Monday 23 August 2010

တရုပ်ဝန်ကြီးချုပ် က ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းနေပြီ။

မနေ့ က ရိုက်တာ သတင်းတပုဒ်မှာ တရုပ်ဝန်ကြီးချုပ် ၀န်ကြားပေါင်က တိုးတက်လာတဲ့စီးပွားရေးနဲ့ အညီ နိင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်သွားမယ်လို့ ဆိုပါတယ်။ ဘာတွေကို ပြုပြင်ပြောင်းလဲမှာလဲ

+ ပြည်သူလူထုတွေရဲ့ ဒီမိုကရေစီအခွင့်အရေး
+ ဥပဒေနဲ့ အခွင့်အရေးတွေကိုအကာအကွယ်ပေးဖို့ ။
+ နိင်ငံတော်အရေးအရာ၊ ဥပဒေပြုမှု၊ စီးပွားရေး၊လူမှုရေးနဲ့ ယဉ်ကျေးမှုတွေမှာ လူထု ကပိုမို ပါဝင်နိင်ဖို့  ။ လွတ်လပ်စွာ စုရုံးခွင့်၊ဖွဲ့ စည်းခွင့်တွေကိုပေးဖို့ 
+ လူထုက ဝေဖန်ခွင့်နဲ့  အစိုးရကို ကြီးကြပ်ခွင့် တွေလည်းရှိဖို့ 

ဝန်ကြာပေါင်းက အပေါ်ကနေ အောက်ကိုသွားတဲ့ အစဉ်အလာ လုပ်ထုံးတွေ အစား အောက်ကနေ အပေါ်ကို ပြန်သွားတဲ့ ဒီမိုကရေစီကျင့်စဉ် ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တဲ့အတွက် ပါတီထဲမှာ နာမည်ကောင်းရထားဘူးပါတယ်။

၂၀၁၃ ခုနစ်မှာ သူက ၀န်ကြီးချုပ်ရာထူးသက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ သူရာထူးသက်တမ်းမကုန်ဆုံး ခင်မှာ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်သွားမဲ့ အနေထားရှိနေပါတယ်။ တရုပ်ပြည်ကွန်မြူနစ်ပါတီက ပြုပြင်ပြောင်းလဲမှုတွေကို အဆက်မပြတ်လုပ်ဆောင်ခဲ့ပြီး အမှားကို ပြန်လည် ပြင်ဆင်ပြီး အမှန်နဲ့ တိုးတက်မှုတွေကို လုပ်ရဲ တဲ့ပါတီတခုအဖြစ် နာမည်ကောင်းရနေပါတယ်။

No comments :