From:www.wanna23.com
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် နိုင်ငံရေးအကျဉ်းသား ကိုမြအေး၏ သမီးဖြစ်သူ ယခုလက်ရှိ UK နိုင်ငံတွင် ကျောင်းတက်နေသည့် ဝေနှင်းပွင့်သုန် ဟာ ၂၀၁၀ အောက်တိုဘာ ၁၆ ရက်နေ့တွင် လန်ဒန် O2(အိုတူး)ကစားကွင်းတွင် Burgee ဟုခေါ်သည့် ခြေထောက်တွင် ကြိုးချည်ပြီး အမြင့်ပေ ၁၆၀ မှ ခုန်ချကာ မြန်မာအရေးဆိုင်ရာ လှုပ်ရှားမှုတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း Freedom Group စာမျက်နှာတင်ဖော်ပြထားသည်။ ယခုအကြိမ်ဟာ မြန်မာအမျိုးသမီးတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။
http://www.bmycharity.com/V2/jumpforfreedom
Friday, 24 September 2010
Subscribe to:
Post Comments
(
Atom
)
11 comments :
အဲဒီလို တိုက်ပေါ်ကနေ ခုန်ချလိုက်ရုံ နဲ့ မြန်မာပြည် ဒီမိုကရေစီ ရသွားမယ်ဆိုရင် ကျနော်လည်း ကျိုးကျိုး၊ ကန်းကန်း ငါးထပ်၊ ခြောက်ထပ် တင်မကဘူး။ ၁၀ ထပ်တိုက်ပေါ်ကနေ ခုန်ချပေးပါမယ်။
မင်းအောင် သီချင်းတစ်ပုဒ်ထဲကလို မေးချင်တာကတော့ "နာမည်ကြီးဖို့ နိုင်ငံရေးလုပ်တာလား၊ ဂုဏ်ကို မက်လို့ နိုင်ငံရေး လုပ်တာလား"
အခုလို တိုက်ပေါ်ကနေ ခုန်ချတာထက်စာရင် အောက်မှာ တင်ထားတဲ့ ဗွီဒီယိုထဲက ကလေးမ လို ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို သွားကူညီလိုက်တာကမှ လက်တွေ့ဆန်ဦးမယ်။
နိုင်ငံရေးသမားတွေ တစ်ခုခုလုပ်တော့မယ်ဆိုရင် မလုပ်ခင်မှာ ကိုယ်လုပ်မယ့်အလုပ်ဟာ လက်တွေ့ဆန်ရဲ့လား၊ ဘယ်လောက်အတိ တာသွားလဲ၊ impact ဘယ်လောက်အထိ ရှိလဲ ဒါမျိုးတွေကို များများစဉ်းစားစေချင်တယ်။
အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း နဲ့ ထိရောက်မှုမရှိတဲ့ဟာတွေ၊ ထိရောက်မှု နည်းတဲ့ ဟာတွေကို ဘာလို့ လုပ်ချင်နေကြတာလဲ။
အဲ့ဒီလို လုပ်မယ့်အစား ကြပ်ပြေးမှာ အသေခံ ဗုံးခွဲရင် ပိုမကောင်းဘူးလား?
I agree with both the comments above.
We, the people need to criticize or point out the defects of both opposition and Junta.
အံ့သြဘွယ်ကောင်းပါတယ်။ လူ့မှာအမျိုးပါ .. ဒီကလေးမလေး .. သူ့အဖေ ဦးမြအေး ရဲရဲတောက် လှုပ်ရှားမှုအတွက် ထောင်ဒါဏ်၆၅နှစ်ကျပြီး မြန်မာပြည်က လက်ရှိ နိုင်ငံရေးအကျဉ်းသားပါ။ ဗြိတိလျှ ပါလီမန်က ကမ္ဘာကျော်နိုင်ငံရေးသမားတွေက လေးစားရတဲ့ ၂၁နှစ်အရွယ်မိန်းမငယ်လေးပါ။ မြန်မာပြည်မှာ ရဲရဲတောက်လုပ်လို့ စုစုနွေးလို မိန်းကလေးတွေ ထောင်ကျခံနေရပါတယ်။ သူလုပ်နိုင်တာ လုပ်တာပါ။
မိတ်ဆွေတို့ ... ကိုယ်လုပ်နိုင်ရင် ကိုယ့်ဖာသာပဲ ဆူဆိုက်ဗုန်းခွဲပြပါ။ တခါကလည်း ကျွန်တော်တို့မိတ်ဆွေကြီး စိုက်ပျိုးရေးပါမောက္ခချုပ်ဟောင်း ဒေါက်တာဆလိုင်းထွန်းသန်း ရန်ကုန်မြို့တော်ခမ်းမရှေ့မှာ ၂၀၀၁လောက်က တကိုယ်တော် အစိုးရကို ဆန္ဒပြလို့ ထောင်ချခဲ့တယ်။ နောက် အစာငတ်ခံဆန္ဒပြလို့ လွှတ်တယ်။ နောက်အမေရိကားရောက်လာတယ်. ... နယူးယောက်မှာ ထပ်ပြီးအစာငတ်ခံဆန္ဒပြတော့ .ဒီမိုကရေစီအာကျယ်တစ်ယောက်က. ဆရာကြီး အစာအငတ်ခံ ဆန္ဒပြမဲ့အစား ဆူဆိုက် ကိုယ်ဖာသာအသေခံ ဆန္ဒပြရင်ကောင်းကြောင်း လာတိုက်တွန်းပါတယ် .. လို့ ဆရာကြီးကိုယ်တိုင်ပြောပြတာ နားထောင်ခဲ့ဖူးပါတယ်။
ချစ်မိတ်ဆွေ ... ကျွန်တော်တို့လူမျိုးတွေ ကိုယ်တိုင်လဲမလုပ်နိုင်ဘူး၊ လုပ်ဖို့လည်း အရည်အချင်းမရှိဘူး၊ သူများလုပ်ပြန်တော့လည်း ဒါလေးများ ဆိုပြီးအာကျယ်လုပ်ချင်တယ် ...
မှတ်မိသေးတယ် .. ကိုလံဗတ် အမေရိကားတွေ့ရှိပြီး ဂုဏ်ပြုညစာစားပွဲမှာ ဒါလေးများ လို့ အာကျယ်တစ်ယောက်က လူတွေကြားထဲပြောတယ်။ ကိုလံဗတ်က အဲဒီစားပွဲကိုသွားပြီး ကြက်ဥပြုတ်ကို စားပွဲပေါ်ထောင်ခိုင်းတယ်။ အာကျယ်အပါဝင် လူတွေ ကြိုးစားထောင်ကြည့်တာ မရဘူး၊ ကိုလံဗတ်က ကြည့်ဒီလိုထောင်ရတယ် ဆိုပြီး ကြက်ဥပြုတ်ကွဲတဲ့အထိ ရိုက်ချပြတော့ စားပွဲပေါ်ထောင်နေတာတွေ့ရတယ်။ ဒီ အာကျယ်လူကပဲ .. ဒီလိုလုပ်ရင်တော့ ငါလည်းလုပ်နိုင်တာပေါ်လို့ .. ပြောပြန်ရော... တဲ့။ ဒါလောက်ပါပဲ... သမီးမပွင့်ကို လေးစား၊ ဂုဏ်ယူလျှက် ... ၀တ်မှုန် (စင်ကာပူ)

Witmone ရေးတာကို သဘောတူပါတယ်။
နောက်ဆုံးကောက်ချက်ချကြည့်ရရင်.... သူများ အုတ်တစ်ချပ် သဲတစ်ပွင့်လုပ်တာကို `ဒါလေးများ´လို့ လိုက်ပြောနေသူရဲ့အတွင်းသန္တာန်မှာ မနာလို ၀န်တိုစိတ်တွေ ကိန်းအောင်းနေတယ်ဆိုတာ.... ထင်ရှားပါတယ်..။
သူလဲ မလုပ်နိုင်..သူတပါးလုပ်တာကိုလဲ.. မနာလို....၊ အင်း.. အဲဒီလိုလူစားတွေရဲ့ အတွင်းသန္တာန်မှာ မနာလို ၀န်တိုစိတ်တွေ ရှိနေသေးသရွေ့ ပြည်တော်ကြီး ဒီမိုကရေစီနဲ့ နီးဖို့က မလွယ်သေးပါလာ....၊
Have some dignity and do something intelligent. Did Josh Washington, Martin Luther King, Mahatma Gandhi do something like this to get independent throughout their times? Don't tell me that anyone who does not agree with her is jealous of her. Well, I definitely am not and am willing to participate if there is going to be an effective movement in the country. Plus understand the meaning of "sanction" first and think twice before you ask for the tougher and tighter sanctions from the west. It just hurts the country's economy and people.. After all, the whole thing about bungee jumping seems childish (am not jealous, just doesn't make sense to me)
Post a Comment