Tuesday, 14 September 2010

ပဲခူးနာရီစင်မှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပိုစတာကြီးကပ်သွား

ပဲခူးမြို့လယ် နာရီစင်ကြီးမှာ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးပါ၊ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပါဆိုတဲ့ တောင်းဆိုချက်နဲ့အတူ ရွေးကောက်ကို ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်ကြဆိုတဲ့ စာတန်းပါ ၅ပေ ၆ပေ အရွယ် ဗီနိုင်းဆိုင်းဘုတ်ကို ကပ်သွားတဲ့လှုပ်ရှားမှုတခု ဒီကနေ့မနက်မှာဖြစ်ပွားခဲ့ပါတယ်။

လူတွေဝိုင်းအုံကြည့်ကြတာကြောင့် မနက် ၁၀ နာရီခွဲလောက်မှာ နယ်မြေခံရဲတွေကခွာပြီး ဘယ်သူ့လက်ချက်လဲဆိုတာ လိုက်လံစုံစမ်းနေပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းအရ တခြားနေရာတွေမှာ ပေါက်ကွဲစေနိုင်တဲ့ ဗုံးတွေတွေ့ရှိတယ်ဆိုပြီး ကောလဟာလတွေထွက်နေပါတယ်။ နာရီစင်နားမှာ မြန်မာရဲတွေရဲ့ ထုံးစံအတိုင်း ဇတ်လမ်းပြီးပြီဆို ရဲဝိုင်းလာပါတယ်။ အခုအဲဒီနားမှာ ရဲအယောက် ၂၀ လောက် လုံခြုံရေးချထားပါတယ်။

ရန်ကုန်တိုင်းအတွင်းနဲ့ မန္တလေးမြို့မှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေးပိုစတာတွေနဲ့ လက်ကမ်းစာစောင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြန့်ဝေခဲ့ကြပါသေးတယ်။ စက်တင်ဘာ ၁၂ ရက်ထုတ်မြန်မာသတင်းစာတွေမှာတော့ ဆူပူအောင်သွေးထိုးလှုံ့ဆော်သူတွေ ဖေါက်ခွဲဖျက်စီးမဲ့သူတွေကို ၀ိုင်းဝန်းဖေါ်ထုတ်ဖို့ ရေးသားထားပါတယ်။

အညာနွေတမာမြေ

No comments :