောင်ရွက်တော့မည်ဖြစ်ကြောင်း။  သန်းရွှေ အိန္ဒိယခရီးစဉ် မှာ  အမေရိကန် က အိန္ဒိယအစိုးရမှတဆင့် ဒီသတင်းကို ပါးလိုက်ကြောင်းသံတမန်တဦးကဆိုပါတယ်။ ဒီသတင်းကြောင့်သန်းရွှေ အိန္ဒိယကအပြန်မှာ ဆေးရုံတင်ရခြင်းဖြစ်မယ်လို့  သံတမန်ကဆိုပါတယ်။ အမေရိကန်အစိုးရက ယခင်က နအဖခေါင်းဆောင်တွေကိုတရားစွဲဖို့ ကုလသမဂ္ဂကို တွန်းတွန်းတိုက်တိုက် မလုပ်ခဲ့ကြပါဘူး။

ယခုတော့အမေရိကန် အစိုးရကိုယ်တိုင်က တရားစွဲဖို့ တိုက်တွန်းလာတဲ့အတွက် မြန်မာ အရေးဟာက တိုးတက်တဲ့ အပြောင်းအလဲတခုဖြစ်လာပြီလို့ ဆိုနိင်ပါတယ်။နိင်ငံတကာဆက်ဆံရေး ရှု့ ထောင့်  နေကြည့်ရင်တော့ ဒီ အရေးယူဖို့ တောင်းဆိုမှုဟာ သေမင်းခေါင်းလောင်းသံလို့ ပြောလို့ ရပါတယ်။  တချက်ခုတ် သုံးလေးချက်ပြတ် သဘောမျိုးရှိတယ်။

အတုအယောင် ရွေးကောက်ပွဲ ကိုလက်မခံဘူး။ မြောက်ကိုးရီယားနဲ့   နူယူးကလီးယား ဗုံးထုတ်ဖို့ ကြံစည် နေတာကို လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိင်ငံရေးအကျဉ်သားတွေကိုအမြန်ဆုံးလွတ် ဆိုတဲ့ အဓ္ဓိပါယ်တွေ ပါဝင်နေပါတယ်။


14 comments :

Anonymous said...

ဘာကိုလုပ်မှာလဲ... အမေရိကန်ပါလေရာပွကြီး မငိးပထွေးက.... ဒီအစိုးရကစောင့်ဂရုကိုစိုက်မှာမ ဟုတ်ဘူး။ အသကိသေမှာမကြောက်လို့စစ်သား လုပ်နေတာပဲ.. မင်းတို့တွေတပ်မတော်က နေယုံကြည်မှူရအောင်မကြိုးစားနိုင်၊ လေးစားအောင်ဒေါ်စုကအစဦးမဆောင်နိုင်ပဲ.. ဦးသန်းရွေကြီးဆယ်ခါပြသေလည်း တပ်မတော်ကတော့နိုင်ငံကိုဦးဆောင်နေဦးမှာပဲ. မငိးတို့ကောင်တွေလည်းပထွေအားကိုးနဲ့မိုက်ရဲတာဆို
ိုတော့ တပ်ကလည်းမင်းတို့ ကို မင်းတို့ပထွေးအဖြူတွေလိုယုဆပြီး မြန်မာနိုင်ငံအကိုးအတွက်မိုးချစ်စိတ်အပြည့်နဲ့ရှငိး
လို့ကောင်းလေပဲပေါ့ကွာ။။။ မင်းတို့ကဒီအစိုးရရဲရန်သူတင်မကဘူး... တပ်မတော်ရဲ့ရန်သူ.... အင်းအားကြီးတိုင်ဘယ်နိုင်ငံမှးကြောက်မှာမဟုတ်ဘူး။

Anonymous said...

