Tuesday, 7 September 2010
တိုက်ပွဲရှိ တဲ့ နေရာ ကို လာကြဖို့ အားလုံး ကို ဖိတ်ခေါ်ပါတယ်
ပဲခူးမြို့  ၁၉၉၈ ၊ ၁၉၉၉ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်ဟောင်း များ ၏ ပန်ကြားချက်
ပဲခူး ကနေ စတွန်း လှန် မယ် ။ပဲခူးမှာ တိုက်ပွဲ တွေ စတော့ မယ် ။တိုက်ပွဲရှိ တဲ့ နေရာကို အား
လုံး လာကြဖို့ ဖိတ်ခေါ် ပါတယ်။တိုက်ပွဲ က အား လုံး ကိုဖိတ်ခေါ် တယ်။ဒီနေရာ ကနေ စစ်အာ
ဏာရှင် စနစ် အဆုံးသတ်စို့ ….
ကိုအောင်မော်ဝင်း ၊ ဦးဇင်း ကောမလ
သန်းရွှေရဲ့ ဓါးပြတပ် ပြောင်ကျကျ လူသတ်နေပြီ။
ပဲခူးမှာတင်မဟုတ် တစ်နိုင်ငံလုံး နေရာအနှံ့မှာ ရရာပုံစံမျိုးစုံနဲ့ တိုက်ပွဲဝင်ကြပါ။။
ရေဒီယိုနဲ့ အင်တာနက်သတင်း များကိုလက်လှမ်းမီသူများက အချိန်နှင့်တစ်ပြေးညီ တတ်နိုင်သမျှ ပြန်လည် ဖြန့်ဝေပေးကြပါ။ အလွှာပေါင်းစုံ လူများများပါဝင်အောင် လှုံ့ဆော်စည်းရုံးကြပါ။ လူတွေပိုပြီး ပူးပေါင်းပါဝင်လာလေလေ အန္တရာယ်အတွက် စွန့်စားရတာကလည်း လျော့ပါးလာလေလေပါပဲ။စည်းကမ်းရှိ ငြိမ်းချမ်းတဲ့နည်းဆိုပြီး ကြောက်လို့ သည်းခံနေကြတာ တကယ် အလုပ်မဖြစ်တာသိသင့်ပြီ။ တော်လှန်ကြပါစို့။
သန်းရွှေ အခက်ဟာ လူထုရဲ့ အချက်ပဲ။
တိုင်းပြည်နဲ့ လူထုကိုချစ်တဲ့ တပ်မတော်သားတို့ နိုင်ငံသားအများရဲ့အသက်ကိုကယ်ဖို့ အကောင်ဆုံးနည်းဟာ သန်းရွှေနဲ့အပေါင်းပါတွေကို လုပ်ကြံသတ်ဖြတ်ပြီး တော်လှန်ဖြုတ်ချတဲ့နည်းပါပဲ။ ဒီနည်းနဲ့ သက်သေပြ အောင်မြင်ပြီဆိုမှ လူထုကြီးနဲ့ ပြောင်ကြကြ ပူးပေါင်းကြပါ။တစ်သက်မှာ တစ်ခါတော့ သေစမြဲပါပဲ၊ တိုင်းပြည်အကျိုး လူထုအကျိုး အတွက်လုပ်ရင်း ကံခေလို့ လူသေရရင်တောင် နံမည်မသေပဲကျန်လိမ့်မယ်။
at 00:30
Subscribe to:
Post Comments
(
Atom
)
1 comment :
ဆရာကြီးတို့လို အတွေ့အကြုံရှိပြီးသားလူတွေ
ဦးဆောင်ပြီး စနစ်တကျ လုပ်ဆောင်သင့်ပါတယ်။
ပြည်ပကနေ အော်နေတာထက်စာရင်
ဗိုလ်ချုပ် လုပ်ခဲ့တဲ့လမ်းစဉ်အတိုင်း ပြည်ပမှာနိုင်ငံရေးခိုနေသူတွေ ညီညွတ်အောင်စည်းရုံးပြီး တော်လှမ်ရေးတရပ်ဖေါ်ထုတ်သင့်ပါပြီ။
ဆရာကြီးတို့လို ခေါင်ဆောင်တွေက လက်နက်ဆွဲပြီးဝင်လာခဲ့ရင် နောက်က ပြည်သူတွေပါလာမှာ အသေချာပါပဲ။
ပြည်သူတွေကို အဝေးကနေ မြှောက်ပင့်မပေးပါနဲ့တော့။
ပြည်သူတွေက အထိနာလှပါပြီ။
ပြည်သူတွေခမြှာ ကျိုက်ထီးရိုးသေနတ်မြင်ရင်တောမှ ကြောက်နေကြပါပြီ။
Post a Comment