Friday 20 August 2010

နဖအ အတွင်း ဖြုတ်ထုတ်သတ် စနေပြီ။ ရွေမန်းနားပြီး သူရမြင့်အောင်တက်မယ်လို့ သတင်းများ ထွက်နေ။



နအဖ တပ်အတွင်း ဖြုတ်ထုတ်သတ်ပွဲ ကြီး စတင်နေပြီဖြစ်ပါတယ်။  သန်းရွှေ က အလွန်လည်ပါတယ်။ သူကတော့ မထွက်ပါဘူး။ တဖက်လှည့် နဲ့ ဗိုလ်ချုပ်တွေ ကို အရပ်ဖက်ပို့ လို က်တာ ပါ။ သူတို့ ရွေးကောက်ပွဲဝင်ရမယ်။ ဗိုလ်ချုပ်အဖြစ်ကနေ အမတ်လုပ်ရမယ်။ ဘောင်းဘီချွတ်ပြီး ချောင်ထိုးခံလိုက်ရတဲ့ ဗိုလ်ချုပ် ၁၄ ဦး ကတော့

၁။ ဒုဗိုလ်ချုပ်ကြီး အုန်းမြင့် (ကစထ ၁ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ဆင်း)
၂။ ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ကစထ ၂ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၉)
၃။ ဒုဗိုလ်ချုပ်ကြီး ခင်ဇော် (ကစထ ၆ မှူး၊ OTS အပတ်စဉ် ၄၉)
၎။ ဒုဗိုလ်ချုပ်ကြီး သာအေး (ကစထ ၄ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၆)
၅။ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ (ကစထ ၅ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅)
၆။ ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင် (လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်၊ စစ်တက္ကသိုလ် ၁၇)
၇။ ဒုဗိုလ်ချုပ်ကြီး တင်အေး (စစ်လက်နက် အရာရှိချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၉)
၈။ ဒုဗိုလ်ချုပ်ကြီး ဆန်းဆင့် (စစ်ရာထူးခန့်ချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅)
၉။ ဒုဗိုလ်ချုပ်ကြီး စိုးမောင် (စစ်ဥပဒေချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၇)
၁ဝ။ ဒုဗိုလ်ချုပ်ကြီး သိန်းထိုက် (တပ်မတော် စစ်ဆေးရေး အရာရှိချုပ် စစ်တက္ကသိုလ်၊ အပတ်စဉ် ၁၆)
(  Source of list : mizzima )

တို့ ဖြစ်ကြတယ်။ တပ်ကနေ နားပြီး အမတ်လုပ်ခိုင်းတဲ့အတွက် ဒီဗိုလ်ချုပ်ပြုတ်တွေဟာ့ ခံစားချက်မကောင်းကြဘူးလို့ သိရတယ်။ သူတို့ဟာ ဘောင်းဘီမချွတ်ခြင်ကြဘူး။ တပ်ထဲမှာ သေတဲ့အထိ ကုတ်ကပ်နေခြင်ကြတယ်လို့ သိရတယ်။  ယူနီဖေါင်းချွတ်လိုက်ရင် အာဏာလက်လွတ်ဖြစ်ရတဲ့ဘ၀ ကို 
သူတို့ ကောင်းကောင်းသိနေကြတယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲမှာအရေးမခံရဘူးဆိုရင် သူတို့ ဟာ
မျောက်သစ်ကိုင်းလွတ်ဘ၀ ကိုရောက်ရဦးမှာပါ။  သူတို့ သတ္တိမရှိတဲ့အတွက် သူတို့  အထုတ်ခံရတာပဲ သနားစရာရာမလို ပါဘူးလို့  အောက်ခြေ တပ်မှုးငယ်တွေက ပြောနေကြပါတယ်။


 အမေရိကန် အစိုးရက သန်းရွှေ  နဲ့  အပေါင်းအပါများကို စစ်ရာဇ၀တ်ကောင်များအဖြစ် တရားစွဲဖို့ စတင်တောင်းဆိုပြီးလိုက်ပြီးမှာ နအဖ ခေါင်းဆောင်ပိုင်းအတွင်း စိုးရိမ်ထိန့် လှန့် နေတယ်လို့ သိ ရတယ်။  

