ကိုမိုးသီးခင်ဗျား
ပဲခူးမြို့ က အသတ်ခံရတဲ့လူငယ်နှစ်ဦး သတင်းကိုပို့ လိုက်ပါတယ်။ မီဒီယာတွေမှာ ဖြန့် ပေးပါ။

ဒီ နေ့ နေလည် ၁ နာရီမှာ နအဖ စစ်သားတွေရဲ့  မတရား သတ်ဖြတ်မှုကိုခံရတဲ့ မောင်အောင်သူဟိန်းနဲ့  မောင်စိုး ပိုင်ဇော် တို့ ရုပ်အလောင်း ကို ဆေးရုံကနေ သုသာန် ကို အသုဘ ချမယ်။
လူတွေထောင်ပေါင်းများစွာရောက်ရှိနေ ကြပြီ။ မရှိဘူးဆိုရင် ၄ - ၅ ထောင်လောက်ရှိနေတယ်။ အရမ်းဒေါသထွက်နေကြတယ်။ စစ်သားတွေလည်းအများကြီးချထားတယ်။ ကျနော်တို့  ချမယ် အကို။ အလောင်းကို လုပြီး ပြည်သူတွေ သိအောင်ပြမယ်။
နအဖ က အလောင်းကိုမပေးဘူး။ သူတို့  ဘာသာ ချပေးမယ်။ မိသားစုတွေပဲ တက်ရမယ်လို့ ဆိုနေတယ်။ ရန်ကုန် မြို့ က လူထုများလည်းဒီ ဖြစ်ရပ်ကို မကျေနပ်ကြဘူး လို့ သိရတယ်။ အကိုတို့ ဖက်ကလည်း ကူပါ။
ဒီကလေးနစ်ဦး အသတ်ခံရ မှု သတင်းကို မီဒီယာမှာဖေါ်ပြမှု အလွန်အားနေပါသည်။
ဥပမာ
၁- ဒီကလေးနစ်ဦး နဲ့ စစ်သားတွေဘာကြောင့် ရန်ဖြစ်တာလဲ
၂- သေဆုံးသွားတဲ့ ကလေးနှစ်ဦး က ဘယ်လို ကလေးတွေလည်း ( ကျောင်းသားလား၊ အရပ်သားလူငယ်တွေလား၊စွမ်းအားရှင်တွေလား။ )
၃- စစ်သားတွေဆွဲလားရမ်းလား အ လုပ်ခံရတဲ့ အမျိုးသမီး လေးတွေက ဘယ်သူတွေလည်း
၎- သေနပ်နဲ့ ပြစ်သတ်ဖို့ အမိန့် ပေးလိုက်တဲ့ စစ်ဗိုလ်က ဘယ်သူလဲ
၅- ဒီလို ဖြစ်ရပ်မျိုး ၁၉၈၈ ခုနစ် က ဖြစ်ခဲ့တယ်။ စန္ဒာဝင်းလက်ဘက်ရည်ဆိုင်က ကျောင်းသားနဲ အရပ်သားလူငယ်တွေ ရန်ပွဲ။ ၈၈ မတ်လ စန္ဒာဝင်းလက်ဘက်ရည်ဆိုင်က ဖြစ်ရပ်က နဲ့ လက်ရှိဖြစ်ရပ် ထပ်တူဖြစ်မှုတွေကဘာလဲ။
၆- ဒီလိုဖြစ်ရပ်တွေ နောက်ထပ်ဖြစ်နေဦးမှာလား။
၇- အာဏာပိုင်တွေက ဒီဖြစ်ရပ်ပေါ်မှာ တုန့် ပြန်မှုက ဘာတွေလဲ
စသဖြင့် သတင်းများကို ဆက်တိုက်ထုတ်လွင့်ဖေါ်ပြနေသင့် ပါတယ်။ ၀တ်ကြေတန်းကြေလုပ်နေရုံနဲ့ မရပါ။
နိင်ငံတကာမီဒီယာများ တွင် ယခုကဲသို့  ဖြစ်ရပ်များ ဖြစ်လာပါက နာရီ မပြတ် ဆက်တိုက်သတင်းလွင့်နေသော သာဓကများစွာရှိပါတယ်။ မြန်မာ ရေဒီယိုမီဒီယာများကို ကျနော်တို့ လုံးဝ အားမရပါ။ ဒီဖြစ်ရပ်ကို သက်သေ ထွက်ပြောဆိုပေးမဲ့ လူများ စွာရှိပါတယ်။ ဒီလောက်ဒေါသထွက်နေကြပါတယ်။ ဒီသတင်းကို ဖြန့် ပေးပါအကို။
ပဲခူးသား လူငယ်တဦး

2 comments :
ချသာချ အကိုတို့ရှိတယ်
အပြတ်သာချ
ပဲခူး က လူက သတင်းအမှန် ရှာမပေးပဲနဲ့ ပြင်မ မီဒီယာ က ဘယ်လိုလုပ်ပြီး အတိအကျရမှာလဲ.. ပြည်တွင်းကို ၀င်ချင်တိုင်းဝင်လို့မရဘူးလေ..
Post a Comment