Tuesday, 7 September 2010

အလောင်းကိုဖျောက်ဖျက်ခြင်းခံလိုက်ရတဲ့ပဲခူးမြို့ နအဖစစ်တပ် အကြမ်းဖက်လူသတ်မှုနောက်ဆက်တွဲ

နအဖ စစ်တပ်မှ လက်နက်ကိုင် အကြမ်းဖက် သမားများတိုက်ခိုက် ပစ်ခတ် ပြီးနောက် 
လမ်းပေါ်တွင် ကျနေသည့် ကျဉ်ဆန်ခွံများ ဤသို့တွေ့ရစဉ်။
ဟိန်းခိုင်ထွန်း -Freedom News Group

စစ်တပ် မှ ပစ်သတ် ၍ စနေ နေ့ ညကသေဆုံးသူ လူငယ်နှစ်ဦးဖြစ်သည့်ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်း မြလမ်းတွင် နေထိုင်သူ မောင်စိုးပိုင်ဇော် အသက် (၁၉) နှစ်နှင့် မင်္ဂလာလမ်းတွင်နေထိုင်သူ မောင်အောင်သူဟိန်း အသက် (၂၃) နှစ်တို့ ၏ ရုပ်အလောင်း များကို စက်တင်ဘာ လ ၉ ရက် အင်္ဂါနေ့ နေ့ လည် ၁၂ နာရီ ခွဲ တွင် မီးသဂြိ င်္ုလ် လိုက်ပြီ ဖြစ်သည်။

သေဆုံးသူ နှစ်ဦး ၏ ရုပ် အလောင်းများ ကို မိသားစု ၀င်များ ပင် တွေ့ ခွင့် မရှိ ဘဲ မီးသဂြိ င်္ုလ်ခြင်းခံရခြင်း ဖြစ်သည်။ ပဲခူး အထွေထွေ ဆေးရုံ ကြီး မှ ကျမ္မာရေး လုပ်သား တစ်ဦး ကမူ အခေါင်းထဲတွင်အလောင်း မရှိ တော့ ကြောင်း ဖျောက်ဖျက် ပြီး ဖြစ်သည် ဟု Freedom News Group သို့ ပြောသည်။

Updated: ဆင်ဖြူကွင်း သုသာန် မှ ရွှေ မော်ဓော ဘုရား သို့ ပြည်သူများ ချီတက်မည်

Updated: အင်းတကော်တွင် လူ ၇၀ ခန့် ကို ဖမ်းဆီးထား

Updated: ရွှေမော်ဓော ဘုရားအနီး တွင် စစ်ကားများ ဖြင့်လမ်းများ ပိတ်ဆို့ ထား

Updated: သန်းရွှေ မရှိခိုက် အာဏာသိမ်းပြီး စစ်တပ် ကို အပြောင်းအလဲ လုပ်ရန် လှုံဆော်စာများ ရန်ကုန်
မြို့တော်ခန်းမ ရှေ့ တွင်ဝေ (နေ့ လည် ၁၂း၀၀ နာရီ )

Updated: ရုပ်ကလပ် များ အနီးတွင် စစ်သားများ က အသင့် နေရာယူထား အလောင်းလုရန်
ကြံစည်မှု များ မလုပ်ရန် စစ်တပ်က ဆရာ တော် တစ်ဦး ကို ထိန်းခိုင်းသည် ဟု ကြားရ

Updated: နိုင်ငံခြား သံတမန် ၈ ဦးက အသုဘ အခမ်းအနား အားလိုက်ပါပို့ ဆောင်ရန် အသင့်
ဖြစ်နေ

Updated: ဆေးရုံကြီး မှ အလောင်း စတင် ထုတ်ချိန် ပြည်သူ ကို ကိုက်တဲ့ စစ်ခွေး အလို မရှိ
ဆိုသည့် စာများ ဝေငှ

Updated: နိုင်ငံခြား သံတမန် များ ပဲခူးမြို့ သို့ ရောက်ရှိ




4 comments :

Anonymous said...

သံတမန်တွေနဲ့ သာမာန်လူတစ်ယောက်သေတဲ့ကိစ္စတွေက ဘယ်လိုပါတ်သတ်လို့လဲ?

Anonymous said...

ပတ်သတ်တာပေါ့..စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှု့ကို..သိချင်လို့ လာကြည့်တာပေါ့..စစ်ရာဇ၀တ်ခုံရုံးတင်ဘို့လည်း ..အထောက်အထားလေးတွေရတာပေါ့

Anonymous said...

ကောလဟာလတွေ။ ဘာမှမဖြစ်ဘူး။

Anonymous said...

နအဖ ဖက်ကပြောနေတဲ့ကောင်ကိုလီးပဲ။ ဘယ်သူလဲသိရင်မျိုးတုန်းမယ်။