စစ်ခွေးတစ်ကောင် ၀င်အူသွားတယ်ထင်ပါ့။ ခန့်မှန်း ကြည့်မယ်။ သေချာတာတော့ ရေးသွားတဲ့ကောင် ရုရှားက ဒေါ်စိန်အေး မဟုတ်ရင် နောက်ထပ် အူတတ်တဲ့စစ်ခွေး ရှိမယ်မထင်။ (တပ်ကလည်းမင်းတို့ ကို မင်းတို့ပထွေးအဖြူတွေလိုယုဆပြီး မြန်မာနိုင်ငံအကိုးအတွက်မိုးချစ်စိတ်အပြည့်နဲ့ရှငိး
လို့ကောင်းလေပဲပေါ့ကွာ) တဲ့ တပ်က မျိုးချစ်စိတ်ရှိတာ တော့ သေချာပါတယ်။ သန်းရွှေ က သန်းရွှေ သောက်မျိုး မောင်အေးက သူ့ သောက်မျိုးပေါ့၊ မှန်လိုက်လေခြင်း။ ကဲဒေါ်စိန်အေး ရေ မင်းအဖေ မောင်အေးက ဒုတိယ နေရာမှာ ခိုင်နေပြီဟ၊ သမိုင်းရဲ့ တရားခံ လဲမဖြစ်၊ သောက်စည်းဇိမ် လဲခံလိုကောင်း ကောင်းနဲ့  ဒေါ်စိန်အေး ကျောင်းထွက်တွေ အကုန် ဒီလိုပါပဲ။ အမှန်ကို မမြင်နိုင်တာတော့ သနားတယ်...ကွာ။

Anonymous said...

(မင်းတို့ကဒီအစိုးရရဲရန်သူတင်မကဘူး... တပ်မတော်ရဲ့ရန်သူ....) တဲ့ သေချာတာတော့ စစ်ခွေးပါပဲ။ စစ်ခွေး ၀င်အူ၏။ ပြည့်ပိုက်ဆံစား ပြီး ပြည်ကိုမွဲအောင် လုပ်၏။ စစ်ခွေးများ အရိုးကိုက်ရ၍ အူကြ၏။ ကောင်းပါ့ဗျား။

Anonymous said...

ha ha let them howling, they are desperate now. they can't get away from what they have done

Anonymous said...

နောက်ကျသွားပြီ..
သန်းရွှေက သေခါနီးနေပြီ..
သန်းရွှေ နဲ့ အပေါင်းအပါကို အရေးယူပေမဲ့ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းသွားလိမ့်မယ်လို့ ခင်ဗျား တို့ ယုံလား...
့အမေရိကန်အစိုးရက တကယ်ကူညီချင်ရင် .. ကျွန်တော် တို့ ကို လက်နက်နဲ့ .. ငွေကြေးအကူအညီသာပေးပါ.. ကျွန်တော်တို့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင် တယ်လို့ ရဲရဲကြီး အာမခံတယ်..

ပြည်သူ said...

စစ်ကျွန်တွေ အူတာလည်းအူပေါ့ကွာ၊ ဒါပေမဲ့ တိုင်းပြည်က မွဲပြောင်ဆင်းရဲငတ်ပြတ်နေတဲ့ ပြည်သူပြည်သားတွေရဲ့ ဘဏ္ဍာငွေတွေ သောက်သောက်လဲအကုန်ခံပြီး ရုရှားကိုပို့ထားရတာ၊
စစ်ဗိုလ်အရာရှိ နိုင်ငံ့ပညာတော်သင်ဆိုတဲ့ မတန်မရာဂုဏ်ပုဒ်တွေကိုနဲနဲ ထောက်ထားပြီး ဗမာစာကို မှန်အောင်ရေးသားအူတတ်ဖို့တော့ ကြိုးစားသင့်တာပေါ့ကွာ။ ခုလို မဟားတရားရေးထားပုံနဲ့ ဘုန်းကြီးကျောင်းပို့ပြီး ကပ္ပိယလုပ်ခိုင်းဖို့တောင်မတန်ဘူး။

Anonymous said...

မျှော်နေတာကြာပြီဗို့ စစ်ရာဇဝတ်ကောင် သန်းရွှေ နဲ့ အဖွဲ့ ကို ကြိုးပေးတဲ့
နေရာမှာ ဒေါက်ဖြုတ်တဲ့ အလုပ်ရှောက်ချင်လို့  သိရင်သတင်းပေးကြ
ပါဗို့ ။
ဦးတင်မောင်ဝင်း (ခရမ်းအမတ်).ဦးမောင်ကို(ဆိပ်ကမ်း)တို့ ကို့ သတ်ခဲ့တဲ့ ခင်ညွှန့် နဲ့ တပည့်တွေထဲက အောင်လင်းထွတ် တယောက်တော့ USA မှာပုန်းနေတယ်။

မိကျောင်းကန် က ကိုဝီဆင်းကြီးပါခင်ဗျ။
လက်ယားနေပြီ။

Anonymous said...

မျှော်နေတာကြာပြီဗို့ 
စစ်ရာဇဝတ်ကောင် သန်းရွှေ နဲ့ အဖွဲ့ ကို ကြိုးပေးတဲ့
နေရာမှာ ဒေါက်ဖြုတ်တဲ့ အလုပ်ရှောက်ချင်လို့  သိရင်သတင်းပေးကြ
ပါဗို့ ။
ဦးတင်မောင်ဝင်း (ခရမ်းအမတ်).ဦးမောင်ကို(ဆိပ်ကမ်း)တို့ ကို့ သတ်ခဲ့တဲ့ ခင်ညွှန့် နဲ့ တပည့်တွေထဲက အောင်လင်းထွတ် တယောက်တော့ USA မှာပုန်းနေတယ်။

မိကျောင်းကန် က ကိုဝီဆင်းကြီးပါခင်ဗျ။
လက်ယားနေပြီ။

Anonymous said...

မျှော်နေတာကြာပြီဗို့ 
စစ်ရာဇဝတ်ကောင် သန်းရွှေ နဲ့ အဖွဲ့ ကို ကြိုးပေးတဲ့
နေရာမှာ ဒေါက်ဖြုတ်တဲ့ အလုပ်ရှောက်ချင်လို့  သိရင်သတင်းပေးကြ
ပါဗို့ ။
ဦးတင်မောင်ဝင်း (ခရမ်းအမတ်).ဦးမောင်ကို(ဆိပ်ကမ်း)တို့ ကို့ သတ်ခဲ့တဲ့ ခင်ညွှန့် နဲ့ တပည့်တွေထဲက အောင်လင်းထွတ် တယောက်တော့ USA မှာပုန်းနေတယ်။

မိကျောင်းကန် က ကိုဝီဆင်းကြီးပါခင်ဗျ။
လက်ယားနေပြီ။

Anonymous said...

အပေါ်ဆုံးကနေ အရင်ဆုံးဝင်အူသွားတဲ့စစ်ခွေးရေ...မင်းပထွေးတွေကြောက်လားမကြောက်လားမသိဘူး လှိုဏ်ခေါင်းတွေတူးပြီး ပုန်းဖို့ကြိုးစားနေတာကြာပြီနော်..အသက်မသေမှကြောက်လို့စစ်သားလုပ်နေတာမဟုတ်ပါဘူး လက်နက်မဲ့ အပြစ်မဲ့ပြည်သူကျောင်းသား ဘုရားသားတော် ရဟန်းတွေကို သတ်ချင်လို့စစ်သားလုပ်နေတာပါ သေချာလည်းစဉ်းစားလိုက်ပါဦး...စစ်တပ်က ယုံကြည်လေးစားမှုရအောင်မဦးဆောင်နိုင်ပေမဲ့ ပြည်သူတစ်ရပ်လုံး ယုံကြည်လေးစားမှုရအောင်ဦးဆောင်နိုင်လို့ မင်းပထွေးတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်နေကြတာမှလွန်ရော...မင်းပထွေးတွေက အားနေ တိရစ္ဆာန်(ဆင်)ကိုပဲ ထိုင်ရှိခိုးနေတာကိုး..လူတွေကို ဘယ်ယုံကြည်လေးစားပါ့မလဲ..ဆင်အဝှါ ခွေးမျှော်ဆိုတဲ့စကားပုံကတော့ မင်းပထွေးတွေနဲ့ကွက်တိပဲဟေ့....

Anonymous said...

အင်း ဘော်ဘော်တို.ပြောသလိုဘဲဒီစစ်ခွေးတွေက ခြံစည်းရီုးစောင်.ဖို.လောက်ဘဲသိတာပါဗျာ သေမှာမကြောက်ဘူးလဲပြောသေးတယ် အဲဒီပြောတဲ.ကောင်ကိုမေးလိုက်မယ် စစ်ကောတိုက်ဘူးရဲ.လား ဟားဟား ပထွေးစွန်.တဲ.အရိုးကိုက်ပြီးရုရှားလောက် ပညာသွားသင်ရတာနဲ.ဟုတ်လှပြီထင်နေတယ် အမေရိကန်ကိုဂရုမစိုက်ဘူးလဲပြောတယ် တွင်းတွေတူးတော.အပြောဘူး အေရိုးစစ်ခွေးတွေ မင်းတို.အူဖို. အချိန်သိပ်မကျန်တော.ဘူးနော်

Anonymous said...

