ရဲဘော်များနဲ့  မိတ်ဆွေများခင်ဗျား
ဝမ်းနည်းစရာကောင်းတဲ့သတင်းတပုဒ်ကို ကျနော် ပြောရပါတော့မယ်။ ဒါကတော့ ကျနော်တို့ အေဘီအက်စ်ဒီအက်ဖ်ရဲ့ ချစ်လှစွာသောမိတ်ဆွေကြီး ဆန်ကလျာဏီ ( ထိုင်းလူမျိုး) ဟာ အဆုတ်ကင်ဆာနဲ့ မနေ့ ညနေကကွယ်လွန်သွားတယ်လို့ ဆိုပါတယ်။
ဒီသတင်းကို ကိုအောင်သူငြိမ်းက ကျနော်ကိုပြောတော့ ကျနော်တုန်လှုပ်မိပါတယ်။ သူဟာ
ကျနော်တို့ ခင်ဗျားတို့ အားလုံးအတွက် ညီအကိုတယောက်လို့ ဖြစ်ခဲ့ရသူပါ။ သူဟာအလွန်ငယ်သေးတယ် အလွန်ဆုံးရှိမှာ ၄၀ ကျော်ပဲရှိဦးမယ်လို့ ထင်ပါတယ်။ သူဟာ အေဘီ ကို အကူညီခဲ့ဆုံးထိုင်းမိတ်ဆွေဖြစ်ပါတယ်။ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေအတွက် အမြဲတမ်း
ကူညီအားပေးနေတဲ့  မိတ်ဆွေကောင်းကြီး တယောက်ပါ။ ချင်မိုင်းက သူနေအိမ်ဟာလည်း ကျနော်တို့ အားလုံးအတွက် အမြဲတမ်း လှိုက်လှဲပြုံးချို စွာ တံခါး ဖွင့် ထားသူတဦး ဖြစ်ပါတယ်။
မြန်မာ ပြည်မှာ ဘာတွေဖြစ်နေတာလဲဆိုတာကို တကမ္ဘာလုံးသိအောင် သူဟာဓါတ်ပုံမှတ်တမ်းတွေ၊ ဗွီဒီယို တွေနဲ့ တင်ပြခဲ့သူပါ။ သူရဲ့ ပြောင်မြောက်တဲ့လုပ်ဆောင်ချက်တွေကြောင် မြန်မာ အရေးကိုနိင်ငံတကာက
အရေးပေး လာအောင်သူဆောင်ရွက် ပေးနိင်ခဲ့သူဖြစ်ပါတယ်။
၁၉၉၅ ခုနစ် က ထိုင်းအစိုးရက ကျနော်ကို ထိုင်းနိင်ငံကို ပြန်ဝင်လို့မရအောင် ပိတ်ထားတုံးက ကျနော်ကို ထိုင်းနိင်ငံထဲကို ရအောင် သယ်ယူပေးခဲ့တဲ့သူဖြစ်ပါတယ်။ ထိုင်းနိင်ငံရဲ့ ဥပဒေအရ ဆိုရင်ဒါဟာ အပြစ်ကြီးတဲ့လုပ်ငန်းပါ။ သူလုပ်ဆောင်ပေးခဲ့တယ်။ ကျနော်တို့ အားလုံးကို ကူညီပေးခဲ့မှုတွေကြောင့်
ထိုင်းအစိုးရက သူကို ပြစ်ဒဏ်ပေးတာကိုလည်း ခံခဲ့ရဘူးသူတဦးဖြစ်ပါတယ်။
သူဟာ ထိုင်းကျောင်းသားခေါင်းဆောင်တဦး ဖြစ်ခဲ့ပြီး မြန်မာ ဒီမိုကရေစီအရေးကို ဘ၀မြှုပ်နှံကူညီစောင်ရွက်ပေးခဲ့သူတဦးအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုပါတယ်။ နိင်ငံပေါင်းစုံရောက်နေတဲ့အေဘီရဲဘော်များကိုတိုက်တွန်းလိုတာကတော့သူကို အမှတ်တရ အောင့်မေ့ဂုဏ်ပြုကြဖို့  တိုက်တွန်းလိုပါတယ်။
2 comments :
ကျနော်တို့ တိုင်းပြည်အတွက်ကူညီခဲ့ ကိုခွန်ထိုင်းကို
သေမှ သိရတာစိတ်မကောင်းစရာဗျာ။
ကျောင်းသားတပ်ကရဲဘော်တွေက မျက်စေ့ပိတ်ထားခံ
ခဲ့ရလို့ ထိုင်းလူမျိုး ရဲဘော် ရီဝီအယ်လေကို
မသိခဲ့တာ ရောက်ရာ ဘဝ က ခွင့်လွှတ်တော့ဗျာ။
ရေလိုခွက်ပေါ်မူတည်ပြောင်းတတ်တဲ့ မိုးသီဇွန်×
ဗမာ ဝမ်ချိန်ဝေ့ အောင်သူငြိမ်းနဲ့ ဒေါက်တာ ကြာကူလီ
တို့ ရဲ့  လက်ရှိ အကျင့်နဲ့  စိတ်ဓါတ်ကိုမသိသွားတော့
အသေ ဖြောင့်မှာပါ။
ဘဝဆက်တိုင်းမှာ ကျောမွဲများအတွက်ရပ်တည်ရင်း
မြင့်မြတ်သူဖြစ်စေကြောင်း ဆုတောင်းပါတယ်ဗျာ။
ကျောင်းသားတပ်သားဟောင်း
ဇော်နိုင်
သူဘယ်သူလဲ ကျွန်တော်မသိပါ၊ သို့သော် ဗမာပြည်က ရဲဘော်ကျောင်းသားတွေကို ကူညီခဲ့သူဆိုတော့ သူဧ။် မိသားစုနှင့် ထပ်တူဝမ်းနဲပါသည်။
Post a Comment