မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် စစ်ကိုးပင်ရွာနေဦးဇော်ကြီး ဒေါ်ချိုတို့ရဲ့ အသက် ၁၃ နှစ်အရွယ် သမီးလေး မပြည့်ဇော်ချိုကို ပြီးခဲ့တဲ့ရက်အတွင်း က မကွေးတိုင်း မိကျောင်းရဲ အခြေစိုက် ခလရ (၈၃)မှ တပ်သားတဦးဗလက္ကာရပြုကျင့်ရင်းထိုးကြိတ်ရိုက်နှပ်ခဲ့ရာ လက်တစ်ဖတ်တွင်းပြင်းထန်သော ဒဏ်ရာ
ရရှိထားပြီး မျက်လုံးတစ်ဖက် ဖူးယောင် နေသဖြင့် ယခု မကွေးမြို့ ဆေးရုံကြီးတွင်းဆေးကုသခံနေရကြောင်း သတင်းရရှိပါသည်။
၃-၉-၂၀၁၀ နံက်ပိုင်းတွင် မပြည့်ဇော်ချိုသည် ၄င်းတို့  မိသားစုပိုင် ဆိတ်များအား ရွာပြင်တွင် ဆိတ်ကျောင်းထွက်နေစဉ် ခလရ (၈၃ ) တပ်သားတဦးကဆိတ်ကျောင်းနေရာသို့ လာရောက်၍ သားမယားအဖြစ်ပြုကျင့်သွားခြင်းဖြစ်ပါသည်။
ဤကဲ့သို့  စစ်တပ်တွင်းမှ မုဒိန်းမှု များကို နေရာဒေသအသီးသီးတွင် ပုံစံမျိုးစုံဖြင့် ကျူးလွန်နေကြသည်ကို ဥပဒေကြောင်းအရာ တစ်စုံတရာအရေးယူခြင်း မရှိ ပဲ ကျူလွန်စော်ကားခံရသည့် မိသားစုဝင်များကိုပါနည်းပေါင်းစုံနှင့် ခြိမ်းခြောက်နေသည်ကို ကြားသိရပါသည်။
ပဲခူးမြို့  ပစ်ခတ် သတ်ဖြတ်မှု နှင့် ယခု မကွေးတိုင်း မုဒိန်းမှု တို့ သည် ၂၀၁၀ ရွေးကောက်ပွဲ ပြီး လျှင် စစ်အုပ်စုလျောက်လှမ်းမည့် ပထမဆုံးသော ခြေလှမ်းဖြစ်သည် မှာယုံမှားဖွယ်ရာမရှိသဖြင့် မိမိ တို့ ၏ သမီးငယ် ညီမငယ်များ ဇနီးမယား များ ၏ လူနမှုဘ၀ မှာ လုံခြုံ စိတ်ချရနိုင်မှု မရှိပဲ ယနေ့ အခြေအနေထက်ဆိုးဝါးဖွယ်သာဖြစ်သည်။သို့ အတွက်ကြောင့်ယခု စစ်အုပ်စု၏ အဓမ္မပြုကျင့် နေမှုများအား လူထုကပါ ၀ိုင်းဝန်း၍ ပြင်းပြင်းထန်ထန် ကန့် ကွက် ဆန့် ကျင်ကြရန် အထူးလိုအပ် ပါသည်။
စစ်အုပ်စု၏အပေါင်းပါများသည် ပြည်သူများကို ဖက်စစ်ဆန်ဆန်ကျူးလွန်နေမှုများအား မိဘပြည်သူများက မိမိ တို့ နှင့် အတူပူးပေါင်း၍ ဖက်စစ် စစ်အုပ်စု အား အပြီးတိုင် တွန်းလှန် တိုက်ထုတ်ကြပါစို့  ။
Monday, 13 September 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment