ဒီလူဘာမှ မလုပ်ခဲ့ဘူး (Photo: Mizzima)
ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ။ ရွေးကောက်ပွဲကိုမ၀င်ပါနဲ့  ကန့် ကွက်ပါ။ တရားမျှတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ကြိုးပန်းပါ။ အဓိက နိင်ငံရေးပါတီခေါင်းဆောင်တွေ၊ နိင်ငံရေးပါတီတွေပါဝင်နိင်အောင်တိုက်ပွဲ ၀င်ပါ ။ စစ်အာဏာရှင်စနစ်ကိုအသက်သွင်းမဲ့ ၂၀၀၈ အခြေခံဥပဒေကိုတိုက်ဖျက်ပါ စတဲ့ တိုက်တွန်းချက်တွေကို ရန်ကျော်က လစ်လျူရှု့ ခဲ့တယ်။
၈၈ လှုပ်ရှားမှုကြီး မုန်းတိုင်းထန်နေစဉ်ကာလမှ ရန်ကျော်ဘာမှမလုပ်ခဲ့ဘူး။ မုန်တိုင်းစဲသွားတဲ့ကာလ ဒေါက်တာမောင်မောင်ခေတ်မှာ ရန်ကျော်ဟာ လက်သီးလက်မောင်းတန်းပြီး နိင်ငံရေးလောကထဲ ခုလိုပဲ ရောက်လာတယ်။ ၈၉ ခုနစ်မှာခနအဖမ်းခံရတယ်။ မုန်းတိုင်း ထန်လာပြန်တော့ သူကိုယ်ရောင်ဖျောက်သွ
ားပြန်ပါတယ်။ သူစီးပွားရေးပဲသူလုပ်နေတယ်။
သူဟာရန်သူကိုကျော်လွားရှောင်ကွင်းပြီး သက်သာသလို နေတယ်။ပြည်သူလူထုအတွက်အနစ်နာခံပြီးလုပ်ဆောင်ချက်တွေဘာတခုမှမရှိဘူး။
အနစ်နာခံပြီးလုပ်ဆောင်နေတဲ့ ခေါင်းဆောင်တွေ အကုန်ထောင်ထဲကျနေတာကို ရန်ကျော်က အခွင့်အရေး
တ ရပ်လို့ ယူဆပုံရတယ်။ ဖျာတချပ်နဲ့ ရွေးကောက်ပွဲဝင်လာတယ်။ လူပိန်းကြိုက်စကားတွေနဲ့ မဲဆွယ်လာတယ်။ မြန်မာ နိင်ငံရေးပြသာနာက သူကိုမဲပေးလိုက်ရုံနဲ့ မပြီးဘူး နက်ရှိုင်းလွန်းနေတယ်။
လက်ခုတ်တီးပေးလိုက်ရုံနဲ့ ပွဲမပြီးတာ ၁၉၉၀ ရွေးကောက်ပွဲက သက်သေတည်ခဲ့ပါပြီ။ ၈၀ရျာခိုင်နှုန်းကျော်အ
နိင်ရခဲ့တဲ့ ရ လဒ် တွေ ရခဲ့ပေမဲ့ မိသားစုတိုင်းရဲ့  မျော်လင့်ချက်တွေ ပျက်ခဲ့ပြီ။ မိသားစုတိုင်းရဲ့  ဘ၀တွေကိုမှန်တချပ်လို ကွဲကြေခဲ့ပြီးပြီ။ ဟိုပါတီဒီပါတီက ကိုယ်စားလှယ်တွေ တော်လောက်ပါပြီ။ ဟိုကတိဒီကတိတွေတောလောက်ပါပြီ။ တိုက်မှ ရမယ်။ ဂျီသြမေထြီမှာဖြတ်လမ်းမရှိသလို ဒီမိုကရေစီမှာလည်းဖြတ်လမ်းမရှိတာသေချာနေပြီ။
သူကိုမဲပေးလည်း ဘာမှ မထူးဘူး။ အားလုံးကိုကန့် ကွက်ပါ။ ရွေးကောက်ပွဲကိုစိတ်မ၀င်စားကြောင်း ပြသပါ။ လူထုတိုက်ပွဲကိုဖေါ်ဆောင်ပါ။ လူထုအစိုးရဖွဲ့ စည်းနိင်ရေးဟာ သော့ချက်ပါ။
2 comments :
မင်းကိုမင်းဘဲ အတတ်ကြီးလုပ်တော့။ မင်းဘဲတော်တယ်။မင်းဘဲ ယုံစရာကောင်းတယ်။ အခုထိ မင်းလုပ်တာ ထိရောက်တာ ဘာမှမတွေ.ရသေးဘူး။
ကို မိုးသီးကကော နိုင်ငံအတွက် ဘာပေးဆပ်နေ
လို့ လည်း ကျွန်တော် သိသလောက်ကတော့
ပါးစပ်ကနေ ပဲ အဝေးကနေလှမ်းလှမ်းပြောနေတယ်
ကြာလာတော့ ပျင်းလာပြီဗျာ
ကို မီုးသီးတို့ ကတော့ နိုင်ငံခြားမှာ အေးဆေးနေပြီ အာဘော်လေးနဲ့ လှုပ်ဆော်နေတယ်
တကယ်အနစ်နာခံချင်တယ် နိုင်ငံကိုယ်ချစ်တာဆိုလက်တွေ့ ကျကျလုပ်ပြပါတော့
Post a Comment