Sunday, 26 September 2010

နအဖ သွေလေခြောက်ခြား နေ


   ၂၀၁၀ ရွေးကောက်ပွဲနားနီးလာလေ လေ နအဖ ဗိုလ်ချုပ်တွေလည်း သွေးလေခြောက်ခြားလေဖြစ်နေတယ်လို့ သိရပါတယ်။ဆရာဆရာမများ၊ ကုန်သည်များ၊ ဇတ်မင်းသား၊မင်းသမီးများ၊ လူလေလူလွင့်များ အားလုံးကို သိမ်းကြုံးပြီ ဖိအား မျိုးစုံပေးက ကြံဖွတ်ထဲသို့ ဝင်ခိုင်းနေကြကြောင်းသိရပါတယ်။   မ၀င်ဘူးဆိုရင် သူတို့ ကို နည်းမျိုးစုံဒုက္ခပေးဖို့ အကွက်တွေ ကိုင်ထားတယ်လို့ သိရတယ်။ ဥပမာ- အိမ်ခန်းသိမ်းမယ်။ ဆိုင်ခန်းပိတ်မယ်။ ပစ်စပို့ သိမ်း၊ အလုပ်ကထုတ် စသဖြင့် လုပ်နေပါတယ်။ တကယ်က ဒီလိုဖိအားပေးမှုတွေ က နအဖ ဟာ ကိုယ်ကို ယုံကြည်စိတ်ချမှုအတော်ကျဆင်းနေတာ ကို ပြသနေပါတယ်။ ဒီလိုလုပ်လေ လူထုက သူကို မုန်းလေဖြစ်နေတယ်။ မလုပ်ရင်လည်း သူကို ဆန်ကျင်တဲ့အင်အားတွေဖြစ်လာနိင်ပါတယ်။ ဒီတော့မုန့် လုံးစက္ကူကပ်၊ ဂျာအေးသူအမေရိုက်ဆိုသလို ဖြစ်နေပါတယ်။

လူအများစုကလည်း ကြံဖွတ်ထဲဝင်ဆိုဝင်တယ်။ အခွင့်အရေးပေးရင်ယူမယ်။ ဒါပေမဲ့ မဲတော့မရစေရ ဘူး လို့ တေးထားတယ်လို့ သိရပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းမူကိုကျင့်သုံးနေတယ်လို့  အချင်းအချင်းပြောနေကြပါတယ်။  ၁၉၄၇ ခုနစ်တိုင်းပြုပြည်ပြုလွတ်တော်ကျင်းပခါနီး ရွေးကောက်ပွဲကာလတွင် ဗိုလ်ချုပ်က ဖဆပလ အဖွဲ့ ချုပ်ကိုယ်စား ရွေးကောက်ပွဲ စည်းရုံးပွဲတခုမှာ ကြွေးတာကိုစား၊ပေးတာကိုယူ၊ ဒါပေမဲ့ မဲပေးရင်တော့ဖဆပလ ကိုပဲပေးပါလို့  တိုက်တွန်းခဲ့ဘူးပါတယ်။ 

ဖိအားပေးပြီး မဲပေးခိုင်းရင် ပြည်သူအများစုက ကြံ့ဖွတ်ကို  ကန့် ကွက်မဲပေးကြဖို့ ဆုံးဖြတ်ထားတယ်။ 
မဲတွေကို ထောက်ခံမဲ အဖြစ် မဲလိမ် လို မရအောင် မဲ တွေကို စုတ်ဖြဲပြစ်မယ်။ ၀ါးစားပြစ်မယ်။ လျောက်ခြစ်ပြစ်မယ်လို့ လည်း ပြောဆိုနေကြပါတယ်။





No comments :