Tuesday, 10 August 2010

မလေးရှားက မြန်မာ နှင့်ရခိုင်များ ရဲ့  အခြေအနေ အနည်းငယ် တိုးတက်


ယခုနှစ်အတွင်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုက္ခသည်များအဖြစ် ထောင်နှင့်ချီ၍ အသိအမှတ်ပြုစာရင်းများ ထုတ်ပြန်ပေးလိုက်ပြီဖြစ်သည်။ လွန်ခဲ့သောနှစ်လလောက်က ရခိုင်လူမျိုးများအနေဖြင့် ဘာသာရေး၊လူမျိုးရေးတို့ ခွဲခြားမှူရှိသည်ဆိုကာ UNHCR ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသေးသည်။

ယင်းကဲ့သို့ဆန္ဒပြချိန်အတွင်း အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့ရခိုင်ဖေါင်းဒေရှင်းအဖွဲ့မှ မလေးရှးနိုင်ငံရှိ UNHCR ရုံးနှင်ပ ဆွီဇါလန်နိုင်ငံရှိ ရုံးချုပ်သို့ အသိအမှတ်ပြုပေးရန်တောင်းဆိုစာများကို ရေးသားပေးပို့ခဲ့သည်။ ယနေ့ UNHCR မှ ထုတ်ပြန်ပေးသောစာရင်းအရ ARR- ( 485)--ARRC--( 1439 )--ALD -( 151 )-- ANCS--( 1787 )--NLD-- ( 301 )--BRO-- ( 1660 ) တို့အသီးသီးအသိအမှတ်ပြုခြင်းခံရသွားပြီဖြစ်သည်။ ယခုဒုက္ခသည်များအဖြစ် အသိအမှတ်ပြုခြင်းခံရသူများမှာ ဒုက္ခသည်များအား ပြန်လည်နေရာချထားရေး အစီအစဉ်အရ တတိယနိုင်ငံများသို့ ထွက်ခွါသွားနိုင်ကြပြီဖြစ်ကြောင်း သိရှိရသည်။ ယခင်နှစ်များကမူ မြန်မာနိုင်ငံတွင် စစ်အစိုးရမှာ ဗုဒ္ဒဘာသာဝင်များဖြစ်၍ ဗမာလူမျိုးနှင့် ရခိုင်လူမျိုးများမှာ ဗုဒ္ဒဘာသာဖြစ်သောကြောင့် သူတို့မှာစစ်အစိုးရ၏နှိပ်စက်ကလူမှူကို မခံစားရကြောင်း UNHCR မှ လက်ခံယုံကြည်နေကြခဲ့သေးသည်ဟု တချို့က ပြောဆိုကြသည်။

 မလေးရှားနိင်ငံတွင် မြန်မာ နိင်ငံသား ၇ သိန်းရှိပြီး ဒုက္ခသည်အဖြစ်လျောက်ထားသူ တသိန်း ကျော်ရှိလာပြီဖြစ်ပါတယ်။ ထိုင်းနိင်ငံတွင် မြန်မာ နိင်ငံသား ၅ သန်းနီးပါးရှိပြီး ဒုက္ခသည်မှာ ၂ သိန်းခန့် ရှိတယ်။


( ပေးပို့ သူ- ကိုခိုင်အောင်ကျော်)


No comments :