Tuesday, 31 August 2010

ပဲခူး ရေကြီး



သြဂုတ်လ ၂၉ရက်နေ့ ကတည်းက မိုးသီးထန် စွာရွာသွန်းမှုကြောင့် မဇင်း၊ အိုးလေးစု၊ ကျွန်းသာယာ၊ ဇိုင်း ကနိင်း (တောင်၊မြောက်)  ရွာသစ်၊ ကျောက်ကြီးစု၊ ကလျာဏီ ရပ်ကွက်များ ရေလွမ်းခံနေရကြောင်းသတင်းရရှိပါတယ်။  ရေကြီးရခြင်းအကြောင်းမှာ ဇောင်းတူရေလှောင်ကန် မှာ ရေများကိုမထိမ်းနိင်တော့သောကြောင့် အာဏာပိုင်များက ဆည်ကိုဖေါက်ပေးလိုက်ရာမှရေကြီးရခြင်းဖြစ်ပါတယ်။ ဆည်က ပဲခူးမြစ်ကိုပိတ်ပြီးဆောက်ထားခြင်းဖြစ်ပြီး ပဲခူးမြို့  မှ မိုင် ၄၀ ခန့် အကွာတွင်ရှိပါတယ်။
ရေလွမ်းရပ်ကွပ်များကို အာဏာပိုင်များမှလာရောက်ကူညီပေးခြင်းလုံးဝမရှိသေးပါ။ သံဃာများနှင့်ကျောင်းသားများက သာသွားရောက်ကူညီနေကြောင်းသတင်းရရှိပါသည်။

1 comment :

Anonymous said...

ဒုက္ခရောက်နေတဲ့ တိုင်းသူပြည်သားတွေကို ဘယ်ဂရုစိုက်နိုင်ပါ့မလဲဗျာ။
သူတို့ကိုယ်တိုင် အာဏာမြဲဖို့တောင် မနဲလုပ်နေရတာ ညတောင် ဖြောင့်အောင်မအိပ်ရဲဘူး။ တဖက်ကလည်း လိုအပ်ရင်ပြေးဖို့ အထုပ်ပြင်နေရတော့ အလုပ်တွေများနေတာပေါ့။