Monday, 6 September 2010

အောင်စိန် နောင်တ ရပါပြီ


Aung Sein: An Entrepreneur in Myanmar
Written By Robert W.Hornaday ( The University of North Carolina)

ဘာသာပြန်သူ- (မြတ်စိုး)
၀၉.၀၆.၂၀၁၀


အောင်စိန်ဆိုတဲ့--- မြန်မာပြည်မှာ ကျိုးစားပြီး စွန့်စွန့်စားစားစီးပွားရေး လုပ်ကိုင်လိုသူ တဦး၏ ဖြစ်ရပ်မှန် အကြောင်း ကိုတင်ပြပေးပါမယ်။

အောင်စိန်ဟာ မြန်မာပြည်ပေါက် တရုတ်-မြန်မာ ကပြားလေးပါ။ သူ့အဖေ ကတော့ တရုတ်ပြည် မှာ ကူမင်တန် တပ်တွေနှင့် တရုတ် ကွန်မြူ နစ်ပါတီတို့ တိုက်ခိုက်ခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် အသက်(၁၅)နှစ် လောက် က တည်းက မြန်မာပြည် တောင်တန်းတွေ ကျော်ဖြတ်ပြီး ရန်ကုန်မြို့ရောက်ရှိအခြေချနေထိုင်ခဲ့တယ်။ ရန်ကုန်ရောက်ခါစက သူအဖေဟာ မြန်မာစကား မပြောတက်သေးပါဘူး။ တရုတ်ပြည်ကဆိုလို့ ၀တ်ထားတဲ့အင်္ကျီလေးတစ်ခု တည်း ပါတယ်။

အောင်စိန်အဖေဟာ မြန်မာအမျိုးသမီးတဦးနှင့်လက်ထပ်ပြီး၊ နောက်ဆုံးမှာ ရန်ကုန်မြို့ လယ်ရှိ စကော့ဈေးမှာ သူတို့ စတိုးဆိုင်ကြီးတခုပိုင်ဆိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြတယ်။ ၁၉၆၀ ကာလပိုင်းမှာ စကော့ဈေး ကို အာဏာရှင်ဟောင်း ဦးနေ၀င်းစစ်အုပ်စုရဲ့ ပြည်သူပိုင် သိမ်းပိုက်ခဲ့မူ့ကြောင့် အောင်စိန် မိဘတွေဟာ စုစည်းထား ခဲ့တဲ့ငွေနဲ့ သက်သက်သာသာ ရပ်တည်လို့ရတဲ့ ရွာမြို့ လေးတခုဖြစ်တဲ့ ပဲခူးတိုင်း ညောင်လေးပင်မြို့ကိုပြောင်းရွေ့နေထိုင်ပြီး အခြေချခဲ့ကြတယ်။ သားသမီး (၈) ယောက်ကို ပညာသင်ပေးခဲ့တယ်။

အောင်စိန်ဟာ တတိယောက်မြောက်သားပါ။ အောင်စိန်ကံကောင်းတာက သူအမတန်မှ စိတ်အားထက်သန်ပြီး၊ စိတ်ဝင်စားတဲ့ ဆေးတက္ကသိုလ်ကျောင်းကို ပညာဆည်းယူခွင့်ရခဲ့တယ်။ ၁၉၈၇ ခုနှစ်မှာ အသိမှတ်ပြု ဆရာဝန်ဖြစ်လာပြီး၊ ကိုယ်ပိုင်ဆေးခန်း ထောင်ကာ ဆင်းရဲတဲ့ ပြည်သူတွေကို တက်နိုင် သလောက် ဆေးဝါးကုသပေးခဲ့တယ်။ ဒီလိုဆေးကုသရာမှာ ပြည်သူတွေဟာ အမတန်မှ ဆင်းရဲမွဲတေနေပြီး ဂွမ်းတို့၊ ပတ်တီးတို့ တောင် မ၀ယ်နိုင်၊ ဆေးခန်း တွေကိုတောင် လာတောင် မပြရဲကြလို့ အသက်ဆုံးရှုံးမှုတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်။၊ တချို့ဆို ဆေးဝါးကုသ ပျောက်ကင်း နိုင်တာတောင် အင်မတန်မှ ဆင်းရဲလွန်းလို့ အသက်ဆုံးပါးသွား ခဲ့ကြတယ်။

ဒီတော့ အောင်စိန်ဆုံးဖြတ်လိုက်ပါပြီ။ မြန်မာပြည်မှာ လူတွေ အသက်ကယ်တင်နေတဲ့ ဆရာဝန်တွေများနေလို့ ၊ ဆရာဝန်အလုပ် မလုပ်ဖို့ဆုံးဖြတ်ပြီး၊ ဆင်းရဲသားတွေကယ်တင်ဖို့ ကိုဆုံးဖြတ်လိုက်တယ်။

