Sunday, 29 August 2010

သန်းရွှေ နှင့်အပေါင်းပါများနှုတ်ထွက်သည့် သတင်း တပ်တွင်း ဂယက်ရိုက်


ဦးသန်းရွှေ၊မောင်အေး၊ရွှေမန်းအပါအ၀င်ထိပ်သီးခေါင်းဆောင်များရာထူးမှနှုတ်ထွက်ကုန်ပြီဆိုသည့်သတင်း ထွက်ပေါ်လာပြီးသည့်နောက်နအဖအတွင်းဂယက်ရိုက်လျှက်ရှိပါသည်။တချို့ဗိုလ်ချုပ်များ မသိလိုက်ရဟုဆိုသည်။ ဗိုလ်ချုပ်မောင်အေးနှင့်ဗိုလ်ချုပ်ရွှေမန်းတို့ မကျေနပ်ကြဟုသိရပါသည်။

၁၉၈၈ခုနစ်ဇူလိုင်၂၃ရက်နေ့ဦးနေ၀င်းကသူတဦးတည်းသဘောထားနှင့်မဆလ ပါတီထိပ်သီးခေါင်းဆောင်များ အားလုံး နှုတ်ထွက် လိုက်ပြီဟု ဆိုလိုက်သကဲ့သို့ 
မထိမ်းနိင်မသိမ်းနိင်အနေထားမျိုးရောက်လာနိင်သည်ဟုနအဖတပ်အသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြပါသည်။အားလုံးအစုအလိုက်အပြုံလိုက်နှုတ်ထွက်လိုက်ခြင်းဆိုးကျိုးကိုသူတိုခံစားပြီပြီဖြစ်သဖြင့်  မလုပ်သင့်ကြောင်း ဝေဖန် လျက်ရှိကြပါသည်။ ဗိုလ်ချုပ်မောင်အေး နှင့် ရွှေမန်းတို့ ကဲ့သို့ ဝါရင့်ခေါင်းဆောင်တချို့ နှင့် ၀ါနုတပ်မူးတချို့ တွဲ ပြီး  တပ်ကို ကိုင်ထားခဲ့သင့်သေးသည်ဟု ဆိုပါသည်။

 ဦးနေ၀င်းက မဆလ ပါတီ အစဉ်အလာခေါင်းဆောင်များကို ကျော်ပြီး ဗိုလ်ချုပ်ခင်ညွန့် ကို ရွေးကဲ့ သို့  ဦးသန်းရွှေကလည်း သူရမြင့်အောင်လို ၀ါနုသည့်တပ်မှုးတယောက်ကို တပ်မတေတ်ာအာဏာအရှိဆုံးနေရာကိုပေးခဲ့ခြင်းသည်  ဆိုးကျိုးများပိုမိုဖြစ်လာနိင်သည်ဟု သုံးသပ်နေကြပါသည်။ တပ်တွင်း တွင် တယောက်တပေါက်သုံးသပ်လျက်ရှိနေကြသည်ဟုဆိုသည်။

တပ်တွင်းမတည်မငြိမ်မှုများဖြစ်ပေါ်လာနေသည့်အတွက်   ဗိုလ်ချုပ်မောင်အေးနှင့်ဗိုလ်ချုပ်ရွှေမန်း တို့ သည် သန်းရွှေနှင့်တဖွဲ့ လုံးနှုတ်ထွက်သည့် သတင်း ကို  အတည်မထုတ်ပြန်ပဲ ဘိုနေမြဲကျားနေမြဲ ပြန်လည် နေရန် သန်းရွှေ အား နားချလျက်ရှိနေသေးသည်ဟု ဆိုပါသည်။  


No comments :