Thursday, 30 September 2010

ဆရာတော်ဦးပညာစာရ ကို မတရား အမိန့် ချ


နအဖ က  ဆရာတော် ဦးပညာစာ ရ ကို ထောင် ၈ နှစ် ၃ လ မတရား ထောင်ချလိုက်ပြီ ။ နအဖ စစ်တွေ တရားရုံးမှ ဆရာတော်အား ပြစ်မှုမျိုးစုံဖြင့် မတရား ထောင်ချလိုက်ပါတယ်။ အမှုကို လူထုရှေ့ မှောက်မှာ စီရင်ခြင်းမရှိပါဘူး။ ဆရာတော်က သူ့ အမှုကို မတရား သဖြင့်စွပ်စွဲတာကို ခေါင်းငုံမခံပဲ ပြည်သူလူထု ရှေ့ မှောက်မှာ စစ်ဆေးပါ။ သူတကယ် ပြစ်မှု ကျူးလွန်းတယ်ဆိုရင် ကြိုက်သလို အပြစ်ပေးနိင်တယ်လို့ တရားရုံးကို စိန်ခေါ် ထွက်ဆို ခဲ့ပါတယ်။ တကယ်က ဆရာတော်ဟာ ဆင်းရဲနွမ်းပါးသူများ ၊ကလေးသူငယ်များအတွက် လူမှု ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ သဖြင့် ရခိုင် ပြည်သူ လူထုရဲ့  ကြည်ညို ထောက်ခံအားပေးမှု ရရှိခဲ့ပါတယ်။  ဆရာတော် ဟာ ယခု စစ်တွေထောင် တွင် ထောင်သွင်းအကျဉ်းကျခံခဲ့ရပြီဖြစ်ပါတယ်။   နအဖ ရဲ့  မတရားလုပ်ရပ်တွေ  ခေါင်းငုံမခံပဲ  တိုက်ပွဲဝင်ကြဖို့  ရခိုင် လူငယ်များ ကို တပ်လှန့် လိုက်ပါတယ်။


No comments :