အဲဒီနေ့ကစပြီး အောင်စိန် တစိုက်မတ်မတ်စဉ်းစားပြီး လုပ်နေတာ ကတော့ ဘာပစ္စည်းတွေ ဟာ ဆင်းရဲသားပြည်သူတွေ ဈေးနှုန်း သက်သက်သာသာ ၀ယ်ယူသုံးစွဲ နိုင်မလည်းဆိုတာဘဲ။ အခုတော့ ဆရာဝန်မလုပ်တော့ဘဲ ၊စွန့်စွန့်စားစားလုပ်မဲ့ စီးပွားရေး လုပ်ငန်းရှင် အောင်စိန် တယောက် ဖြစ်လာခဲ့ရတော့တယ်။

ပထမ အောင်စိန်လုပ်ချင်တဲ့စီးပွားရေးကတော့ ကျန်းမာရေးဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊ ဓာတ်ခွဲခန်းမှာ သုတေသနပြုလုပ်တဲ့သူတွေ နှင့် အေအိုင်ဒီအက်စ်( HIV AIDS) အပါအ၀င် ကူးစက်ရောဂါတွေမပြန့်ပွားအောင်အတွက် အသုံးပြုတဲ့ တခါသုံးသော ရော်ဘာလက်အိပ်တွေ ကိုထုတ်လုပ်ရောင်းချဘို့၊ ဆုံးဖြတ်ခဲ့တယ်။ ဒီလို ရော်ဘာလက်အိပ်မျိုးတွေကို အမေရိကန် နိုင်ငံရှိ ကျောင်းစားသောက်ခန်းမနေရာတွေ၊ဆေးရုံတွေ၊လုပ်ငန်းခွင်တွေမှာ လည်းအသုံးပြု နေကြတာပါ။

ဒီ တခါသုံးသော ရော်ဘာလက်အိပ်တွေကို ဈေးနှုန်းချိုသာစွာ မြန်မာနိုင်ငံမှာ ထုတ်လုပ်ရောင်းချနိုင်မယ်ဆိုလျှင် ဆင်းရဲသားပြည်သူတွေအတွက်ကတော့ လုပ်ငန်းခွင်မှာ ကျန်းမာရေးအတွက် ဖြစ်စေ၊ ရောဂါမပြန့်ပွားစေရေး အတွက်ဖြစ်စေ၊ ငွေရေးကြေးရေး သုံးစွဲရာမှာဖြစ်စေ အကျိုးခံစားကြရမယ်။

အစိုးရ အနေဖြင့်လည်း ဒီလိုမျိုး တခါသုံးရော်ဘာ လက်အိပ်တွေကို နိုင်ငံခြားက တင်သွင်းနေရမှုမှ လျှော့ကြသွားရင် နိုင်ငံခြားငွေသုံးစွဲမူ့ လျှော့ကြသွား မှာမို့ အစိုးရအတွက်လည်း အကျိုးရှိစေလိမ့်မယ်လို့ အောင်စိန်သုံးသပ်ပြီး စတင်ထုတ်လုပ် ရောင်းချ ဖို့စီစဉ်ခဲ့တယ်။ ကျန်းမာရေးဝန်ကြီးဌာန နှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက သူငယ်ချင်း ဆရာဝန်တွေနှင့် မိတ်ဆွေတွေကလည်း ဆင်းရဲသားပြည်သူတွေကို ဖေးမကူညီလိုချင်တဲ့ အောင်စိန်ရဲ့ စိတ်ဆန္ဒ၊ အများအကျိုးဖြစ်စေမဲ့စီးပွားရေး စွန့်စွန့်စားစား လုပ်ဆောင်မှု အမြင်သစ်လေးကို အားပေးကြပါတယ်။ အောင်စိန်ရဲ့ ရော်ဘာလက်အိပ်လုပ်ငန်းအတွက် နည်းပညာ၊ စက်ပစ္စည်းတွေ၊ ကုန်ကြမ်းတွေ ကို စင်္ကာပူက အသိမိတ်ဆွေတွေက လည်း အကူအညီတွေပေး ခဲ့ကြတယ်။

