ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ ၀န်ကြီးအစည်းအဝေးမှာ ဆန္ဒပြတောင်းဆိုကြရေး ပြုလုပ်ကြရန် တိုက်တွန်းချက်
( ၁ ) မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ စိုးရိမ်စိတ်များမှာ လက်တွေ့မဆန်ကြောင်း သိသာနိုင်ကြပါပြီ။ ကုလသမဂ္ဂမှပင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များတို့လည်း အဓိပ္ပါယ်မဲ့စွာ အလုပ်မဖြစ်ဘဲ
တာဝန်များပြီးဆုံးသွားကြဖူးပါပြီ။ ယခုအချိန်တွင် ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းလိုက်ပြီးပါတော့သည်။
ထို့ကြာင့် နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကို အေးအေးဆေးဆေးကျင်းပပါတော့မည်။ ပြိုင်ဘက်မရှိ အနိုင်ယူရန် အားလုံးပြင်ဆင်စီစဉ်ထားပြီးပြီဖြစ်၍ အရပ်သားအစိုးရကို ဖွဲ့စည်းပါတော့မည်။ သို့ဖြစ်၍ပြည်သူတရပ်လုံး
စစ်ကျွန်ဘ၀သို့ လုံးဝရောက်ရှိသွားရန်သာ ရှိပါတော့သည်။
( ၂ ) မြန်မာနိုင်ငံအား စစ်ကျွန်ဘ၀မှ လွပ်မြောက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရတို့အား ပြင်းပြင်းထန်ထန် တင်ပြတောင်းဆိုရပါတော့မည်။ နိုင်ငံတကာမှ ယုံကြည်ထင်မှတ်ထာေးသာ ၂၀၁၀ ရွေးကောက်ပွဲ၌
ပါတီပေါင်းစုံပါဝင်ရေး လူပေါင်းစုံပါဝင်ရေးဆိုသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်းဆိုချက်များ မဟုတ်ကြောင်း ပေါ်လွင်အောင်ရှင်းလင်းပြရန် လိုအပ်နေပါသည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်
ဖေါ်ရန်သာအလိုရှိကြောင်း သိသာစေရန်လိုအပ်ပါသည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲအား မြန်မာနိုင်ငံသူနိုင်ငံသားတို့မှာ လုံးဝသပိတ်မှောက်ကြောင်း ကြေညာချက်ထုတ်ပြန်ရန် လိုအပ်နေပါပြီ။
( ၃ ) သို့ဖြစ်၍ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ဝင် ၀န်ကြီးများ အစည်းအဝေးကို စက်တင်ဘာလ ၂ရ ရက်နေ့တွင် နယူးယောက်မြို့ ရှိ ကုလသမဂ္ဂရုံးတွင် ကျင်းပရန်
ရှိနေပါပြီ။ မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်၍ ကုလသမဂ္ဂမှ စိုးရိမ်စိတ်များ ရှိနေခြင်းအပေါ်လက်တွေကျကျ သုံးသပ်ဆောင်ရွက်နိုင်ရန် ဒီမိုကရေစီအတိုက်အခံ အင်အားစုများက တောင်းဆိုတိုက်ပွဲ ၀င်ကြရန် အထူးလိုအပ်နေပါပြီ။
ယင်းကဲ့သို့တောင်းဆိုတိုက်ပွဲဝင်ကြသည့်အခါ ကုလသမဂ္ဂအပေါ် ထိရောက်သော ကမ္ဘာ့လှုပ်ရှားမှူအဖြစ် ပြုလုပ်ကြမည် ဆိုပါက ယခုအချိန်တွင် အမှန်တကယ်လိုအပ်နေပါပြီ။
( ၄ ) အဓိကတောင်းဆိုချက်များမှာ အောက်ပါအတိုင်း ပြုလုပ်ရန်လိုအပ်ကြောင်း ထင်မြင်ယူဆပါသည်။
( ၁ ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ လက်တွေ့ကျသော ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များကို အမြန်ဆုံး အကောင်အထည်ဖေါ်ဆောင်ရေး။
( ၂ ) လူ့အခွင့်အရေးချိုးဖေါက်များအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းရေး။
( ၃ ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ။ အခြားထင်ရှားသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းမည့် ကြားဖြတ်အရပ်သားအစိုးရအား အသိအမှတ်ပြုပေးရေး။
( ၄ ) နိုင်ငံရေးအကျဉ်းသားများအား မည်သည့်နေ့ကို နောက်ဆုံးထားပြီး လွှတ်ပေးရေး နှင့် မလွှတ်ပေးက ကုလသမဂ္ဂမှ အကြပ်ကိုင် ဖိအားပေးပြီး ချက်ချင်းလွပ်မြောက်စေရေး။
သို့ဖြစ်ပါ၍ လာမည့်စက်တင်ဘာလ ၂ရ ရက်နေ့တွင် နိုင်ငံတကာရှိ ကုလသမဂ္ဂရုံးရှေ့၌ ဒီမိုကရေစီအတိုက်အခံများက တနေ့တာအစာငတ်ခံ ဆန္ဒပြတောင်းဆိုပွဲကို ပြုလပ်ကျင်းပကြစို့ဟု လေးနက်စွာ တိုက်တွန်း နိုးဆော် လိုက်ရပါသည်။
နိုင်ငံတကာရှိ ဒီမိုကရေစီအတိုက်အခံများသို့ တိုက်တွန်းနိုးဆော်သူ
ခိုင်အောင်ကျော် ( နယူးယောက် )
စက်တင်ဘာလ ၁၆ ရက် ၂၀၁၀
Thursday, 16 September 2010
Subscribe to:
Post Comments
(
Atom
)
8 comments :
ဦးခိုင်အောင်ကျော်တို့ကတော့ စံပဲ....တောပြော တောင်ပြောနဲ့..ကိုယ့်ဆရာက Brooklyn မှာအိမ်ဝယ်တော့မယ်...အထဲက လုပ်ဖော်ကိုင်ဖက်တွေကိုကြတော့ အင်းစိန်ပို့နေတာလား.....စကားလုံးတွေက လှပါတယ် ..အစိုးရဖွဲ့ပါတဲ့...ကိုယ့်ဆရာ ကိုယ်တိုင် ပြည်တွင်းပြန်ဝင်ပြီး NLD က ဘိုးတော်ကြီးတွေနဲ့ လက်တွဲပြီး အစိုးရသွားဖွဲ့ပါလား...
Post a Comment