ဘာပဲပြောပြော ကိုယ့်နိုင်ငံအတွက် နဲနဲပဲဖြစ်ဖြစ်လုပ်ပေးလည်း အရမ်းကျေးဇူးတင်ပါတယ်။ USA ဟာ အခုချိန်မှာ သူတို့ မှာကို က စီးပွားရေးအကျပ်အတည်းရှိပြီးသားပါ။သူတို့ မကူညီဘူးဆိုလည်း သူတို့ ကို အပြစ်တင်လို့ လဲမရပါဘူး။သူတို့ ဆီက ပိုက်ဆံရတာဆိုတာလည်း သူတို့ နိုင်ငံသားတွေရဲ့ အခွန်တွေကနေပေးရတာပါပဲ။ အထိက ကတော့တရုတ်နဲ့ ရုရှား အနှောက်အယှက်မပေးဖို့ ပါပဲ။အာစီယံကိုတော့စိတ်ပျက်ခဲ့တာအတော်ကြာခဲ့ပြီ။သူတို့ က တကယ်တော့ မြန်မာနိုင်ငံရဲ့ သယံဇာတကို ဂုတ်သွေးစုတ်နေကြတာပါပဲ။ဒီသတင်းကိုဖတ်ရတော့ ထောင်ကြခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးအတွက် အရမ်းဝမ်းသာတယ်။သူတို့ အတွက်တခုခုတော့လုပ်ပေးနိုင်တော့မယ်ထင်ပါရဲ့ ။ ဒေါ်စုနဲ့  ကျောင်းသားခေါင်းဆောင်တွေကိုပဲ(ပြည်တွင်းက)နိုင်ငံကို အုပ်ချုပ်စေချင်တယ်။တကယ်လို့ သန်းရွေလက်ကလွတ်ခဲ့ရင်လည်း ပြည်ပကလူများကို မအုပ်ချုပ်စေချင်ဘူး။ဘာလို့ လဲဆိုတော့ သူတို့ ဟာ တကယ့်ကို အနစ်နာခံခဲ့ကြရတာ။သူတို့ အသက်၊သွေး၊ အနှိပ်စက်ခံခဲ့ရတာတွေအားလုံးအတွက်ပါ။ဒေါ်စု၊ဦးဝင်းတင်၊ကိုမင်းကိုနိုင်၊ကို ကိုကိုကြီး၊ကိုဋ္ဌေးကြွယ် နဲ့ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။

Anonymous said...

မှားနေတယ် အမေရိကန်ကို အရေးယူရမှာ..အာဖဂန် အီရတ်မှာ အပြစ်မယ့်ပြည်သူတွေ ထောင်သောင်းချီသေစေခဲ့တဲ့အတွက် အမေရိကန်ကို အရင်ဆုံးအရေးယူဖို့ စုံစမ်းစစ်ဆေးရမယ်.အမေရိကန်က သူလုပ်ခဲ့တဲ့အမှားတွေကို ဖုံးကွယ်ပြီး မရောင်ယာဆီလူးနေတဲ့မြန်မာနိုင်ငံကိုလာပြီး လက်ညှိုးထိုးနေတာဟာ စောက်ခွက်ကိုပစ်ရိုက်ဖို့ကောင်းတဲ့လုပ်ရပ်ပါ..အမေရိကန်ကိုအရေးယူဖို့ စုံစမ်းစစ်ဆေးရေးဖွဲ့ဖို့တောင်းဆိုကြစို့

ဘင်လာဒင်

Anonymous said...

အမေရိကန်ကို အရေးယူရမှာ ဆိုတာလဲ ဟုတ်မှာပါ.. ဒါပေမဲ့ အမေရိကန်ကြောင့် အီရတ်မှာလူသေတာ တရားဝင် ရေတွက်ရင်တောင် ထောင်သောင်းနော်.. နွားအားဖ သတ်တာတွေ သိန်းကျော်သွားပီ.. အဲ့ဒါလဲ စဉ်းစားကြဦး.. ကိုယ့်မိသားစု ညီအကို မောင်နှ တွေ ထဲက နအဖ လက်ချက် မိသွားရင် ဘယ်လိုများခံစားရမလဲ.. တွေးကြည့်ကြပါဗျို့..