အောင်စိန် ကတော့ သူထုတ်လုပ်မဲ့ ရာဘာလက်အိပ်တွေကို မြန်မာ ကျပ်ငွေနှင့်ရောင်းပြီး၊ ဒီကျပ်ငွေတွေကိုတော့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းက သူ့ရဲ့ စီးပွားရေး မိတ်ဆွေသူငယ်ချင်းများ၊ ငွေလွှဲလုပ်ကိုင်သူ မိတ်ဆွေများကတဆင့် ဒေါ်လာငွေပြန်လှဲပြီး၊ လိုအပ်တဲ့ ကုန်ကြမ်းတွေကို စင်္ကာပူကနေ တဆင့် မှာယူသွားဖို့ စီစဉ်ထားပါတယ်။ အဲဒီတုန်းက သူရောင်းမဲ့ ဈေးနှုန်းဟာ ရောဘာလက်အိပ်အစုံ (၅၀) စာ တစ်ဘောက်စ်ကစ်ကို (၅၀) ကျပ်နဲ့ပါ။ ( 50pcs/1box/50 kyats)။ ( တစုံ ကို (၁) ကျပ်ဘဲတန်ပါလိမ့်မယ်။) ဆင်းရဲသားပြည်သူတွေအားလုံး၊ ကျန်မာရေးအမူ့ထမ်းတွေ၊ စက်ရုံအလုပ်သမားတွေ၊ အစိုးရ၀န်ထမ်းတွေ အားလုံးလည်း ဈေးနှုန်း ချိုသာစွာသုံးစွဲနိုင် ကြမှာပါ။ နိုင်ငံခြားကတင်သွင်းနေတဲ့ ဈေးနှုန်းထက်လည်း အများကြီးသက်သာပါတယ်။

၁၉၉၀ခုနှစ်မှာ မြန်မာနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန စာရင်းဇယားအရ တလ ကို တခါသုံးရော်ဘာလက်အိပ် (၁၀၀,၀၀၀) ကျော် ကိုဗြိတိန်၊အမေရိကန်၊ဂျပန်၊အိန္ဒိယ နိုင်ငံတွေကနေတဆင့် ပျှမ်းမျှ လက်အိပ် (၁၀၀) ကို (၅)ဒေါ်လာနှင့် တင်သွင်းနေကြရပြီး၊ ကျန်လိုအပ်သော ရော်ဘာလက်အိပ်မြောက်များစွာကို တရုတ်ပြည်မှ လက်အိပ် (၁၀၀) ကို (၃.၅) ဒေါ်လာ မှောင်ခိုဈေးနှုန်းဖြင့်ဝယ်ယူတင်သွင်းနေကြပါတယ်။ တင်သွင်းမူ့လိုင်စင် ကို မြန်မာနိုင်ငံကုန်သွယ်ရေး ၀န်ကြီးဌာနကဘဲ ကိုင်တွယ်လုပ်ဆောင်ခဲ့တယ်။ အဲဒီကာလ မြန်မာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက ရာဘာလက်အိပ် တလ အနည်းဆုံး (၁.၅) သန်း မဖြစ်မနေတင်သွင်း နေရတာ ကြောင့် ၊ အောင်စိန်စီးပွာရေးလုပ်ငန်း လည်ပတ်မူ့ နှင့် ရောင်းချမူ့ဟာလည်း ကုန်သွယ်ရေးဝန်ကြီးဌာန တခုတည်း ၏ ခွင့်ပြု ၀ယ်ယူမူ့ပေါ် မှီခိုနေပါတယ်။

အောင်စိန် ထုတ်လုပ်ရောင်းချတော့မဲ့ ရော်ဘာလက်အိပ်ကို မြန်မာနိုင်ငံကျန်းမာရေး ၀န်ကြီးဌာနက၊ လုံခြုံစိတ်ချမူ့၊ အရည်အသွေး ကောင်းမူ့ တွေ (Safty and Quality) အပေါ် စစ်ဆေးပြီး ၊ ထုတ်လုပ်ခွင့်ပြုနိုင်ကြောင်း အသိအမှတ် ပြုလိုက်ပါပြီ။

ဆေးပညာရှင်တွေကကော၊ ဆေးဆိုင်တွေကပါ အစမ်းသုံးစွဲရာမှာ ကျေနပ်အားရကြောင်း ပြန်ပြောကြ ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွက်ရော်ဘာ လက်အိပ် အဓိက၀ယ်ယူတင်သွင်း ပေးနေတဲ့ ကုန်သွယ်ရေး ၀န်ကြီးဌာနကတော့ အောင်စိန်သွား မေးတိုင်း ပြန်ဆက်သွယ် ပါမယ်လို့ ပြောတာနှစ်အတော်ကြာနေပါပြီ။

