Friday, 20 August 2010

လူပီသခြင်း ရဲ့ သဘော



ကျနော် ငယ်ငယ်တုံးက အလွန်စွဲမက်တဲ့ ကာတွန်း တခုရှိတယ်။  မော်ဂလီ ဆိုတဲ့ကာတွန်း။ ဆွဲတဲ့သူက ကာတွန်းဆရာ ဆွေဆက်။ အခုတော့သူဘယ်ရောက်နေလဲမသိပြီ။  ဒီကာတွန်းက စာရေးဆရာကြီး ရုဒ်ကက်ပလင်း ရဲ့  ဂျန်းဂဲလ်ဘုတ်   (  Jungle Book)  ကို ပြန်ဆွဲထားတာ။  ခုခေတ်မှာတော့ကလေးတွေအတွက် ဒီလိုကာတွန်း တွေရေးတာမတွေ ရ့ကြရတော့ဘူး။ ဆရာကြီးကဒ်ပလင်းရဲ့ စာပေတွေက စာရိတ္တ ကောင်းမွန်ဖို့ ၊ လူသားဆန်ဖို့ ၊ မေတ္တာတရားကိုအခြေခံပြီးတည်ဆောက်လေ့ရှိတယ်။ ဇတ်အိမ်ဖွဲ့ တာတွေကောင်းတဲ့အတွက်ဇတ်ကောင်တွေဟာသူဇတ်လမ်းထဲမှာ အားပြိုင်နေတယ်။ ဂျန်ဂဲလ်ဘုတ်ထဲက ဇတ်ကောင်တွေက တိရိစ္ဆာန်တွေပါ။  ဒီထဲမှာ လူစရိုက်အမျိုးမျိုးကိုတွေ့ ရတယ်။ ရီဖို့ ကောင်းတဲ့ စာရိုက်တခုကတော့ မျောက်ဘုရ င်ကြီး လူဝီပါ။ သူက လူဖြစ်ချင်နေတယ်။

တောကြီးကိုထိမ်းချုပ်ခြင်နေတယ်။ တောကြီးကိုထိမ်းချုပ်ဖို့ ဆိုရင် မီး ရမှ ဖြစ်မယ်။ မီးကို သူမလုပ်တတ်ဘူး။ ဒါကြောင့် ဇတ်လိုက်ဖြစ်တဲ့တောတွင်းသား မောဂလီကို စည်းရုံးပြီး မီးလုပ်နည်း တောင်းနေတာပါ။ မီးရရင် တတောလုံးကိုထိမ်းချုပ်နိင်ပြီ။ သူအာဏာမြဲပြီ။ င်ဒီအခါသူကိုတောတရိစ္ဆာန်တွေက လူလိုဆက်ဆံလာကြမယ်လို့ သူယူဆထားတယ်။ တကယ်က လူလို ဆက်ဆံစေချင်ရင် လူလို ကျင့်ကြံဖို့ ပါ။ မီး ရှိမှမဟုတ်ဘူးဆိုတာကို မျောက်ဘုရင်ကြီး လူဝီကအယူလွဲနေတာပါ။ ဒါကို ကက်ပလင်းက ထောက်ပြချင်တာပါ။ ကက်ပလင်းရဲ့ စာပေတွေဟာကလေးစာပေတွေဆိုပေမဲ့ လူကြီးတိုင်းလက်မချ။ကစ်ပလင်းကို မဖတ်ဘူးသေးရင် လူရာမ၀င်သေးတဲ့အဆင့်ဖြစ်ခဲ့ရတယ်။ ကစ်ပလင်စာပေတွေကို စာရေးဆရာကြီးဇော်ဂျီ ဘာသာပြန်တွေရှိတယ်။ လူငယ်တွေကိုဖတ်ဖို့ တိုက်တွန်းခြင်တယ်။ လူသားအကျိုးပြု စာပေတွေကြောင့်  ကက်ပလင်းဟာ စာပေဆိုင်ရာနိုဘယ်လ်ဆုအထိရရှိခဲ့ပါတယ်။


 ဒီနေ့ ဦးသန်းရွှေဟာ လည်း အနုမြူလက်နက်ရရင် သူကိုကမ္ဘာကြီး ကလေးစားလာမယ်။လူလိုဆက်ဆံလာမယ်လို့ ယူဆနေတယ်။ အနုမြူလက်နက်ကို တိုင်းပြည်အမွဲခံပြီး လုပ်နေတယ်။  နိင်ငံတကာကရော၊ လူထုကပါ ဦးသန်းရွေကိုလေးစားလာစေချင်ရင် နိင်ငံတော်ကိုတည်ဆောက်ပေးခဲ့တဲ့ခေါင်းဆောင်ကောင်းတဦးလို့ သမိုင်းမှတ်တမ်းတင်စေချင်ရင် အနုမြူလက်နက် ပိုင်စရာမလိုဘူး။ လူကိုလူလို ဆက်ဆံတတ်ဖို့ ပါပဲ။ ကျနော်မိတ်ဆွေ ကိုဇော်မင်း ရဲ့ စကားနဲ့ ပြောရရင် လူသားမျက်နှာ ရှိဖို့ ပါ။

လူကိုလူခြင်းဆက်ဆံတဲ့ စနစ်ကိုတည်ဆောက်ဖို့ ပါပဲ ဆိုတာအသိတရားရသင့်ပါပြီ။ မျောက်ဘုရင်ကြီးလူဝီလို လမ်းမှားကိုလျောက်မနေပဲ ။လမ်းမှန်ကို ဦးတည်နိင်ပါစေ-။ဂျန်ဂဲလ်ဘုတ် ကို ဝေါဒစ်စနေ ရုပ်ရှင်က ပြန်ရိုက်တယ်။ ဇတ်ဝင်ခန်း လေးတခုကိုတင်ဆက်လိုက်ပါတယ်။ ဒီအပိုင်းကတော့ မောဂလီကိုဖမ်းပြီး မီးလုပ်နည်းတောင်းတဲ့အခန်းလေးပါ။ ရီဖို့ လည်းကောင်း၊ လူဖြစ်ခြင်နေတဲ့ မျောက်ဘုရင်ကြီးလူဝီကို ဂရုဏာလက်သက်မိပါတယ်။ ခံစားကြည့်ပါ။ ဒီရုပ်ရှင်အစအဆုံးကိုလည်း ရှာပြီးကြည့်ကြစေချင်တယ်။

သီချင်းနာမည်က   I wanna be like you  သီဆိုတဲ့သူက  နာမည်ကျော်အဆိုတော့  Louis Prima. 
ဖြစ်ပါတယ်။


No comments :