Sunday, 26 September 2010

စစ်ဗျူဟာမူး ခင်မောင်ဌေး မိန်းမ ငွေသိမ်းဖို့ ရောက်လာခြင်း

        (   ခင်မောင်ဌေး တနေ့ ကို တပုလင်း သောက်တဲ့   မြန်မာ ငွေသိန်း နှစ်သိန်းတန် ဟက်နာစီ အရက်။ )

 မြ၀တီမှာ အခြေချနေတဲ့ စစ်ဗျူဟာမှုး ဗိုလ်မူးကြီး ခင်မောင်ဌေးရဲ့  မိန်းမ ဟာ ရန်ကုန်ကနေ မနေ့ ကမြ၀တီကိုရောက်လာတယ်။ ဒီမိန်းမ က တလ တခါ ငွေလာသိမ်းတာ ။   ကေအင်ယူက ခပ်သွက်သွက်လေး လှုပ်ရှားတတ်မယ်ဆိုရင်တော့ လူထု က လက်ခုတ်တီးပြီး အားပေးမဲ့ ရွှေဘ အကွက်ရနိင်ပါတယ်။

ဗျူဟာမူးမိန်းမ ဟာ မြ၀တီကိုလာတိုင်း ထိုင်းဖက်က ကုန်သည်တွေဆီက မှာယူဝယ်တာကတော့ စိန်ပဲ။ သူကို မစိန်ခင်လို့ တောင် ထိုင်းကုန်သည်တွေက မြန်မာ လို မပီကလာပီကလာနဲ့  နောက်ကွယ်မှာ ခေါ်ကြတယ်လို့ သိရတယ်။ ပြီးခဲ့တဲ့အပတ် ၄ ကာရက်ရှိတဲ့ အရေကောင်းတဲ့စိန် အလုံး ၅၀ ကျော်ကို ဈေးမစစ်ပဲဝယ်ယူ သွားခဲ့တယ်လို့ သိရတယ်။

ခင်မောင်ဌေးရဲ့ ဝင်ငွေက၀င်ငွေက သိန်း ၂၀၀ အထက်မှာရှိတယ်။ဒေါ်လာ နဲ့ ဆိုရင် နစ်သောင်းခန့် ရ
ှိတယ်။ ဒါက တနေ့ ဝင်ငွေပါ။  အမေရိကန် မှာတောင် သာမန် စာရေးတယောက်ရဲ့ တနစ်ဝင်ငွေ ရဲ့ အထက်မှာရှိနေပါတယ်။

ခင်မောင်ဌေးက က မြ၀တီမှာ တာဝန်ကြတာ ၇ နှစ်ရှိပါပြီ။ ဒီနေရာမှာ ဗျူဟာမူးကို တနစ်ပဲ တာဝန်ပေးလေ့ရှိတယ်။ အလှည့်ကျ စားရတဲ့စနစ်ပါ။ ဒါပေမဲ့  ခင်မောင်ဌေးက ဒေါ်ကြိုင်ကြိုင် ထိပေါက်ရောက်တဲ့အတွက် ၇ နစ်ကြာနေတာလို့ သိရတယ်။ အရှေ့ တောင်တိုင်း တိုင်းမူး ဗိုလ်မူးချုပ် ထွန်းနေလင်းတောင်မှာ ခင်မောင်ဌေးကို ဖါးနေရတာပါ။  ခင်မောင်ဌေးရှာပေးမှာ ထွန်းနေလင်းစားရတဲ့ဘ၀ ရောက်နေတာပါ။
(ဒေါ်လာ ၂သောင်းခန့် ) ။သူသောက်တဲ့အရက်က ဇို ဆိုတဲ့အမျိုးစား ဒေါ်လာ ၂ တန်ပါ။ တနေ့ ကို ဇို ဆိုတဲ့အရက် တပုလင်းသူသောက်တယ်။ ဗိုလ်ချုပ်အေးက ဘလူးလေဘဲလ် ၊ ငါက တော့ ဇို ပဲလို့  မူးလာရင် 
ဆိုလေ့ရှိတယ်။  ဒီအချိန်မှာ တိုင်းမူး ထွန်းနေလင်းက  ဒီကေဘီအေက ဆက်သထားတဲ့  ဘလက်လေဘဲလ် နဲ့  ပဲကျေနပ်နေရရှာတာပါ။

သန်းရွှေအမိန့် နဲ့ မော်တောကားလမ်းပိတ်လတယိုက် တဲ့ဆုံးဖြတ်ချက်မှာ အလုပ်ဖြစ်နေတာကတော့ ဒီဗျူဟာမူးတယောက်သာဖြစ်တယ်လို့ ဆိုတယ်။ သူကို လဒ်ထိုးတယ် ရင်  ညဖက် မှာ ကားလမ်းကိုဖွင့်ပေးလိုက်ပါတယ်။ ဒီတော့ ထိုင်းည်ကုန်သည်တွေက လပ်ထိုးကြတယ်။  လဒ်မထိုးနိင်တဲ့မြန်မာ ကုန်သည် တွေက တော့ လမ်းပြန်ပိတ်မှုကြောင့် အတော့်ကိုဒုက္ခရောက်နေကြပါတယ်။ 

ခင်မောင်ဌေးမိန်းမ အပါအ၀င် ဗိုလ်ချုပ်ကတော်တွေ ရဲ့ အသည်းစွဲ ကြယ်ပုံသွေး (  Star Cutting Diamond)
စိန်များ။

1 comment :

Anonymous said...

ဇိုမဟုတ်ပါဘူး. အိတ်ခ်စ်အိုး ပါ။ တဆက်တည်းအမြန်အသံထွက်ရပေမယ့် ဇိုဆိုတဲ့အသံတော့မထွက်ပါဘူး။