နောက်ဆုံးတော့ အောင်စိန် အဖြေရသွားပါပြီ။ မြန်မာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက အောင်စိန်ဆီက ရောဘာလက်အိပ်တွေ ကို မြန်မာကျပ်ငွေနှင့်ဝယ်ယူရင်၊ အစိုးရက သူတို့ ကုန်သွယ်ရေးဝန်ကြီးဌာန ဘက်ဂျက်အတွက် ပေးမည့် ရောဘာလက်အိပ် တင်သွင်းရမဲ့ ဒေါ်လာ (FECs) တွေလျှော့သွားမှာစိုးလို့၊ ပြန်ခေါ်မယ်ဆိုပြီးနှစ်အတန်ကျော် အောင်စောင့်ဆိုင်း ထားခဲ့တာလို့ ဆိုတယ်။ ၀န်ကြီးဌာနတွေမှာ ရှိကြတဲ့ ဘိုးတော်ကြီးနှင့်ဘိုးတော်လေးတွေ ( ၀န်ကြီးနှင့် ဒုဝန်ကြီးတွေ)၊ ညွှန်ချူပ်တွေ၊ ဦးဆောင်ညွှန်ကြားရေးမှူး တွေဟာ၊ ဒီ ဒေါ်လာ (FECs)ပေါ်မူတည်ပြီး သူတို့ပိုင်ဆိုင်တဲ့ကျပ်ငွေတွေကို ဒေါ်လာငွေအဖြစ် ပြုလုပ်နေသလို၊ ၀န်ကြီးဌာနမှာ ဒေါ်လာ (FECs) မရှိယင် အခြားဝန်ကြီးဌာနတွေအောက်မှာ မျက်နှာ ငယ်တောင်းခံကြရမှာ ဖြစ်သလို၊စစ်ဆေးခံယူရမူ့တွေကိုလည်းကြောက်နေကြတယ် လို့ဆိုတယ်။

မြန်မာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံခြားက ရောဘာလက်အိပ် သန်းနဲ့ချီ များများ တင်သွင်းရလေ၊ သူတို့ဝန်ကြီးဌာနအတွက် ပိုမို ဒေါ်လာ (FECs) တွေရလေမို့၊ အောင်စိန် ကို ရောင်းချ ခွင့်မပေးခဲ့တာ လို့ဆိုတယ်။ ဘိုးတော်ကြီးနှင့်ဘိုးတော်လေးတွေ ( ၀န်ကြီးနှင့် ဒုဝန်ကြီးတွေ)၊ ညွှန်ချူပ်တွေ၊ ဦးဆောင်ညွှန်ကြားရေးမှူး တွေကောင်းစားလာလေ၊ ပြည်သူတွေက မျက်ဖြူဆိုက်လေလို့ဘဲ အောင်စိန်ပြောချင်တော့တယ်။

အောင်စိန် ကောင်းကောင်းကြီးသဘောပေါက်သွားပြီး။ မြန်မာပြည်မှာရှိတဲ့ ၀န်ကြီးဆိုသူ တွေဟာ သူတို့ ခေါင်းဆောင် ဗိုလ်ချူပ်ကြီးတွေလိုဘဲ၊ အိမ်မှာတောင် ဘာဖြစ်လို့ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ပစ္စည်းတွေ (Made in Burma ) ကို အိမ်သာသုံး ချီးကုန်းစက္ကူကအစ မသုံးကြတာ လည်းဆိုတာပါဘဲ။

အခုအောင်စိန် နောင်တရသွားပြီး။ အောင်စိန် ဆရာဝန်ပြန်လုပ်တော့မယ်။

(မြန်မာနိုင်ငံသတင်းတွေ၊ ဆောင်းပါးတွေကို သတင်းတွေ၊ရုပ်မြင်သံကြားအစီအစဉ်တွေမှာ ကြားနေရသလို၊ အခုတော့ စာသင်ခန်းတွေမှာ ကျောင်းသူကျောင်းသားတွေရဲ့ ဆွေနွေးစရာကြောင်းအရာတွေဖြစ်လာနေပါပြီ။ "Aung Sein: An Entrepreneur in Myanmar" Comprehensive Case Study ဆောင်းပါး ကိုဆီလျှော်အောင်အတက်နိုင်ဆုံး နှင့် အတိုချုံး ပြန်ဆိုထားသည်။ ဒီ Case Study ဆောင်းပါး ကို ရှာလော့ မြို့ မြောက်ကိုင်ရိုလိုင်နား တက္ကသိုလ်က ပေါ်မောက္ခ ရောဘတ် ဟောနဒေးက စာသင်ခန်းတွင်းဆွေးနွေးမူ့ (The Global Ethical Problems ) အကြောင်းအရာတခု အဖြစ် ရည်ရွယ်ရေးသားခဲ့ပါသည်။ အမှားရှိလျှင် ဘာသာပြန်သူ၏ အမှားသာဖြစ်ပါသည်။ လူ၊ မြို့ ရွာ နံမည်များကိုပြောင်းလွှဲ သုံးနှုန်း ထားပါသည်။ )

No comments :