တချို့ လည်း တာဝန်ကနေ လုံးဝ အနားယူ ခြင်နေကြတယ်လို့ ဆိုပါတယ်။  ဒီထဲမှာ ရွှေမန်း၊ တင်အောင်မြင်ဦး နဲ့ သန်းရွှေညာလက်ရုံး တင်အေးကိုယ်တိုင်ပါတယ်။ (အခုတင်အေးကတော့အနားပေးခံရတဲ့အထဲပါသွားပါပြီ။)  

တပ်မတော်ဦးစီးချုပ်အဖြစ် ဖြစ်လာနိင်သူကတော့ သူရမြင့်အောင် လို့ သတင်းထွက် နေပါတယ်။ 



5 comments :

Comrade said...
This comment has been removed by the author.
Anonymous said...

တကဲ့အရှူးပဲ.. ကိုယ်ပြောချင်တာတွေဆင်ခြေတုံတရာမရှိလျောက်
ပြောနေတဲ့ကောငိပဲ... ခုနိုင်ငံကဘယ်ကိုသွားနေတာလဲ.. ၂၀၁၀ ဆိုတာဘာလုပ်ဖိုလဲ... စစ်တပ်ကအရပ်သားအစိုးရလက်ထဲကိုလွဲပေးရတော့မှာမဟုတ်ဘူး.လားး ... ခုထွက်ခိုငိးတဲ့လူတွေဖွဲစည်းပုံအရရော၊ စစ်ဥပဒေအရရောက်စစ်တပ်ထဲမှာနေလို့မရတော့ဘူး. အသက်တွေအကုန်ကျော်နေပြီ။ နောက်ကြည်နေ ကျနိတဲ့လုတွေအကုန်ထွက်မှာစစ်တက်ကနေ၊

ARTARLOOT said...

ထွက်ပေးရတဲ့ဗိုလ်ချုပ်တွေက စစ်ဥပဒေအရ အသက်တွေအကုန်ကျော်နေ လို့ တပ်ထဲနေလို့ မရတော့ဘူး ဆိုတော့ တပ်ချုပ်ကြီး သန်းရွှေက ခုထိတပ်ထဲက မထွက်သေးတော့
အခုမှအသက်၂၀ကျော် စစ်ထဲဝင်ခါစထင်တယ်နော်..


အပေါ်ကအမည်မသိ ပြောတာ ဆင်ခြင်တုံတရား လား ဆင်ချေးတုံး တရား လား စဉ်းစားကြည့်တာပါ။

Anonymous said...

သူ့အကြောင်း ကြားဖူးတယ်။ လုပ်ရည်ကိုင်ရည် အတော်ရှိတယ် ဆိုသတဲ့။ ဘာရှိတာလည်းတော့ မသိဘူး။သူက အစက ဧရာဝတီတိုင်းက တိုင်းမှူးလေ။နာဂစ်ကြီးဖြစ်တော့ အဲဒီမှာ သူ့လုပ်ပုံက သူ့ဝမ်းပိုက်ကိုပုတ်ပြီး "ဒီလူတွေ ဗိုက်ကားအောင် စားထားရပြီးပြီ၊ လယ်ထဲအလုပ်ပြန်ဆင်းခိုင်းစမ်း"တဲ့။ဒါပါပဲလေ၊ နောက်လဲ ဘာမှသိပ်မျှော်လင့်လို့ရမယ်မထင်ပါ။

Anonymous said...

အင်း လေ a good soldier က ဘာလုပ်ရမှာလဲ .. ဘယ်ဟာတွေကို သွား တိုက်ဦးမှာလဲ .... နိုင်ငံတော် ဖွံ့  ဖြိုးဖို့  အတွက်ဆိုရင်တော့ (a good soldier) ဆိုတာတွေ တောထဲမှာ သွားပြောကြ..